Ads (728x90)




အမေရိကန် သမ္မတ ဘားရက် အိုဘားမား နှင့် အီရန် သမ္မတ ဟတ်ဆန် ရိုဟာနီ တို့ သောကြာနေ့ တွင် ဖုန်းဆက် စကားပြော ခဲ့ကြပြီး ယင်း ကဲ့သို့ နှစ် နိုင်ငံ ထိပ်တန်း ခေါင်းဆောင် နှစ်ဦး တိုက်ရိုက် စကားပြော ဆို မှု သည် နှစ်ပေါင်း ၃၀ အတွင်း ပထမဆုံး အကြိမ် ဖြစ်ကြောင်း Reuters သတင်း တွင် ဖော်ပြ ထားသည်။

အီရန်နှင့် အမေရိကန် နှစ် နိုင်ငံကြား ဆက်ဆံရေး ပြောင်းလဲ လာခြင်း ကြောင့် ယခု ကဲ့သို့သော တိုက်ရိုက် ဖုန်းခေါ် စကား ပြောမှုများ ပေါ်ပေါက် လာခြင်း ဖြစ်ပြီး နှစ် နိုင်ငံကြား သံတမန် အဆက် အသွယ် မရှိ သည်မှာ ၁၉၇၉ ခုနစ် အီရန် တော်လှန်ရေး အပြီး ကတည်း က ဖြစ်သည်။

အမေရိကန် သမ္မတ အိုဘားမား က အီရန် နှင့် တိုက်ရိုက် ထိတွေ့ ဆက်သွယ် လိုကြောင်း အစဉ် တစိုက် ပြောကြား ခဲ့ပြီး အီရန် နျူကလီးယား အစီ အစဉ် ရပ်ဆိုင်း နိုင်ရေး အတွက် သံတမန်ရေး နည်းလမ်း များ အပြင် စစ်ရေး အရ အရေး ယူ တိုက်ခိုက်ရေး နည်းလမ်း များ ကိုလည်း ပစ်ပယ် မည် မဟုတ်ဟု ရှင်းရှင်း လင်းလင်း အသိပေး ထားသည်။

ကုလသမဂ္ဂ အထွေထွေ ညီလာခံ တက်ရောက် ပြီး အီရန် နိုင်ငံ သို့ ပြန်လည် ထွက်ခွာ ရန် လေဆိပ် သို့ ဦးတည် ထွက်ခွာ လာ ချိန်တွင် နှစ်နိုင်ငံ ခေါင်းဆောင် နှစ်ဦး တယ်လီဖုန်း ဆက်သွယ် ပြောကြား ခဲ့ ကြောင်း သမ္မတ ရိုဟာနီ ၏ တရားဝင် ဝက်ဘ်ဆိုက် တွင် ထုတ်ပြန် ထားသည်။

အီရန် နျူကလီးယား အစီအစဉ် နှင့် ပတ်သက်သည့် သဘောတူ စာချုပ် ချုပ်ဆို နိုင်ရေး လျင်မြန်စွာ အကောင် အထည် ဖော် ရန် သမ္မတ ရိုဟာနီ က ၎င်း၏ အဖွဲ့ ကို ညွှန်ကြား ခဲ့ကြောင်း အမေရိကန် သမ္မတ အိုဘားမား က သတင်းထောက် များ ကို ပြောကြား ခဲ့သည်။

“ရှေ့ဆက် တိုးနိုင်ရေး မှာ အခက်အခဲ တွေ ရှိနေမှာ သေချာ နေပါတယ်။ အောင်မြင်မှု ရရှိဖို့ အတွက် အာမခံ ချက် မရှိပေ မယ့် လည်း သဘော တူညီချက် တွေ ရရှိနိုင် တယ်လို့ ကျွန်တော် ယုံကြည် ပါတယ်” ဟု အိုဘားမား က ပြောကြား သည်။

အမေရိကန် နှင့် အီရန် ခေါင်းဆောင် နှစ်ဦး လူချင်း တွေ့ရန် သမ္မတ အိုဘားမား က မျှော်လင့် ခဲ့သော်လည်း တိုက်ရိုက် တွေ့ဆုံခြင်း ဖြင့် အီရန် နိုင်ငံတွင်း ရှိ သဘောထား တင်းမာ သူ များ ၏ ဖိအား ပေးမှုများ ရင်ဆိုင် ရနိုင် ခြင်းကြောင့် လူချင်း တိုက်ရိုက် မတွေ့ရန် အီရန် အစိုးရ အရာရှိ များက ဆုံးဖြတ် ခဲ့သည်။

