
-

-

-
#Eleven ကတော့ တစ်ခါသေဖူးပြီးရင် ပျဉ်ဖိုးနားလည်ရမှာကို
ခုထိ ပျဉ်ဖိုးဘယ်လောက်လဲဆိုတာ မသိသေးဘူးနဲ့ တူတယ်
မြန်မာပြည်မှာ အကြီးဆုံး မီဒီယာကြီးတစ်ခုဖြစ်နေပြီးတော့
ဒီလိုမှားယွင်းမှုမျိုးတွေကို အခါခါကျူးလွန်နေတော့ ဘာလဲဟဲ့ မီဒီယာ
လို့ တောင်မေးရမလိုပဲ။
ခွေးကိုလူကကိုက်မှသတင်း" ဆိုတဲ့ မီဒီယာသမားတွေအတွက်
ဆိုရိုးစကားတစ်ခွန်းရှိခဲ့ဘူးတယ် တစ်ခါမှားပြီးရင် နောက်မမှားရအောင်
အတတ်နိုင်ဆုံးကြိုးစားရမယ် မှားဘူးတာကို သင်ခန်းစာယူပြီး
နောက်မမှားရအောင် ဆင်ခြင်သုံးသပ်ပြီးလုပ်ဆောင်ရမယ်
ဒါကို #Eleven အနေနဲ့ အလေးမထားတာပဲလားမသိ ခနတိုင်း
မှားပြီးရင်းဆက်ဆက်ပြီးမှားနေခဲ့တာဟာ မြန်မာနိုင်ငံမှာ
အကြီးဆုံး မီဒီယာကြီးတစ်ခုအနေနဲ့ မဖြစ်သင့်တဲ့အရာပါ။
မီဒီယာစစ်စစ် ဖြစ်ဖို့ အတွက် မီဒီယာကျင့်ဝတ်တွေကို
အသေအချာ လေ့လာပြီး အမှန်တစ်ကယ်လည်း လိုက်နာဖို့ 
လိုအပ်ပါတယ် သတင်းတစ်ခုကို ကြားသတင်း မြင်သတင်းထက်
သတင်း Source ကိုအတိအကျလိုက်ပြီးမှ သတင်းတစ်ခုအဖြစ်
တည်ဆောက်တာအကောင်းဆုံးပါပဲ။
ခုလည်း ဇွဲကပင်(လူငယ်) နဲ့  ရတနာပုံ(လူငယ်) အသင်းတို့ ပွဲစဉ်က
ဖြစ်ရပ်အမှန်ကို တစ်လွဲကြီးရေးထားတာတွေ့ ရပြန်ပါတယ်
ဖြစ်စဉ်အမှန်က ဇွဲကပင် ကစားသမားတွေနဲ့ ကွင်းလယ်ဒိုင် စည်းကြပ်ဒိုင်
တို့ ပြဿနာဖြစ်တဲ့ ဖြစ်စဉ်ကို ပြည်သူ သန်း ၅၀ ကျော်ဆီကို
အားကစားသတင်းအဖြစ် ချပြလိုက်တဲ့အခါမှာတော့
ဇွဲကပင်က ကစားသမားနဲ့ ရတနာပုံက ကစားသမားတွေ
နှစ်ဖက်အချင်းများသည့်အတွက် ပွဲမပြီးဆုံးခင် ပွဲကိုရပ်နားခဲ့ရတယ်ဆိုပြီး
ရေးသားဖော်ပြထားလိုက်သည့်အတွက် အမှားကြီးမှားတဲ့ သတင်းတစ်ပုဒ်
ဖြစ်သွားခဲ့ရပါတယ် သတင်းအရင်းအမြစ်ကို သေချာမလိုက်ခဲ့ပဲ
သေချာမလေ့လာခဲ့ပဲ ကြားသတင်းနဲ့ ရမ်းသမ်းပြီးရေးလိုက်တယ်ထင်ပါတယ်။
မကြာသေးခင်က ရွှေသံလွင်(Sky Net) ကဦးကျော်ဝင်းရဲ့ မိခင်ကိုလည်း
