နိုင်ငံရပ်ခြားဘာသာရေးအဖွဲ့အစည်းများကို ပြည်တွင်းသို့ဝင်ရောက်ခွင့်ပြုခြင်းဖြင့် ဘာသာရေးပဋိပက္ခများပိုမိုဖြစ်ပွားနိုင်ပြီး လူမှုရေးအဓိကရုဏ်းများထိပြဿနာကြီးထွားလာနိုင်ကြောင်း လူမှုနိုင်ငံရေးစောင့်ကြည့်သူများက ဝေဖန်ခဲ့သည်။"ကျွန်တော်တို့နိုင်ငံက ဘာသာပေါင်းစုံကို လွတ်လပ်စွာကိုးကွယ်ခွင့်ပေးထားတဲ့နိုင်ငံတနိုင်ငံပါ။ ဖွဲ့စည်းပုံအခြေခံ
ဥပဒေတိုင်းမှာလည်း ဒီအချက်ကို ထည့်သွင်းထားပြီးသားပါ။ ဒါကိုပဲ
ဘာသာရေးမလွတ်လပ်ဘူး၊ ဖိနှိပ်ခံနေရပါတယ်လို့ ယူဆထားတဲ့နိုင်ငံခြားဘာသာရေးအဖွဲ့အစည်းကို ၀င်ရောက်ခွင့်ပေးလိုက်ခြင်းဖြင့် ပြဿနာပိုကြီးထွားသွားနိုင်ပါတယ်။ တစ်ဖက်က အမြင်မှားနဲ့လာတဲ့အဖွဲ့ကို ပြည်သူလူထုဘက်က အသာတကြည်လက်ခံဖို့ဆိုတာ ခက်ခဲမှာပဲ။ အဲဒီမှာ တင်းမာမှုပိုကြီးထွားသွားနိုင်ပါတယ်" ဟု လေ့လာသူတစ်ဦးကပြောကြားသွားပါတယ်။ နောက်တစ်ဦးကလည်း "လာရောက်မယ့်အဖွဲ့ကလည်း ဘာသာတစ်ခုတည်းကို ကိုယ်စားပြုနေတာပါ။ ဘာသာစုံအဖွဲ့အစည်းတစ်ခုဆိုရင်
အမြင်ရှင်းနိုင်ပေမယ့် အခုဟာက Fair Ground မဖြစ်ဘူး။ ဘာသာတစ်ခုရဲ့အဖွဲ့က
တစ်ခြားဘာသာ့တွေကို နားလည်မှုရှိနိုင်ပါ့မလား။ တခြားဘာသာဝင်တွေကလည်း
ကျေနပ်မှုရှိမှာမဟုတ်ဘူး။ အစိုးရပိုင်းအနေနဲ့ ရခိုင်ကိစ္စနဲ့ပတ်သက်ပြီး
နိုင်ငံတကာဖိအားရှိနေတာကို လက်ခံပါတယ်။ အပြင်ကဖိအားကြောင့်
အတွင်းမှာပိုပြီး အနေကြပ်သွားမှာကိုတော့ ထည့်စဉ်းစားသင့်တယ်။ အစိုးရနဲ့
ပြည်သူလူထုတွေကပဲ ပူးပေါင်းပြီး ဖြေရှင်းတာပိုသင့်တော်ပါလိမ့်မယ်။"ဟုပြောကြားသွားပါတယ်။ ပြည်သူတစ်ဦးကလည်းသူ့ရဲ့အမြင်ကို အခုလိုပြောကြားသွားပါတယ်။"အစကတည်းက
အဲဒီဘာသာက တစ်ခြားဘာသာဝင်တွေကို တင်းကြပ်မှုများတယ်။ သူတို့ဘာသာမဟုတ်ရင်
သူတို့နဲ့သက်ဆိုင်တဲ့ ဘာသာရေးအဆောက်အအုံထဲကို ၀င်ခွင့်မပေးဘူး။
အစိုးရကိုယ်တိုင်ပါလာရင်လည်း ဘာသာရေးဖိနှိပ်မှုလုပ်တယ်လို့
ပြောပြန်ရော။ အခုလို သူတို့ဘာသာတစ်ခုတည်းအတွက် ထောက်ပံ့ပေးတဲ့
အဖွဲ့တွေဝင်လာခဲ့ရင် ပိုဆိုးသွားနိုင်တယ်။ အခုကမ္ဘာမှာဖြစ်နေတဲ့
အကြမ်းဖက်မှုတွေ ဘယ်ဘာသာက အခြေပြုလဲဆိုတာ အားလုံးအသိပါ။ ဒါတွေကို သိလျက်နဲ့
အစိုးရက ခွင့်ပြုတယ်ဆိုရင် အစိုးရကိုယ်တိုင် အကြမ်းဖက်မှုကိုထောက်ခံတာနဲ့ အတူတူပဲ"ဟုပြောကြားသွားပါတယ်။ ယခုလိုပြောကြားခဲ့တဲ့ အချက်တွေက အစ္စလာမ်မစ်ကူညီထောက်ပံ့ရေးအဖွဲ့(OIC)ကို မြန်မာအစိုးရက ၀င်ခွင့်ပြုမယ်လို့ဆိုတဲ့ သတင်းကြောင့် ပြည်သူတွေဘက်က ပြောကြားခဲ့တဲ့ ဝေဖန်ချက်တွေပါ။
by: People Development for Knowledge
Share By : Black Angle
Post a Comment
Blogger Facebook DisqusComment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။