ကိုယ်ပိုင်ဆိုင်တဲ့ Email Account တစ်ခုကိုဖြစ်ဖြစ် ဒါမှမဟုတ်
သူငယ်ချင်းတစ်ယောက်ယောက်ရဲ့  Email ကိုပဲဖြစ်ဖြစ်
Password မေ့သွားလို့ ပြန်ပြီး Recovery လုပ်ယူမယ်ဆိုရင်
ဒီနည်းလမ်းအတိုင်းပြုလုပ်သွားဖို့ လိုပါတယ် တစ်ချို့ တွေအတွက်
သိပြီးသားဖြစ်နေနိုင်ပေမယ့် ဒီလို Recovery လုပ်နည်းကိုမသိသေးတဲ့
သူတွေလဲ အများကြီးရှိနေတာပါ ဒါကြောင့် Email Password
မေ့သွားလို့ ဖြစ်ဖြစ် Account Hacked လုပ်ခံရလို့ ပဲဖြစ်ဖြစ်
ဒီနည်းလေးနဲ့ Recovery လုပ်ကြည့်ပြီးမိမိအကောင့်ကိုပြန်လည်
ရယူနိုင်ကြပါစေဗျာ။
ဒီနေရာမှာ အရေးအကြီးဆုံးကကိုယ်Recovery လုပ်မည့် Email ရဲ့ 
အချက်အလက်တွေကို ပြည့်ပြည့်စုံစုံသိရှိထားဖို့ လိုပါတယ်
Gmail Help Center ကနေ မေးခွန်းတွေများစွာ အဆင့်ဆင့်မေးမြန်း
ပါလိမ့်မယ် မေးထားတဲ့မေးခွန်းတွေကို အားလုံးနီးပါ မဖြေနိုင်ရင်တောင်
ကိုယ်မှတ်မိသလောက်နဲ့ အနီးစပ်ဆုံး ဖြေနိုင်ရင် ၁၀ ခုမေး ၇ ခုကနေ
၈ ခုလောက်ထိ ဖြေနိုင်တယ်ဆိုရင်ကို ပြန်ရဖို့ အခြေအနေရှိပါတယ်။
ကဲအဲ့ဒါဆိုစပြီးတော့ Recovery လုပ်ကြရအောင် gmail.com
ဒါမှမဟုတ် mail.google.com ကိုသွားလိုက်ပါ ရောက်ပြီဆိုရင်
ပုံမှန်ဝင်နေကျအတိုင်း Password ရိုက်ပြီးဝင်လိုက်ပါ (Password မှတ်မိ
တယ်ဆိုရင်ပေါ့ မမှတ်မိရင်အောက်မှာ မမှတ်မိလျှင်လည်းရိုက်ချင်ရာရိုက်ထည့်လိုက်ပါ
အောက်မှာ နောက်တစ်နည်းပေးထားပါသေးတယ်အဲ့ဒီထဲမှာကြည့်ပါ )
( ပုံ - ၁ )

