Ads (728x90)

Photo: အီဗရာရဲ့ ဖာဂူဆန် စတိုင် ခပ်ပြင်းပြင်း မှာကြားချက်များကြောင့် အနိုင်ရခဲ့တဲ့ ပြင်သစ်အသင်း

ပြီးခဲ့တဲ့ ရက်ပိုင်းက ကမ္ဘာ့ဖလား ခြေစစ်ပွဲဝင်နေတဲ့ ပြင်သစ်အသင်းဟာ ဘီလာရုအသင်းကို ပထမပိုင်းမှာ (၁-၀)နဲ့ ရှူံးနိမ့်နေပေမယ့် Half Time အနားရချိန် အ၀တ်လဲခန်းထဲ၌ ပက်ထရစ်အီဗရာ၏ ဖာဂူဆန် စတိုင် ခပ်ပြင်းပြင်း လှူံ့ဆော်စကားများကြောင့် အသင်းသားများ စိတ်ဓါတ် တက်ကြွခဲ့ပြီး ဒုတိယပိုင်း ပြန်ကစားရာမှာ ပြင်သစ်အသင်းက (၄-၂)ဖြင့် အနိုင်ရခဲ့သည်ဟု့ Mirror သတင်းက ဖော်ပြထားသည်။

အီဗရာသည် ယခင်က ပြင်သစ်အသင်း ခေါင်းဆောင် တစ်ယောက် ဖြစ်ခဲ့ပေမယ့်လည်း ပြသနာများတက်ခဲ့ကာ (၂၀၁၀) ကမ္ဘာ့ဖလား ပွဲပြီးနောက် အသင်းခေါင်းဆောင် အဖြစ်မှ ဖယ်ရှားခံခဲ့ရသည်။

ဘီလာရုအသင်းနှင့် ရင်ဆိုင်ခဲ့ရသည့် ပွဲစဉ်တွင်လည်း အီဗရာမှာ ပါဝင် ကစားနိုင်ခြင်း မရှိခဲ့သော်ငြားလည်း ပြင်သစ်အသင်း ရှူံးနိမ့်ချိန်နေချိန်မှာ အသင်းသားများ စိတ်အားတက်လာစေရန် ရည်ရွယ်၍ ယခုကဲ့သို့ ဖာဂူဆန် စတိုင် မိန့်ခွန်းများ မွက်ကြား၍ ပြင်သစ်အသင်းကို အထောက်အကူပြု ပေးခဲ့ကြောင်း ပြင်သစ်အသင်းသား အတော်များများက ပွဲအပြီးမှာ ဖွင့်ဟ ပြောဆိုခဲ့ပါတယ်။

ရီဘာရီက "ကျွန်တော်တို့အတွက် ထူးခြား ဆန်းကြယ်တဲ့ ပွဲတစ်ပွဲဖြစ်ခဲ့ပါတယ်၊ အထူးသဖြင့်တော့ Half Time အချိန်မှာပေါ့၊ အဲ့ဒီအချိန်မှာ အီဗရာဆီက အစစ်အမှန် စကားတွေ ကြားခဲ့ရပြီး၊ အသင်းအတွက် ကောင်းမွန်တဲ့ အရာတွေ အများအပြား ဖြစ်ပေါ်စေခဲ့ပါတယ်၊ သူက ကျွန်တော်တို့ အသင်းအနေနဲ့ အုပ်စုတွင်း ဒုတိယနေရာမှာ ရပ်တည်ချင်တယ် ဆိုရင်တော့ ကျွန်တော်တို့ဟာ ခြားနားတဲ့ သွင်ပြင်တွေကို ပြသရမယ်လို့ မှာကြားခဲ့ပါတယ်" ဟု့ပြောဆိုခဲ့ကာ ရီဘာရီက ထိုပွဲမှာ (၂)ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။

အိုလီဗာဂျီးရော့ဒ်က "အီဗရာက ကျွန်တော်တို့တွေကို စိတ်ဓါတ်အားတက်စေရန်အတွက် ဒေါနဲ့မာန်နဲ့ စကားအချို့ ပြောကြားခဲ့တာကြောင့် ကျွန်တော်တို့အားလုံး စိတ်အားတက်ကြွစွာနဲ့ ကစားကွင်းထဲကို ပြန်သွားနိုင်ခဲ့ပါတယ်" ဟု့ ပြောကြားခဲ့သည်။

Lloris လောရစ်က "Half Time အချိန်အတွင်း အ၀တ်လဲခန်းထဲက စကားတစ်ချို့ကြောင့် ကျွန်တော်တို့အသင်း ဒုတိယပိုင်းမှာ ပုံစံကောင်းတွေ ပြန်လည် ရရှိခဲ့ပါတယ်၊ အီဗရာက ကစားသမားတွေကို စကားလုံးတွေ မိန့်ခြွေခဲ့ပါတယ်၊ အီဗရာဟာ ကျွန်တော်တို့နဲ့အတူ ပွဲထွက် မကစားနိုင်တာတောင်မှ သူဟာ ကျွန်တော်တို့အတွက် တစ်ကယ့်ကို ခေါင်းဆောင် တစ်ယောက် ဖြစ်ပါတယ်" ဟု့ ပြောကြားခဲ့သည်။

ပြင်သစ်အသင်းသည် အုပ်စု(I)အတွင်း (ရ)ပွဲကစား ရမှတ်(၁၄)မှတ်ဖြင့် ဇယား ဒုတိယနေရာတွင် ရပ်တည်နေပြီး စပိန်အသင်းက (၆)ပွဲကစား ရမှတ်(၁၄)မှတ်ဖြင့် ဇယားထိပ်တွင် ရပ်တည်လျက် ရှိသည်။

Admin Team

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...