Ads (728x90)



ပေကျင်း

တရုတ်နိုင်ငံ ၏ ရှန်ယန်း လေယာဉ် ထုတ်လုပ်ရေး ကော်ပိုရေးရှင်း မှ ဒီဇိုင်း ရေးဆွဲထားသော J-31 ပဉ္စမ မျိုးဆက် ကိုယ်ပျောက် တိုက်လေယာဉ် များကို တရုတ်လေတပ် နှင့် ရေတပ်အတွက် မဟုတ်ဘဲ ပြည်ပ ဈေးကွက်သို့ တင်ပို့ရန် ထုတ်လုပ် သွားမည် ဖြစ်ကြောင်း တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် (PLA) ရေတပ်မှ ရေတပ်ဗိုလ်ချုပ်ကြီး Zhang Zhaozhong က ပြောကြား ခဲ့သည်ဟု စက်တင်ဘာ ၂၆ ရက် အင်တာနက် သတင်းတစ်ရပ် အရ သိရသည်။

J-31 တိုက်လေယာဉ် သည် လေယာဉ်တင် သင်္ဘောတွင် အသုံးပြုမည့် တရုတ် ရေတပ်၏ အနာဂတ် ကိုယ်ပျောက် တိုက်လေယာဉ် တစ်မျိုး ဖြစ်လာနိုင်ဖွယ် ရှိကြောင်း အမေရိကန်နိုင်ငံ အခြေစိုက် မဟာဗျူဟာ စာစောင်မှ သုံးသပ် ခန့်မှန်း ထားသော်လည်း J-31 တိုက်လေယာဉ် ကို တရုတ် လေယာဉ်တင် သင်္ဘောများတွင် အသုံးပြု သွားဖွယ် မရှိကြောင်း ၊ ချန်ဒူးလေယာဉ် ထုတ်လုပ်ရေး စက်မှု လုပ်ငန်းစုမှ ထုတ်လုပ်သော J-20 တိုက်လေယာဉ် နှင့် ကွဲပြား ခြားနားသော J-31 တိုက်လေယာဉ် သည် တရုတ်စစ်ဘက် အတွက် ရည်ရွယ် ထုတ်လုပ်ခဲ့ခြင်း မဟုတ်ကြောင်း ဗိုလ်ချုပ်ကြီး Zhang က ပြောကြားသည်။

တရုတ်နှင့် ပါကစ္စတန်တို့ ဒီဇိုင်း ပူးတွဲ ရေးဆွဲခဲ့သော FC-1/ JF-17 Xiaolong တိုက်လေယာဉ် ကဲ့သို့ပင် J-31 တိုက်လေယာဉ် သည် မြောက်ကိုရီးယား နှင့်အီရန် အပါအဝင် တရုတ် နိုင်ငံ၏ မဟာမိတ်များ နှင့် မဟာဗျူဟာ မိတ်ဖက်များသို့ ရောင်းချရန် ရည်ရွယ် ထုတ်လုပ်သော လေယာဉ် တစ်မျိုး ဖြစ်နိုင်ဖွယ် ရှိကြောင်း သိရသည်။

J-31 တိုက်လေယာဉ် ပုံစံငယ်ကို ၂ဝ၁၂ ခုနှစ် နိုဝင်ဘာလ က တရုတ်နိုင်ငံ ကွမ်တုံပြည်နယ် တွင် ပြုလုပ်သော Zhuhai လေကြောင်း ပြပွဲတွင် ပထမဆုံး အကြိမ် ထုတ်ဖော် ပြသခဲ့ပြီး စက်တင်ဘာ ၂၅ ရက်က ပေကျင်းမြို့ တွင် ပြုလုပ်သော နိုင်ငံတကာ လေကြောင်း ပြပွဲတွင်လည်း ထပ်မံ ပြသခဲ့သည် ဟု သိရှိရသည်။

(Newsnow)



Daily Online News shared Thway Thit Sar's photo.

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...