အထက်ပါပုံထဲတွင် 1,2,3 ဆိုပြီး လုပ်ဆောင်ရန်အဆင့် ၃ ဆင့်ပြထားပါတယ်
ဒါအခိုးခံရတဲ့အကောင့်တစ်ခုနဲ့ နမူနာပြပေးထားတာပါ Password တော့မှတ်မိတယ်
ဝင်လိုက်ရင် ၀င်လို့ မရဘူး ဘယ်အချိန်လောက်ကချိန်းသွားတယ် ဘယ်နေ့ လောက်က
ချိန်းသွားတယ် ဆိုတာမျိုးကိုပြတဲ့ စာလေးကို တွေ့ ရမှာပါ သေချာကြည့်ပါ သူပေးထားတဲ့
နာရီ သို့ မဟုတ်နေ့ ရက်ကို မိမိလက်ရှိ Recovery လုပ်တဲ့အချိန်ရဲ့ နာရီသို့ မဟုတ်
နေ့ ရက်နဲ့ ပြန်တိုက်ပါ ပြီးရင်တွက်ချက်ပြီး ဒီအကောင့်ကို နောက်ဆုံးဝင်သုံးတဲ့အချိန်
နေ့ ရက်ကို အတိအကျ ရပါလိမ့်မယ်။
ကျွန်တော်ဒါကိုရေးတဲ့အချိန်မှာ 27.4.2015 ပဲ
ဖြစ်ပါတယ် ၂၇ ရက် ၄ လ ၂၀၁၅ ခုနှစ်ဖြစ်တာကြောင့် သူပေးထားတဲ့
Your password was changed 4 hours ago.(နမူနာ) နဲ့ ဆိုရင် နာရီပိုင်းသာ
ရှိသေးတဲ့အတွက် ဒီနေ့ ဒီရက်ဖြစ်တဲ့ 27.4.2015 ကိုမှတ်ထားလိုက်တာပါ
15 days ago. တို့  1 week ago. တို့ လာပြရင်တော့ လက်ရှိရောက်နေတဲ့
နေ့ ရက်နဲ့ ပြန်တွက်ပြီး ဘယ်နေ့ လောက်က နောက်ဆုံးဝင်ခဲ့တာလဲဆိုတာ
သိရှိမှတ်သားရပါလိမ့်မယ် နောက်ဆုံးဝင်ခဲ့တဲ့ နေ့ ရက်ကိုတွက်ချက်ပြီးသေချာလေး
မှတ်ထားလိုက်ပါ။
Your password was changed 4 hours ago. ဆုတာလေးရဲ့ အောက်မှာ
Didn't change your password? ဆိုတာလေးရှိပါတယ် Password ကိုချိန်းတာ
ကိုယ်မဟုတ်ဘူးဆိုရင် Click နှိပ်ပေးလိုက်ပါ ဒါဆိုနောက်တစ်ဆင့်ကိုရောက်ပါလိမ့်မယ်
အောက်မှာကြည့်လိုက်ပါ။
( ပုံ - ၂ )

အထက်ပါ ပုံထဲမှာကြည့်လိုက်ပါ ဒုတိယအကြောင်းဖြစ်တဲ့ i cannot access my phone ကို
ရွေးခိုင်းထားပါတယ် ဒါကတော့ Hacked လုပ်ခံထားရလို့ 2 Step ခံထားသည်ဖြစ်စေ
မိမိကိုယ်တိုင် 2 Step ခံထားပြီး အဲ့ဒီဖုန်းနံပါတ်က မရှိတော့တာတို့ ဖုန်းပျောက်သွားတာတို့ 
အတွက် အဲ့ဒါလေးကိုရွေးပြီး Recovery လုပ်ရမှာမို့ ပါ ရွေးပြီးသွားလျှင် Continue ကိုနှိပ်ပြီး
နောက်တစ်ဆင့်ကိုသွားလိုက်ပါ အောက်ပါအတိုင်းတွေ့ ရပါလိမ့်မယ်။
( ပုံ - ၃ )

အပေါ်ကပုံထဲမှာကြည့်ပါ Email ထည့်ဖို့ ရယ် ဖုန်းနံပါတ်ထည့်ဖို့ ရယ် Box နှစ်ခုစီရှိပါတယ်
Email ကတော့ လက်ရှိ Recovery လုပ်နေတဲ့ Account အကြောင်းကို ရသည် မရသည်ကို
မိမိမေးလ်ထဲကို လှမ်းပြီး အသိပေးမှာမို့ လို့  မိမိမှာရှိသည့် Email လိပ်စာတစ်ခုကိုထည့်ပေးပါ
ဖုန်းနံပါတ်ကတော့ သူက +95 ဆိုပြီးပေးထားပါလိမ့်မယ် မိမိဖုန်းက 09421157911 ဆိုလျှင်
0 ကိုဖြုတ်ထားခဲ့ပြီး 9 ကနေစပြီးထည့်ပါ 9421157911 (ဥပမာ) ဖုန်းနံပါတ် ၂ ခုရှိလျှင်
၂ ခုထည့်ပါ ၁ ခုပဲရှိလျှင် ၁ ခုပဲထည့်ပါ ထည့်ပြီးလျှင် Continue ကိုနှိပ်ပြီးသွားလိုက်ပါ
အောက်ပါပုံအတိုင်းတွေ့ ရှိရပါမည်။
( ပုံ- ၄ )

