Ads (728x90)

၂၀၁၂ခုနှစ် အောက်တိုဘာ(၅)ရက်နေ့ ည(၇း၄၀)နာရီခန့်မှာ ဆန်ဆိုင်းရပ်ကွက် ကောင်းမိန် ထမင်းဆိုင်အနီးမှာ ယာဉ်တိုက်မှုတစ်ခုဖြစ်ပွားခဲ့ပါတယ်။ အဆိုပါ ယာဉ်တိုက်မှုမှာ လူငယ်နှစ်ဦး မောင်းနင်လာတဲ့ ဆိုင်ကယ်နဲ့ အသက်(၅၀)အရွယ် အမျိုးသား နဲ့ အမျိုးသမီးတို့ မောင်းနင်လာတဲ့ ဆိုင်ကယ် အချင်းချင်း တိုက်မိတာဖြစ်ပြီး ဆိုင်ကယ်ကို မောင်းသူ အသက်(၅၀)နှစ်အရွယ်ခန့် ရှိ အမျိုးသားတစ်ဦးမှာ အထက်နှုတ်ခမ်းအလယ်တည့်တည့်တွင် ကွဲသွားခဲ့ပြီး သွားတစ်ချောင်းကျိုးသွားခဲ့တယ်လို့ သိရပါတယ်။

ထိုအမျိုးသား၏ နောက်တွင် လိုက်ပါစီးနင်းလာသူ အမျိုးသမီးမှာ ရင်ဘတ်အနည်းအငယ် အောင့်သွားခဲ့တယ်လို့ သိရပါတယ်။ ယခုလို ယာဉ်တိုက်မှုဖြစ်သွားရခြင်းမှာ အရှေ့က ဆိုင်ကယ်ကို ဖြတ်ကျော်လို့ ဖြစ်သွားရကြောင်း ဒဏ်ရာရသူ၏ မိတ်ဆွေများက ပြောပါတယ်။

တာချီလိတ်မြို့တွင် ယခုလအတွင်း ယာဉ်တိုက်မှု အဆက်မပြတ်ဖြစ်နေတာကို တွေ့ရပါတယ်။ ထိုကဲ့သို့ ယာဉ်တိုက်မှုများဖြစ်ရခြင်းမှာ အလျင်စလို မောင်းနင်မှုကြောင့်သော်လည်းကောင်း၊ တစ်စီးနဲ့တစ်စီး ဖြတ်ကျော်မှုကြောင့်သော်လည်းကောင်း၊ ကားလမ်းမတွေပေါ်မှာ ကားများ တစ်ဖက်နှင့်တစ်ဖက် ရပ်တန့်ထား၍ လမ်းကျဉ်းမှုကြောင့်သော်လည်းကောင်း စသည့် တို့ကြောင့် ယာဉ်တိုက်မှုများ ဖြစ်ပွားရတယ်လို့ ယူဆမိပါသည်။...

တာချီလိတ်အွန်လိုင်းသတင်းစာမျက်နှာ

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...