ဦးကျော်ဝင်းရဲ့ ဇနီးပါဆိုပြီး မှားယွင်းရေးသားမှုကိုလည်း တွေ့ ရှိရသလို
ချင်းပြည်နယ်၊ ပလက်ဝမြို့ ကိုလည်း ရခိုင်ပြည်နယ်၊ ပလက်ဝမြို့ ဆိုပြီး
မှားယွင်းရေးသားထားတာကိုလည်း ဝေဖန်ထောက်ပြပြောဆိုတာတွေ
တွေ့ ရှိခဲ့ရပါသည် ဒါတောင် ကျွန်တော်လက်လှမ်းမှီသလောက်သာ
မြင်တွေ့ သိရှိရသည့်အမှားများဖြစ်ပြီး အခြားသော ကဏ္ဍတွေမှာ
မည်သို့ မည်ပုံမှားယွင်းထားသေးသည်ကိုတော့မသိနိုင်ပါ။
ဒီတော့ သတင်း Source ကို သေချာမလေ့လာ မစုံစမ်းခဲ့ပဲ
ရမ်းပြီးရေးလိုက်တာဟာ မီဒီယာသမားများလိုက်နာရမည့်
ကျင့်ဝတ်တစ်ခုကိုဖောက်ဖျက်လိုက်တာပဲ သတင်းဖြစ်ပြီးရော
ဖြစ်ရပ်က မှန်သည် မမှန်သည်ကို အတည်မပြုပဲ ရေးသား
ဖော်ပြလေ့ရှိတဲ့အတွက် #Eleven အနေနဲ့ အမှားတွေခနတိုင်း
ကြုံတွေ့ နေတယ်လို့ ထင်ပါတယ်။
ရှေ့ဆောင်နွားက ဖြောင့်ဖြောင့်မသွားရင် နောက်လိုက်နွားတွေက
မည်သို့ မည်ပုံ ဖြောင့်ဖြောင့်သွားပါတော့မလည်း #Eleven ဆိုတာ
လက်ရှိအချိန်မှာ မြန်မာပြည်မှာ အကြီးဆုံး မီဒီယာကြီးတစ်ခုပါ
သိက္ခာရှိရှိ ရပ်တည်နိုင်ဖို့ ဆိုတာ အမှားကင်းပြီး ဘက်မလိုက်တဲ့
အရှိကိုအရှိအတိုင်း ဖြစ်ရပ်အမှန်အတိုင်းဖော်ပြပေးနိုင်မှသာ
စတုတ္ထမဏ္ဍိုင်အောက်က စစ်မှန်တဲ့ #Media တစ်ခုဖြစ်ပါလိမ့်မယ်။
လိုက်နာရမည့် စည်းကမ်းတွေ နည်းလမ်းတွေ ကျင့်ဝတ်သိက္ခာတွေကို
ရှေ့လျှောက် Eleven Media Group အနေနဲ့ အလေးထားပြီးဆောင်ရွက်
လိုက်မယ်ဆိုရင် အမှားကင်းပြီး စစ်မှန်တဲ့ မီဒီယာအဖြစ်မြင်တွေ့ ရမည်
ထင်ပါသည် မြင်လဲမြင်ချင်ပါသည် အမှားကင်းပြီးစစ်မှန်တဲ့
သတင်းတွေဖတ်ရှုရဖို့  #Eleven ကို အားလည်းအားကိုးချင်ပါသည်
ဆိုတာ ပြောကြားရင်း ဒီစာလေးနဲ့ ပဲ အသိပေးရေးသားလိုက်ပါတယ်ဗျာ။
မူရင်း - https://www.facebook.com/CityHunter.mm/posts/487961734692820
Post a Comment
Blogger Facebook DisqusComment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။