အထက်ပါပုံထဲမှာကြည့်လိုက်ပါ ဇယားကွက် ၂ ခုရှိပါလိမ့်မယ် အပေါ်ကဇယားကွက်က
လက်ရှိ Recovery လုပ်နေတဲ့ Email ကို နောက်ဆုံးဝင်တဲ့ ရက် လ နှစ် အတိအကျ
ထည့်ပေးရမှာပဲ ဖြစ်ပါတယ် ( စ၀င်ဝင်ချင်း တွက်ချက်ပြီးမှတ်ခိုင်းတဲ့ ရက်ကို ဒီနေရာမှာ
ထည့်ပေးရမှာပါ ) ပြီးလျှင် ဒုတိယ ဇယားကွက်ကတော့ Recovery လုပ်နေတဲ့ Email ကို
စတင်ပြီးဖွင့်တဲ့ လနဲ့ နှစ်ကိုဖြည့်ပေးရမှာပဲဖြစ်ပါတယ် ဖြည့်ပြီးသွားလျှင် Continue ကိုနှိပ်ပါ
နောက်တစ်ဆင့်ကို အောက်ပါအတိုင်းတွေ့ ရပါလိမ့်မယ်။
( ပုံ - ၅ )

အထက်ပါပုံထဲမှာ Email addresses of up to five frequently emailed contacts ရဲ့ 
အောက်မှာ Email ၅ ခုကိုအစဉ်လိုက်ဖြည့်ထားတာကိုတွေ့ ပါလိမ့်မယ်
အဲ့ဒါကတော့ Recovery လုပ်နေတဲ့ Account ထဲမှာ ရှိနေတဲ့ ကိုယ်မှတ်မိတဲ့
ကိုယ့်ရဲ့  Email ဒါမှမဟုတ် ကိုယ်မှတ်မိတဲ့ သူငယ်ချင်းတွေရဲ့ Email ၅ ခုကို
ထည့်ပေးရမှာပဲဖြစ်ပါတယ်မှတ်မိရင် မှတ်မိသလောက်ထည့်ပေးလိုက်ပါ။
အီးမေးလ် ၅ ခုဖြည့်ပြီးသွားရင် အဲ့ဒီအောက်မှာ Name of up to four labels ဆိုတာလေး
ရှိပါတယ် အဲ့ဒါကတော့ မေးလ်ထဲမှာ Label ခွဲပြီးသိမ်းတတ်တဲ့သူတွေ အတွက်ပါ
အယောက် ၁၀၀ မှာ အယောက် ၉၀ ကျော်လောက်က Label ခွဲသိမ်းတဲ့နည်းကိုမသိကြ
သလို ခွဲလည်းမသိမ်းကြပါဘူး။ ( ဒီအကွက်မှာမထည့်လဲရပါတယ် Label ခွဲသိမ်းလေ့ရှိတယ်
ဆိုရင်တော့ထည့်တာပိုကောင်းပါတယ်)
အဲ့ဒီအောက်မှာတော့ What's the first recovery email address you remember? ဆိုတာလေး
ရှိပါတယ် အဲ့ဒီ box ထဲမှာတော့ Recovery လုပ်နေတဲ့ Account ကို စပြီးဖွင့်တုန်းက Recovery
အဖြစ်ထည့်ပေးခဲ့တဲ့ Email လိပ်စာကိုထည့်ပေးရမှာပဲဖြစ်ပါတယ် အားလုံးကိုထည့်ပြီးရင်တော့
Continue ကို နှိပ်ပေးလိုက်ပါ နောက်တစ်ဆင့်မှာ အောက်ပါပုံအတိုင်းတွေ့ ကြရမှာပါ။
( ပုံ - ၆ )

