Ads (728x90)

အွန်လိုင်း ပေါ်တွင် အန္တရာယ် အရှိဆုံး ဘောလိဝုဒ် သရုပ်ဆောင် အဖြစ် ပရီယန်ကာချိုပရာ သတ်မှတ် ခံရ

ဘောလိဝုဒ် အမျိုးသမီး သရုပ်ဆောင် ပရီယန်ကာချိုပရာဟာ ယခုနှစ် အတွက် အွန်လိုင်း ပေါ်မှာ အန္တရာယ် အရှိဆုံး ဘောလိဝုဒ် သရုပ်ဆောင် အဖြစ် သတ်မှတ် ခံခဲ့ ရတယ် လို့ timesofindia.com မှာ ဖော်ပြ ထားပါတယ်။

အင်တာနက် လုံခြုံရေး ကုမ္ပဏီ တစ်ခု ဖြစ်တဲ့ McAfee ကုမ္ပဏီ က ပြုလုပ် တဲ့ လေ့လာမှု တစ်ရပ် အရ ယခုနှစ် အတွင်း အိန္ဒိယ နိုင်ငံမှ အင်တာနက် သုံးစွဲသူ တွေ ကို ပစ်မှတ် ထား လိမ်ညာမှု တွေ ထဲမှာ ပရီယန်ကာချိုပရာ ရဲ့ နာမည် ကို အသုံးချ ပြီး ပြုလုပ် တဲ့ လိမ်ညာမှု တွေဟာ အများဆုံး ဖြစ် တယ် လို့ တွေ့ရှိ ခဲ့ရတာ ဖြစ်ပါတယ်။

ပရီယန်ကာချိုပရာ ရဲ့နောက်မှာ တော့ ရှရွတ်ခန်း နဲ့ ဆယ်လ်မန်ခန်း တို့က ဒုတိယ နေရာ နဲ့ တတိ ယ နေရာမှာ ရပ်တည် နေပြီး ယမန်နှစ် က အွန်လိုင်း ပေါ်မှာ အန္တရာယ် အရှိဆုံး ဘောလိဝုဒ် သ ရုပ်ဆောင် အဖြစ် သတ်မှတ် ခံခဲ့ ရတဲ့ ဆန်နီလီယွန် ကတော့ နံပါတ် ၉ နေရာ ကို ရောက်ရှိ သွား တာ တွေ့ရ ပါတယ်။ “အနုပညာ ရှင် တွေကို သူရဲကောင်း အဖြစ် ကိုးကွယ် တတ်တဲ့ အိန္ဒိယ လို နို င် ငံမျိုး မှာ ဆိုက်ဘာ လိမ်လည်မှု ကျူးလွန် သူတွေ ဟာ နာမည် ကျော် အနုပညာ ရှင် တွေရဲ့ နာ မည်နဲ့ ဖြားယောင်း ပြီး အင်တာနက် အသုံး ပြု သူတွေ ရဲ့ ပုဂ္ဂိုလ်ရေး အချက် အလက် တွေ ကို ခိုးယူ တတ် ပါတယ်” လို့ McAfee အင်တာနက် လုံခြုံရေး ကုမ္ပဏီ မှ တာဝန် ရှိသူ တစ်ဦး က ပြော ပါတယ်။

ယခု တစ်နှစ် တာ အတွင်း အွန်လိုင်း ပေါ်မှာ ချိုပရာ ရဲ့ နာမည် ကို အသုံး ပြုပြီး လိမ်လည်မှု ပြု ထား တဲ့ အင်တာနက် စာမျက်နှာ ပေါင်း ၇၉ ခု ရှိ ခဲ့ပြီး ရှရွတ်ခန်း ရဲ့ နာမည် နဲ့ လိမ်လည် ထား တာ ကတော့ ၇၅ ခု ရှိကာ ဆယ်လ်မန်ခန်း နာမည် နဲ့ကတော့ ၆၈ ခု ရှိခဲ့ ပါတယ်။

ယခုနှစ် အတွက် အွန်လိုင်း ပေါ်မှာ အန္တရာယ် အရှိဆုံး ဘောလိဝုဒ် အနုပညာ ရှင် ၁၀ ဦး ကတော့ ပရီယန်ကာချိုပရာ၊ ရှရွတ်ခန်း၊ ဆယ်လ်မန်ခန်း၊ ကရီနာကပူးရ်၊ အက်ခ်ရှေကူးမား၊ ရှိတ်ဖ်အလီခန်း၊ အမီတာဘတ်ချန်း၊ ဖာဟန်အက်ခ်တာ၊ ဆန်နီလီယွန်၊ ဟာရီသစ်ခ်ရိုရှန် တို့ပဲ ဖြစ် ပါတယ်။

The Voice Weekly

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...