Ads (728x90)

သူခိုး လူမိလို့ ရှက်ပြီး ဖျက်တာလား
====================

မျိုးချစ်မြန်မာအိုင်တီလူငယ်တွေကို SE နည်းနဲ့ ယုံကြည်အောင်ပြောပြီး
ကီးလော့ဂျာတွေကာကွယ်တဲ့ Anti-Keylogger_Firefox Add-on လေးပါလို့
ယုံကြည်အောင်ပြော။ အင်စတောလုပ်ခိုင်းပြီး ပက်စ်ဝပ်တွေ ခိုးယူနေတဲ့
အက်အွန်လေးကို ခြေရာခံမိရာက ဆန်းစစ်လေ့လာကြည့်တော့ 
ပက်စ်ဝပ်သူခိုး အက်အွန် ဖြစ်နေတာကို တွေ့ရှိရတဲ့အတွက် အားလုံး 
သတိပြုနိုင်အောင်လို့ ပို့စ်အဖြစ် တင်ပြအသိပေးခဲ့ပါတယ် ...
Post Link > https://www.facebook.com/photo.php?fbid=471432736226433&l=4c438a65ff

အဲ့ဒီပို့စ်မှာ ရည်ညွှန်းတင်ပြထားတဲ့ အကောင့်ပါဖူးခဲ့ကြတဲ့လူတွေက 
အဲ့ဒီအက်အွန်ကို မသုံးခဲ့ပါဘူးလို့ ငြင်းဆိုသွားတဲ့လူ တစ်ယောက်မှရှိမလာ
သလို ညီလေးအချို့က သုံးခဲ့မိပါကြောင်း လာရောက်ဝန်ခံသွားပါတယ် ...
ဒါကြောင့် ပို့စ်မှာတင်ပြထားတဲ့အတိုင်း ပက်စ်ဝပ်ခိုးတယ်ဆိုတာကို သုံးသပ် 
အတည်ပြုနိုင်ဖွယ်ရာ ရှိပါတယ် ... (ညီတစ်ယောက်ကတော့ ပြောပါတယ် ...
ပက်စ်ဝပ် အသစ်ချိန်းပြီး မိနစ်ပိုင်းအတွင်းမှာပဲ ဒါ မင်းပက်စ်ဝပ်လားဆိုပြီး 
အဲ့ပက်စ်ဝပ်ကြီး လာပြောနေပါသတဲ့လေ ... ဘရောက်ဇာလေးခုမှာ 
အဲ့ဒီအက်အွန်တင်ထားတဲ့ ဖိုင်းယားဖောက်စ် တစ်ခုကပဲ ဖြစ်နေတာပါတဲ့ ... 
အကောင့်အများဆုံး လှူခဲ့တဲ့ အလှူရှင်ကြီးကပေါ့ ... သိတယ်ဟုတ် ... :P )

အဲ့ဒီပို့စ် တင်ပြပြီး ရက်ပိုင်းလေးမှာပဲ ကာလအတန်ကြာ တည်ရှိနေခဲ့တဲ့
အက်အွန်ဒေါင်းလုလင့်ဟာ Error (404) File not fond ဖြစ်သွားပါတယ် ...
ဘယ်အဖွဲ့ ဘယ်ပညာရှင်က လုပ်လုပ် အခုလို ရုတ်တရက် ဖျက်သွားတာဟာ
စဉ်းစားစရာ ဖြစ်လာပါတယ် ... လူမိလို့ ဖျက်ပစ်လိုက်တဲ့သဘောကို အလိုလို သက်ရောက်သွားခဲ့ပါတယ် ... ဒါ ဘာသဘောပါလဲ ...
ပယ်ဖျက်သွားတဲ့ မူရင်းလင့်ခ် > https://dl.dropbox.com/s/k0s5fjny5bnei0z/Anti-Keylogger.xpi
or Short link > goo.gl/fu3Xi

လေ့လာလိုတဲ့ Developer တွေအတွက် ပယ်ဖျက်သွားတဲ့ အက်အွန်ကို
မူရင်းအတိုင်း တင်ပြပေးလိုက်ပါတယ် ... ဒေါင်းလုထ်ချပြီး Firefox ကနေ Add-on အော့ဖ်လိုင်း အင်စတောလုပ်နည်းနဲ့ လုပ်ပေးရပါမယ် ...
ပြီးရင်တော့ ပက်စ်ဝပ်တွေကို စိတ်ရှိတိုင်း လှူလို့ရသွားပါလိမ့်မယ် ... :P
How to ... Tools > Add-ons > Setting > Install Add-on From File

Download > http://www.mediafire.com/download.php?9irzup5c5qwgz4m
Password > PoleStar
သူခိုး လူမိလို့ ရှက်ပြီး ဖျက်တာလား
====================

မျိုးချစ်မြန်မာအိုင်တီလူငယ်တွေ
ကို SE နည်းနဲ့ ယုံကြည်အောင်ပြောပြီး

Post a Comment

Blogger Disqus
  1. Ιt is available іn a sedаn or hаtchbaсk vеrsіοn.
    А sharp eуe and a little bit of speed іѕ
    all it takes to bеcome a Spot it. When a club experienсes a suсcеssful οr memorable seаson, generally there is one
    ρlayer or perhaps no more than two or threе ωho lead the сharge.

    Here is mу blog: done deal

    ReplyDelete

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...