အထက်ပါပုံထဲမှာကြည့်လိုက်ပါ Other Google products you use ဆိုတဲ့အောက်မှာ
ဇယာကွက် ၄ ခုရှိနေပါတယ် google က သူ့ ရဲ့ ထုတ်ကုန်တွေထဲက ဘယ် ထုတ်ကုန်ကို
ဘယ်လ ဘယ်ခုနှစ်ကစပြီး အသုံးပြုခဲ့လည်းလို့ မေးထားပါတယ် ကဲ..ပထမဆုံး အပေါ်ဆုံး
ဇယားကွက်ထဲမှာ Gmail ကိုရွေးပြီး နောက်က လနဲ့ နှစ်မှာ Recovery လုပ်နေတဲ့ Email ကို
စတင်ဖွင့်ခဲ့သည့် လနဲ့ နှစ်ကို ထည့်ပေးလိုက်ပါ။
ဒုတိယဇယားကွက်မှာ Hangouts ကိုရွေးချယ်ပါ နောက်မှာ Gtalk စတင်အသုံးပြုခဲ့သည့်
လနဲ့ နှစ်ကိုထည့်ပေးပါ Hangouts ဆိုတာ ယခင်က gtalk ဖြစ်ပါတယ် ခုနောက်ပိုင်း
Desktop gtalk ကို အသုံးပြုခွင့်ရပ်နားလိုက်ပြီး Hangouts အဖြစ်အမည်ပြောင်းလဲထားတာ
ဖြစ်ပါတယ်။
တတိယ ဇယားကွက်မှာတော့ Android ကိုရွေးချယ်ပါ နောက်မှာ ဖုန်းထဲမှာ
ဒီ Recovery Email လုပ်နေတဲ့ Account ကို စတင်ပြီး အသုံးပြုခဲ့သည့်
လနဲ့ နှစ်ကိုထည့်ပါ ထည့်ပြီးလျှင် Additional Information ဆိုတဲ့အောက်က
Box လေးထဲမှာ မိမိ ရေးချင်တာလေးတွေကိုရေးထည့်ပါ(Recovery လုပ်နေတဲ့ Email နဲ့ 
ပါတ်သက်သည်များကိုပေါ့ ရေးပြီးသွားလျှင် Submit ကိုရွေးချယ်ပေးလိုက်ပါ
နောက်တစ်ဆင့်မှာ အောက်ပါပုံအတိုင်းတွေ့ ရမှာပဲဖြစ်ပါတယ်။
( ပုံ - ၇ )

အထက်ပါပုံအတိုင်းတွေ့ ရှိရလျှင် Recovery ပြုလုပ်မှ အောင်မြင်ပြီးစီးသွားပါပြီ
မိမိ Contact Email ထဲကို Gmail Help Center ကနေ မေးလ်ပို့ ပြီးအသိပေး
လာပါလိမ့်မည် ထိုမေးကိုပြန်လည့်စောင့်ဆိုင်းရန်လိုအပ်ပါသည် တစ်ခါတစ်ရံတွင်
ချက်ချင်း ပို့ တတ်သလို တစ်ခါတစ်ရံတွင် ၁ ရက်မှ ၁ ပတ်အထိကြာမြင့်တတ်ပါသည်
နေ့ တိုင်း မေးလ်ကိုဖွင့်ကြည့်နေဖို့ လိုပါသည်။ (အောက်တွင် နမူတာတစ်ခုထည့်ပေးထားပါသည် )
( ပုံ - ၈ )

အထက်ပါအတိုင်း မေးလ်ပို့ လာလျှင်တော့ မိမိဖြည့်စွက်သည့်အချက်အလက်များမှာ
မပြည့်စုံပဲ လိုအပ်ချက်ရှိနေသေးသည့်အတွက် နောက်တစ်ကြိမ်အချက်အလက်များကို
သေချာပြင်ဆင်ဖြည့်စွက်ပြီး ကြိုးစားကြည့်ဖို့ လိုပါလိမ့်မယ်။
တစ်ကယ်လို့ များ ဖြည့်စွက်ပေးလိုက်တဲ့အချက်အလက်တွေပြည့်စုံသွားတယ်
Password Reset ချဖို့ လင့်ပါလာပြီဆိုရင်တော့ အဲ့ဒီလင့်ကို
Copy ယူပြီးတော့ Browser လင့်ဘားထဲမှာထည့်ပြီးဖွင့်တာဖြစ်စေ လင့်ကို
ကလစ်နှိပ်ဖွင့်ပြီး ကြည့်လိုက်ပါ Password ချိန်း ဖို့ နေရာကိုရောက်သွားပါလိမ့်မယ်
ဒါဆိုရင်တော့ Recovery လုပ်တာအောင်မြင်သွားပြီဖြစ်ပါတယ် 2 Step ခံထားသည့်
Email ကိုလည်း အထက်ပါအတိုင်း information အပြည့်အစုံ ဖြည့်ပေးပြီးကျော်ပြီး
ပြန်လည်ရယူနိုင်ပါလိမ့်မယ်ဗျာ။ :)
========================================
Password မေ့နေတဲ့ Email ကို Recovery လုပ်မယ်

