ကိုလံဘီယာ အသင်းကတော့ ၀တ်စုံဒီဇိုင်းဟာ အသင်းရဲ့ စက်ဘီးသမား
တဦးက ဖန်တီးခဲ့တာဖြစ်ပြီး အသင်းဖော်တွေက အတည်ပြုခဲ့သလို
လပေါင်းအတော်ကြာအောင် ၀တ်ဆင်ခဲ့ပြီး ဖြစ်တယ်လို့ ပြောပါတယ်။
ကိုယ်လုံးတီးပုံစံ
ဖြစ်နေတဲ့အတွက် လက်မခံနိုင်ဘူးလို့ နိုင်ငံတကာ စက်ဘီး အဖွဲ့ချုပ်က
ဝေဖန်ခဲ့တဲ့ ကိုလံဘီယာ အမျိုးသမီးစက်ဘီးအသင်းရဲ့ ၀တ်စုံကို အသင်းသားတွေက
ကာကွယ်ပြောဆိုလိုက်ပါတယ်။
အီတလီမှာကျင်းပနေတဲ့
ပြိုင်ပွဲအတွက် ကိုလံဘီယာ အမျိုးသမီးစက်ဘီးအဖွဲ့က ၀တ်ဆင်ခဲ့တဲ့ အနီနဲ့
အ၀ါရောင်ရောထားတဲ့ ၀တ်စုံရဲ့ ခါးနဲ့ တင်ပါးနေရာမှာ အသားရောင် အထည်စကို
အသုံးပြုထားတဲ့အတွက် ကြည့်လိုက်ရင် ၀တ်လစ်စလစ်ကိုယ်လုံးတီး
ပုံစံဖြစ်နေပေမယ့် တကယ်တမ်း ခါးနဲ့ တင်ပါးနေရာမှာ အသုံးပြုထားတာဟာ
ရွှေရောင်ဖြစ်တယ်လို့ ကစားသမားတွေက ပြောပါတယ်။
ဒီဝတ်စုံကို ဒီဇိုင်း ထုတ်လုပ်ခဲ့တဲ့ အသက် ၂၂ နှစ်အရွယ် စက်ဘီးသမား Angie Tatiana Rojas က ဒီလိုဒီဇိုင်းအတွက် သူက ရှက်နေမှာမဟုတ်သလို ၀တ်စုံကို ဂုဏ်ယူစွာဝတ်ဆင်တဲ့ အကြောင်းနဲ့ ဒီဇိုင်း ပြောင်းသွားမှာ မဟုတ်ဘူးလို့ ပြောပါတယ်။
ဒါ့အပြင်
အသင်းမှာ မိသားစုရှိတဲ့ ကလေးအမေတွေပါဝင်ပြီး အားကစားအတွက်
ကိုယ်ကျိုးစွန့်တဲ့သူတွေ စက်ဘီးစီးတာကို ချစ်မြတ်နိုးတဲ့သူတွေ ပါတယ်လို့
ပြောပါတယ်။
ကိုလံဘီယာအသင်းရဲ့ ၀တ်စုံဟာ ဒီသတင်းပတ် လူမှုရေး စာမျက်နှာမှာ အငြင်းပွား ဖွယ်ရာဖြစ်ခဲ့ပါတယ်။
Go to Source
ဒီဝတ်စုံကို ဒီဇိုင်း ထုတ်လုပ်ခဲ့တဲ့ အသက် ၂၂ နှစ်အရွယ် စက်ဘီးသမား Angie Tatiana Rojas က ဒီလိုဒီဇိုင်းအတွက် သူက ရှက်နေမှာမဟုတ်သလို ၀တ်စုံကို ဂုဏ်ယူစွာဝတ်ဆင်တဲ့ အကြောင်းနဲ့ ဒီဇိုင်း ပြောင်းသွားမှာ မဟုတ်ဘူးလို့ ပြောပါတယ်။
ကိုလံဘီယာအသင်းရဲ့ ၀တ်စုံဟာ ဒီသတင်းပတ် လူမှုရေး စာမျက်နှာမှာ အငြင်းပွား ဖွယ်ရာဖြစ်ခဲ့ပါတယ်။
Go to Source

Post a Comment
Blogger Facebook DisqusComment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။