Ads (728x90)




♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦
♦♦♦♦♦♦♦♦

အပစ်အခတ်ရပ်စဲရေးကာလတွင် ပူတာအို ခရိုင်ထဲမှာ KIA က ဆက်ကြေးကောက်တာကို သတင်းရလို့ မချမ်းဘောက ခလရ ၁၃၇ လိုက်သွားတဲ့ တပ်မှ အင်အား ၁၄ ယောက်ကို KIA က ရက်ရက်စက်စက် ခေါင်းဖြတ် သတ်လိုက်တဲ့ သတင်း အင်တာနက် စာမျက်နှာတွေပေါ် ကျယ်ကျယ်ပြန့်ပြန့် ပျံနှံ့လာပြီးတဲ့ နောက်မှာ အစိုးရ တပ်မတော် က ကေအိုင်အေ ဌာနချုပ် လိုင်ဇာကို ထိုးစစ်ဆင်တော့မယ်လို့ မြစ်ကြီးနား စစ်ဌာနချုပ် အသိုင်းအ၀ိုင်း နဲ့ နီးစပ်သူတွေက ယခုပဲသတင်းပေးပို့လာပါတယ်။
ကေအိုင်အေ ရဲ့ ဖမ်းဆီးမိတဲ့ စစ်ပွဲသုံ့ပန်းအပေါ် ရက်ရက်စက်စက် လည်ဖြတ် ၊ ဗိုက်ခွဲ သတ်တဲ့အပေါ် တပ်မတော် အသိုင်းအ၀ိုင်းတစ်ခုလုံး က ပြင်းပြင်းထန်ထန် ရှုတ်ချပြီး ကေအိုင်အေ ကို အပြတ်တိုက်ဖို့အတွက် ပြင်ဆင်ဖို့ အမိန့်ပေးလိုက်တာပဲ ဖြစ်တယ်လို့ မြစ်ကြီးနား တပ်မတော် နှင့် နီးစပ်ရာအသိုင်းအ၀ိုင်းကဆိုပါတယ်။

ကေအိုင်အေ လိုင်ဇာ ဌာနချုပ်ကို တိုက်ခိုက်သိမ်းပိုက်ဖို့အတွက် တပ်မ (၄)မနဲ့စကခ (၃)ခုတို့ ကို ပူးတွဲတာဝန်ပေးသွားလိမ့်မယ်လို့ လည်းသိရပါတယ်။ ဒီစစ်ဆင်ရေးမှာ တပ်မ (၈၈) နဲ့ တပ်မ (၃၃) စတဲ့တပ်မတွေကို ထုတ်သုံးသွားမယ့်အပြင် မြေပြင်ပစ် ဒုံးတပ်နှင့် သံချပ်ကာတပ်မများကိုလည်း ၂၄ နာရီအတွင်း တိုက်ပွဲဝင်နိုင်ဖို့ အသင့်ပြင်ဆင်ထားရန် ညွှန်ကြားထားတယ်လို့ သိရပါတယ်။ဒီလိုထိုးစစ်ဆင်မယ့် အစီအစဉ်အပေါ်မှာလဲ ပြည်သူတွေ က ထောက်ခံမှုတွေ ဟာ ယခင်ကထက် ရာခိုင်နှုန်းမြင့်လာတာကိုတွေ့ရပါတယ်။

ဒီအခြေအနေ မှာ ကေအိုင်အေ ရဲ့ လုပ်ရပ်ဟာ ကချင်တိုင်းရင်းသားတွေ အပေါ် တိုင်းရင်းသားတွေ အပေါ် ဆိုးကျိုးသက်ရောက်ဖို့များနေပြီး စစ်ဘေးဒုက္ခသည် အရေအတွက် မြင့်တက်လာနိုင်တယ်လို့ ခန့်မှန်းသူတွေ လဲ ရှိနေပါတယ်။

From >>> Shwe New 

မွတ်စလင် မုန်း သူ shared Phay Sit Gyi's photo.
 


အားလုံး မျှော်လင့်နေတဲ့ သတင်းလို့ ထင်ပါတယ် ။ မျှော်လင့်နေတဲ့ တပ်မ ၈၈ / ၃၃ လက်စွမ်းပြတော့မယ် ။ ဒုံးတပ် နဲ့ သံချပ်ကာ တွေပါမယ် ။

တိုက်ပွဲ ၁ ခုရဲ့ သစ္စာကို နားမလည်တဲ့ KIA အောက်တန်းစား လက်နက်ကိုင်တို့ရဲ့ ရလဒ် ဘယ်လိုဖြစ်လာမယ်ဆိုတာ များမကြာမှီ တွေ့ရတော့မယ် .... ။

ကိုယ့်လုပ်ရပ်ကြောင့် ကိုယ့်လူမျိုး အပြင် ၁ ခြားတိုင်းရင်းသားတွေ ပါ ဒုက္ခရောက်ရတယ် ။

တရားသော စစ် ဆိုတာကို ခုဖော်ပြဖို့ ရောက်လာပြီ ။ စစ် လို့ အမည်ခံပြီး လက်နက်ကိုင် ရမ်းကားနေတဲ့ KIA ကို စစ် ဆိုတဲ့ ဝေါဟာရ အဓိပ္ပါယ်ကို တို့ တပ်မတော်က သင်ပေးလိမ့်မယ် ။

ကောင်းမွန်စွာ နာယူကြလော ...


ME™

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...