ကဲ ဒါကတော့ Password မေ့နေတဲ့ အကောင့်ကို Recovery လုပ်ဖို့ ပါ
အချက်အလက်တွေပြည့်စုံရင် 2 Step ကိုလဲကျော်ပါတယ် :D

ပုံမှန်ဝင်နေကျနေရာမှာ Password ရိုက်ပြီးဝင်လိုက်ပါ (Password မမှတ်မိလျှင်လည်း
Password ရိုက်ထည့်ရမည့်နေရာတွင် ရိုက်ချင်ရာရိုက်ထည့်လိုက်ပါ )
အောက်ပါအတိုင်းမြင်တွေ့ ရပါလိမ့်မယ်။
( ပုံ - ၁ )

အထက်ပါပုံထဲတွင် The email or password you entered is incorrect. ?
ဆိုတာလေးကိုမြင်တွေ့ ရမည်ထင်ပါတယ် Password မှားနေတယ်ပေါ့
ဒီတော့ကား ? လေးကို နှိပ်ပြီးနောက်တစ်ဆင့်ကိုသွားလိုက်ပါ အောက်ပါအတိုင်း
တွေ့ ရပါလိမ့်မယ်။
( ပုံ - ၂ )

အထက်ပါပုံထဲတွင် Problems signing in to your account
ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ပြဿနာဖြေရှင်းဖို့ အကူအညီတောင်းဖို့  နည်းလမ်း
( ၇ ) မျိုးလောက်ရှိနေပါတယ် ခု Recovery လုပ်နေတာက Password မေ့နေတယ်
ဆိုပြီးတော့ လုပ်တဲ့အတွက် အပေါ်ဆုံးအကြောင်းလေးကိုရွေးပေးထားတာပါ
အခြားသော ပြဿနာများကလည်း ဒီနည်းလမ်းတွေနဲ့ သိပ်မခြားနားပါဘူး
ပုံစံတွေကတော့ အတူတူလောက်ပါပဲ အနည်းငယ်စီလောက်ပဲ ကွဲပြားသွားတာပါ
အဲ့ဒီထဲကနေမှ i forget my password ကို
ရွေးထားတာတွေ့ ရပါလိမ့်မယ်အဲ့ဒါလေးကိုရွေးလိုက်ပြီးခနစောင့်လိုက်ပါ
အောက်ပါအတိုင်းထပ်တွေ့ ရပါလိမ့်မယ်။
( ပုံ - ၃ )

အထက်ပါအတိုင်း To reset your password: ဆိုတာလေးနဲ့ အချက်အလက်
လေးတွေထပ်ပေါ်လာပါလိမ့်မယ် အဲ့ဒီထဲကနေမှ password assistance page
ဆိုတာလေးကို တွေ့ ပါလိမ့်မယ် နောက်မှာ Link ပါနေသည့်အတွက် အပြာရောင်
အနေနဲ့ မြင်တွေ့ ရမှာပါ အဲ့ဒါလေးကို Click နှိပ်လိုက်ပါ နောက်တစ်ဆင့်ကို
ရောက်သွားပါလိမ့်မယ် နောက်တစ်ဆင့်ကိုအောက်ပါအတိုင်းတွေ့ ရပါလိမ့်မယ်။
( ပုံ - ၄ )

အထက်ပါပုံထဲတွင် Box လေးထဲမှာ Email လေးတစ်ခုထည့်ထားတာကို
တွေ့ ရမှာပဲဖြစ်ပါတယ် အဲ့ဒီနေရမှာ မိမိ Password မေ့နေတဲ့ Email ကို
ထည့်ပေးရမှာပဲ ဖြစ်ပါတယ် ထည့်ပြီးတာနဲ့  Submit ကိုနှိပ်ပြီးတော့
နောက်တစ်ဆင့်ကိုသွားလိုက်ပါ အောက်ပါအတိုင်းထပ်တွေ့ ရပါလိမ့်မယ်။
( ပုံ - ၅ )

