Ads (728x90)

Photo: ကမ္ဘာ့ဖလား ခြေစစ်ပွဲ မအောင်ပါက အင်္ဂလန် နိုင်ငံ၏ စီးပွားရေး  ပေါင်(၂)ဘီလီယံမျှ ဆုံးရှူံးနိုင်

ယခု ကမ္ဘာ့ဖလား ခြေစစ်ပွဲ ၀င်နေသော အင်္ဂလန် အသင်းအနေဖြင့် အကယ်၍များ ခြေစစ်ပွဲ မအောင်မြင်ခဲ့ပါက အင်္ဂလန်နိုင်ငံ၏ စီးပွားရေးမှာ ပေါင်(၂)ဘီလီယံထိ့ ဆုံးရှူံးနိုင်ကြောင်း သိရသည်။

ဗြိတိန် လက်လီ လုပ်ငန်းရှင်များ အသင်း၏ တာဝန်ရှိသူ တစ်ဦးက အကယ်၍ အင်္ဂလန်အသင်းသာ ကမ္ဘာ့ဖလား ၀င်ရောက်ခွင့် လက်လွတ်ခဲ့ရလျင် နိုင်ငံ၏ စီးပွားရေးမှာ ဘက်ပေါင်းစုံမှ ထိ့ခိုက်လိမ့်မည် ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

ထိုမျှမက အင်္ဂလိပ် ဘောလုံး အဖွဲ့ချုပ် အက်ဖ်အေမှာလည်း ၀င်ငွေအရ ဆိုးရွားစွာ ထိခိုက်လိမ့်မှာ ဖြစ်ပြီး၊ ဆုကြေးများ၊ စီးပွားရေးရာများ၊ စပွန်စာကြေးများ အစရှိသဖြင့် ပေါင်သန်း(၅၀၀) ၀န်းကျင်မျှ ဆုံးရှူံးလိမ့်မည် ဖြစ်သည်။

ထို့အပြင် နိုင်ငံအတွက် အဓိက ထိ့ခိုက်နိုင်သည့် လုပ်ငန်းများမှာ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများ၊ စားသောက်ဆိုင်နှင့် ဘားဆိုင်များ၊ လက်လီဈေးကွက်နှင့် စူပါမားကက်များ၊ စာအုပ်ထုတ်ဝေရေး လုပ်ငန်းများ၊ လေကြောင်းလိုင်းနှင့် ရုပ်သံ ထုတ်လွှင့်ရေး လုပ်ငန်းတို့ ဖြစ်ကြောင်း သိရသည်။

သို့သော်လည်း Group(H) တွင် ကျရောက်နေသော အင်္ဂလန်အသင်းသည် လက်ရှိအချိန်တွင် မနေ့က ယူကရိန်း အသင်းကို အဝေးကွင်း၌ ဂိုးမရှိ သရေ ကစားခဲ့ပြီး၊ ရမှတ်(၁၆)မှတ်ဖြင့် အုပ်စုတွင်း ဇယားထိပ်ဆုံးတွင် ရပ်တည်နေကာ ခြေစစ်ပွဲ အောင်မြင်ရန် အခြေအနေ ကောင်းနေပြီး၊ အုပ်စုဒုတိယနေရာမှ ယူကရိန်းအသင်းက ရမှတ်(၁၅)မှတ်ဖြင့် အသီးသီး ရပ်တည်နေကာ အုပ်စု ပွဲပြီးဆုံးရန် ပွဲစဉ်(၂)ပွဲသာ ကျန်ရှိနေတော့ကြောင်း သိရသည်။

Admin Team

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...