Ads (728x90)

ဝက်ခြံညှစ်ပေးမှုနဲ့ ထပ်မံ အရေးယူခံရမယ့် ချယ်လ်ဆီးတိုက်စစ်မှူး တောရက်စ်..
=============================

လွန်ခဲ့တဲ့ စနေနေ့ကပွဲမှာ စပါးအသင်းက Jan Vertonghen ရဲ့ မျက်နှာကို ၀က်ခြံညှစ်ပေးမှုနဲ့ ချယ်လ်ဆီးအသင်းရဲ့ တိုက်စစ်မှူး ဖါနန်ဒိုတောရက်စ် တစ်ယောက် ၄ ပွဲပယ် ပြစ်ဒဏ် ကျခံရဖို့ အခြေအနေနဲ့ ရင်ဆိုင်နေရပါပြီ။..
 
အမှန်တော့ ဒီပြစ်မှုအတွက် ကွင်းထဲမှာတင် ဒိုင်လူကြီး မိုက်ဒိန်းက ပထမ အ၀ါကဒ်နဲ့ ပြသ အရေးယူခဲ့ပြီး ဖြစ်ပါတယ်။

ဒါကို အခုလို ထပ်မံအရေးယူဖို့ပြင်ဆင်လာတာဟာ မျှတမှု မဟုတ်ပါဘူး။..

အက်ဖ်အေရဲ့ စည်းကမ်းထိန်းသိမ်းရေး ကော်မတီလက်အောက်မှာ ဒိုင်လူကြီးဟောင်း ၃ ဦးနဲ့ ဖွဲ့စည်းထားတဲ့ စုံစမ်းစစ်ဆေးရေး ကော်မရှင်က တောရက်စ်ရဲ့ ပြစ်မှုအတွက် စုံစမ်း စစ်ဆေးမှာဖြစ်ပြီး အပြစ်ရှိတယ်ဆိုရင် ၃ ပွဲပယ် ပြစ်ဒဏ် ချမှတ်မယ်လို့ သိရပါတယ်။

မဆီမဆိုင် ထပ်မံ အပြခံရတဲ့ ဒုတိယအ၀ါကဒ် အတွက် အလိုအလျှောက်တစ်ပွဲပယ် ပြစ်ဒဏ် ကျခံရဦးမှာဖြစ်လို့ ထပ်ဆောင်းအရေးယူမှုသာ ရှိလာခဲ့ရင် စုစုပေါင်း ၄ ပွဲပယ် ပြစ်ဒဏ် ကျခံရဖို့ ဖြစ်လာခဲ့ပါပြီ...

အဲ့ဒီလို ဖြစ်လာရင် တောရက်စ်ဟာ ပရီးမီးယားလိဂ် ပွဲစဉ်တွေဖြစ်တဲ့ နောဝှစ်၊ ကာဒစ်ဖ်၊ မန်စီးတီးနဲ့ ပွဲစဉ်တွေကို လွဲချော်မှာ ဖြစ်သလို အာဆင်နယ်လ် အသင်းနဲ့ ကစားမယ့် ကပီတယ်လ်ဝမ်းပြိုင်ပွဲကိုလည်း လွဲချော်ရတော့မှာ ဖြစ်ပါတယ်။

(ဇော်လွင်ဝင်း)

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...