အထက်ပါအတိုင်းတွေ့ ရလျှင် Password ရိုက်ဖို့ Box လေးတစ်ခုတွေ့ ရပါလိမ့်မယ်
အဲ့ဒီထဲမှာ နောက်ဆုံး သုံးခဲ့သည့် Password ကိုရိုက်ထည့်လိုက်ပါ ( မမှတ်မိလျှင်
i don't know ကိုနှိပ်ပေးလိုက်ပါ ) အဲ့ဒါဆိုနောက်တစ်ဆင့်ကိုရောက်သွားပါလိမ့်မယ်
နောက်တစ်ဆင့်တွင် အောက်ပါအတိုင်းမြင်တွေ့ ရပါလိမ့်မယ်။
( ပုံ - ၆ )

အထက်ပါ ပုံထဲမှာပြထားသည်က ဖုန်းနံပါတ် ******96 ဆိုပြီးပါ ပါတယ်
အကယ်၍ အဲ့ဒီ Email အကောင့်ထဲမှာထည့်ထားသည့် ဖုန်းနံပါတ်သည်
မိမိရဲ့ ဖုန်းနံပါတ် ( အဲ့ဒီဖုန်းနံပါတ်ကို သိတယ် ) ဆိုပါလျှင် အဲ့ဒီ Box လေးထဲမှာ
ရိုက်ထည့်ပေးလိုက်လျှင် မှန်သွားလျှင် Password Reset လုပ်ဖို့ နေရာကို
ရောက်သွားပါလိမ့်မယ်။
အကယ်၍ မမှတ်မိဘူးဆိုပါလျှင် Continue ရဲ့ အောက်နားက different way ဆိုတဲ့
စာလေးကိုရှာပြီး ကလစ်နှိပ်လိုက်ပါ နောက်တစ်ဆင့်ကိုရောက်သွားပါလိမ့်မယ်
နောက်တစ်နေရာမှာ အောက်ပါအတိုင်းမြင်တွေ့ ရပါလိမ့်မယ်။
( ပုံ - ၇ )

အထက်ပါပုံထဲတွင် Email ထည့်ဖို့  box လေးနှစ်ခုကိုတွေ့ ရပါလိမ့်မယ်
အဲ့ဒီ အီးမေးလ်ကတော့ ကိုယ် Recovery လုပ်နေတဲ့ Account ကိုပြန်ရသည်
မရသည်ကို Gmail Team က ပြန်လည်အကြောင်းပြန်ပေးတာကို လက်ခံမည့်
Email လိပ်စာပါ မိမိမှာရှိလျှင်ထည့်လိုက်ပါ မရှိလျှင် သူငယ်ချင်းကိုအကူအညီတောင်းပြီး
သူငယ်ချင်းရဲ့ အီးမေးလ်ကိုထည့်ပေးရမှာပဲဖြစ်ပါတယ် ပြီးလျှင် Continue ကိုနှိပ်ပြီး

