Ads (728x90)




နင်လိမ်လဲငါချစ်တယ် နင်ညာလဲငါချစ်တယ်

နင်ပြောတဲ့ စကား အရာရာ မျက်စိမှိတ်ပီးယုံလိုက်မှာ ...လို့ 

ဆိုတေးက ဆိုပြခဲ့ ပေမယ့်  ငါ့ ကို နင်လိမ်မှာ

ညာမှာတွေကိုတော့ ငါအရမ်းကြောက်တယ်ချစ်သူ

အရာရာကို မျက်စိမှိတ်ပြီးယုံပေးခဲ့ ရင် ငါ့ ကိုနုံတယ်

အတယ်လို့ များမင်းသတ်မှတ်လေမလား...

မင်းသတ်မှတ်ချင်သလိုသတ်မှတ်လို့ ရပါတယ် ချစ်သူ

ငါမနုံဘူးငါမအဘူးဆိုတာတော့ ငါ့ ကိုယ်ငါသိပါတယ်

နင့် အတွက် နင်ကျေနပ်အောင်ငါနေပေးနေတာတွေပါ..

တနေ့ .... ငါ့ အချစ် ...ငါ့ မေတ္တာ..ငါ့ အကြင်အနာ

ငါ့ သစ္စာတွေကိုသိလာတဲ့ တစ်နေ့  နင်ငါ့ ကိုအနှိုင်းမဲ့ စွာနဲ့ 

ချစ်သွားနိုင်ဖို့ သာကြိုးစားပေးပါချစ်သူရယ်...

ငါမျှော်လင့် နေဆဲ ..မျှော်လင့် နေမြဲက နင့် ဆီက

အကြွင်းမဲ့ ချစ်ခြင်းတရားတွေပါ ချစ်သူရယ်...

နင်နားလည်နိုင်ပါ့ မလား .... ?

နင်ဟာ ငါ့ အတွက်ခြောက်ခမ်းနေတဲ့  သဲကန္တာရထဲက

ငါ ဆာလောင်မွတ်သိပ်စွာ တောင်းတနေတဲ့ 

အေးမြတဲ့ ရေကြည်တစ်ပေါက်ပါချစ်သူ ...

ဒီနေ့ မဖြစ်နိုင်သေးဘူးဆိုရင်တောင်

နောက်တစ်ရက့်  တစ်နေ့ နေ့ မှာတော့  နင်ငါ့ အတွက်

လိုအပ်ခြင်းတွေဖြည့် ဆည်းပေးမယ့် ဘ၀လက်တွဲဖော်အဖြစ်

လာနေပေးပါတော့ ..ငါမျှော်နေရတာမောနေပါပြီ ချစ်သူရယ်...။
 

Write By ; Åüñg Kÿáw Sôë ( လွမ်းဝေ )
6.9.2013 11 : 30 PM
Ref : http://www.for-poem.blogspot.com/2013/09/109.html

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...