Ads (728x90)

Photo: ၀က်စ်ဟမ်းတိုက်စစ်မှူး ကာရိုး ခြေဖ၀ါး ဒဏ်ရာကြောင့် အနားယူရဖွယ်ရှိ

ဝက်စ်ဟမ်းအသင်း၏ စံချိန်တင် ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူထားခဲ့သည့် တိုက်စစ်မှူး အန်ဒီကာရိုးသည် ခြေဖ၀ါးဒဏ်ရာ ရရှိခဲ့ခြင်းကြောင့် ကာလမည်မျှ အနားယူရမည်ကို မသိရှိသေးကြောင်း၊အထူးကု ဆရာဝန်က စစ်ဆေးပြီးမှသာ အနားယူရမည့် ရက်အတိအကျကို သိရှိရမည် ဖြစ်ကြောင်း ၀က်စ်ဟမ်းအသင်းက တရားဝင် အတည်ပြု ကြေငြာသွားသည်ဟု့ ယူရိုစပို့ သတင်းအရ သိရသည်။

ဝက်စ်ဟမ်း အသင်းသည် အဆိုပါ အင်္ဂလန် လက်ရွေးစင် တိုက်စစ်မှူး ကာရိုးကို ပြီးခဲ့သည့် ရာသီက လီဗာပူးလ် အသင်းမှ အငှားဖြင့် ခေါ်ယူပြီးနောက် ယခုနွေရာသီတွင် ကလပ်၏ စံချိန်တင် ပြောင်းရွှေ့ကြေး တစ်ရပ်ဖြစ်သည့် ပေါင်(၁၅.၅)သန်း အပြင် ပွဲထွက် ကစားခွင့်အပေါ် မူတည်ပြီး နောက်ထပ် ပေါင်(၂)သန်း ပေးချေရမည့် သဘောတူညီချက်ဖြင့် ခေါ်ယူခဲ့သည်။

ကာရိုးသည် ခြေဖနှောင့် ဒဏ်ရာကြောင့် ယခုရာသီ ၀က်စ်ဟမ်း အသင်းတွင် ပွဲထွက် ကစားနိုင်ခြင်း မရှိခဲ့ပဲ၊ ယနေ့ လေ့ကျင့်ရေး အစီအစဉ်တွင် ယခုကဲ့သို့ ညာဖက်ခြေဖ၀ါး ဒဏ်ရာ ထပ်မံ ရရှိခဲ့ပြန်သည်။

Admin Team

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...