ပြန်လည်ရယူနိုင်ပါလိမ့်မယ်ဗျာ။
နောက်ထပ် Gmail Account ကို https://www.google.com/accounts/recovery/ - >Problems signing ထဲကနေ
Recovery လုပ်နည်းတွေကို ချပြချင်ပေမယ့် တစ်ချို့ ဟာတွေက နည်းပညာပိုင်းကို
တတ်ကျွမ်းနားလည်ထားသူတွေအနေနဲ့ မသိနားမလည်သူတွေအပေါ်မှာ ဖျံကနိုင်တဲ့
အနေအထားတွေကြောင့် သာမန် Online ကို Online လောက်ပဲသိတဲ့ User
လေးတွေအတွက် အန္တရာယ်ရှိနိုင်လို့  ချမပြတော့ပါဘူး ခုလိုအချက်အလက်တွေအများကြီးမဟုတ်ပဲ
အချက်အလက်အနည်းငယ်လောက်နဲ အနည်းငယ်လောက်အပင်ပန်းခံလိုက်လျှင်
Security ပိုင်းကိုအလေးမထားသည့် သာမန် User တွေရဲ့  Account တွေကို
ခိုးယူသွားနိုင်တဲ့အခြေအနေမှာရှိပါတယ်ဒါကြောင့် အဲ့ဒီနည်းတွေကိုတော့ချမပြတော့ပါဘူး။
အမှန်တစ်ကယ်ကတော့ အချက်အလက် (Information) မပြည့်စုံရင် Recovery လုပ်ပြီး
ယူဖို့ မလွယ်သလို Hacked (ခိုးယူခြင်း) လည်း ပြုလုပ်ဖို့ မလွယ်ပါဘူး Security ပိုင်းကို
အကောင်းဆုံး ပြုလုပ်ထားလျှင် အလွယ်တစ်ကူ ခိုးယူခံရတော့မှာမဟုတ်ပါဘူး
Facebook Account , Gmail Account တွေ Recovery နည်းနဲ့ အခိုးယူခံရတယ်ဆိုတာက
Security ပိုင်းကို အားနည်းတဲ့ User(မသိနားမလည်သူ) တွေမှာပဲ အဖြစ်များတာကို
တွေ့ ရပါလိမ့်မယ် Phishing , Rat မိတာမျိုးမဟုတ်ပဲနဲ့ တော့ Password ကို အလွယ်တစ်ကူ
ခိုးယူသွားလို့ မရနိုင်ပါဘူး။
တစ်ချို့ Account တွေခိုးယူခံရတာက ခိုးယူတဲ့သူက Password ကိုသိရှိနေလို့ မဟုတ်ပဲ
အခိုးယူခံရသူရဲ့  information တွေကို သိရှိထားပြီး Recovery နည်းတွေအသုံးပြုပြီး
တော့ Password Reset လုပ်ပြီး ခိုးယူသွားတာသာဖြစ်ပါတယ် ဒါကြောင့် မိမိတို့ ရဲ့ 
Email တွေ Facebook တွေကို Security မြှင့်တင်ထားဖို့ လိုပါတယ် Account တိုင်းကိုသာ
အလွယ်တစ်ကူ ခိုးယူလို့ ရနေမယ်ဆိုရင် မည်သူမျှ Facebook , Gmail တို့ ကို အသုံးပြု
နေတော့မှာမဟုတ်ပါဘူး ဒါကြောင့်မိမိတို့ Account များကို မိမိတို့ ဘာသာ အတတ်နိုင်ဆုံး
လုံခြုံရေးပိုင်းကိုအလုံခြုံဆုံးဖြစ်အောင်ကြိုးစားပြီး Social Network တွေမှာ ကျင်လည်နေ
မယ်ဆိုပါလျှင် Security ပိုင်းကိုအလေးထားသင့်ပါကြောင့်ပြောကြားရင်း
ဒီနေရာမှာ နားပါရစေ။
( နည်းပညာ နယ်ပယ်ထဲမှာ ကိုယ်တတ်ကျွမ်းတဲ့ နည်းပညာတွေကို မသမာတဲ့နည်းလမ်းတွေနဲ့ 
မကောင်းတဲ့နေရာတွေမှာ အသုံးမချမိကြပါစေနဲ့  ကိုယ်တတ်ကျွမ်းတဲ့ သိရှိနားလည်ထားတဲ့
နည်းပညာတွေကို ကိုယ်ကျိုးအတွက်မဟုတ်ပဲ အများအကျိုးအတွက်အသုံးချတတ်တဲ့
အဆင့်အတန်းရှိတဲ့ နည်းပညာသမား ပညာရှင်တွေသာဖြစ်ကြပါစေ... )
အသိပညာ နည်းပညာတစ်ခု တတ်မြောက်သွားတယ် ဖတ်ရှုသူအတွက်
အကျိုးတစ်စုံတစ်ခုဖြစ်သွားခဲ့မယ်ဆိုရင် ကျွန်တော်ဒါလေးကိုရေးရကျိုးနပ်ပါတယ် ^_^
Aung Kyaw Soe (27.4.2015 - 5:05 PM )
Ps . တက်(tag)လုပ်ခံရသူများ စိတ်မဆိုးပါနှင့် :P
E-book ကို Download ပြလုပ်ပြီး သိမ်းဆည်းထားချင်သူများအတွက်
----------------------------------------------------------------------
Dropbox => http://goo.gl/17X5UC
Pcloud => http://goo.gl/2lnI6D
Mediafire => http://goo.gl/0KotM8

Post a Comment
Blogger Facebook DisqusComment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။