နှစ်နိုင်ငံ ခေါင်းဆောင် နှစ်ဦးလုံး က နျူကလီးယား အရေး တင်းမာ မှု များကို လျင်မြန်စွာ ဖြေရှင်း လိုနေ ကြ ကြောင်း သမ္မတ ရိုဟာနီ က တယ်လီဖုန်း ပြောကြား ပြီးနောက် ထုတ်ပြန် လိုက်သည်။

ယင်း ကဲ့သို့ သော သမိုင်းဝင် တိုက်ရိုက် ဆက်သွယ် ပြောကြား မှုများ ပြုလုပ် နိုင်ခဲ့ခြင်း ကြောင့် အီရန် နှင့် အမေရိကန် ပြည်ထောင်စု ကြား တင်းမာမှု များ လျော့ပါး လာပြီး ကမ္ဘာ့ ရေနံ ဈေးနှုန်း များ သောကြာ နေ့မှ စ၍ ကျဆင်း သွားခဲ့သည်။

သို့သော် လည်း ယင်းကဲ့ သို့သော သမိုင်းဝင် တယ်လီဖုန်း ဆက်သွယ် ပြောကြား မှုကို အီရန်ရှိ သဘောထား တင်းမာ သူ များ ၏ Rajanews ကဲ့သို့ သော ဝက်ဘ်ဆိုက်များ က ထူးဆန်းပြီး အသုံးမဝင် သည့် လုပ်ရပ်များ ဖြစ်သည် ဟု ဝေဖန် လိုက်သည်။

ထို့အပြင် အီရန် သမ္မတ ရိုဟာနီ မှာ အာဏာ အနည်းငယ် သာ ရှိသည့် အစိုးရ အဖွဲ့ အကြီးအကဲ ဖြစ်ပြီး အီရန် ပြည်တွင်းရေး နှင့် နိုင်ငံခြားရေး မူဝါဒ များကို ထိပ်တန်း ခေါင်းဆောင်ကြီး အယာ တိုလာ အလီ ခါမေနီ ကသာ အဆုံး အဖြတ် ပေးခြင်း ဖြစ်သော် လည်း နျူကလီးယား အရေး စေ့စပ် ဆွေးနွေး ရာတွင်မှု သမ္မတ ရိုဟာနီ ကို အာဏာ အပြည့်အဝ ပေးထား ကြောင်း အီရန် ခေါင်း ဆောင် ခါမေနီ က ပြောကြား ထားသည်။

အီရန် နိုင်ငံ ၏ နျူကလီးယား အစီအစဉ် နှင့် ပတ်သက်၍ အမေရိကန် ပြည်ထောင်စု က အရေးယူ ပိတ်ဆို့ မှုများ ပြုလုပ် ထားခြင်း ကြောင့် နိုင်ငံတွင်း စီးပွားရေး ကျပ်တည်း မှုများ ဖြစ်ပေါ် ပြီး ပြည်သူများ ကြား မကျေနပ် ချက် များ တိုးပွား လျက် ရှိကြောင်း Reuters သတင်း တွင် ဖော်ပြ ထားသည်။

ကုလသမဂ္ဂ အထွေထွေ ညီလာခံ တက်ရောက် ရန် နယူးယောက်မြို့ သို့ ရောက်ရှိ နေစဉ် အတွင်း အီရန် သမ္မတ ရိုဟာနီ က နှစ်လိုဖွယ် ကောင်းသော သံတမန် ရေးရာ ထိုး စစ်ဆင် တိုက်ခိုက်မှု များ ပြုလုပ် နေပြီး အနောက် နိုင်ငံများ နှင့် ပုံမုန် ဆက်ဆံရေး ထူထောင် လိုကြောင်း၊ နျူကလီးယား လက်နက် များ ကို အလိုမရှိ ကြောင်း ရှင်းလင်း ပြောကြား ပြီး အရေးယူ ပိတ်ဆို့မှု များ ဖယ်ရှား ပေးပါဟု တိုက်တွန်း ခဲ့သည်။

The Voice Weekly
 

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...