Ads (728x90)

===========Photo: အီဘိုလာဗိုင်းရပ်စ်အတွက် စမ်းသပ်ဆေး ZMapp ကို တရားဝင်
အသုံးပြုနိုင်ကြောင်း WHO အတည်ပြု
====================================================

ဂျီနီဗာ၊ သြဂုတ် ၁၃

အီဘိုလာဗိုင်းရပ်စ်အတွက် အသုံးပြုနေသော စမ်းသပ်ဆေးကို ကမ္ဘာကျန်းမာရေးအဖွဲ့(WHO) ကတရားဝင်အသုံးပြုရန်ခွင့်ပြုခဲ့ကြောင်း သိရသည်။ 

ZMapp ဟုခေါ်သော ထိုစမ်းသပ်ဆေးကို အမေရိကန်မှ Mapp Biopharmaceutical ကုမ္ပဏီ ကထုတ်လုပ်ခဲ့ခြင်းဖြစ်သည်။ 

WHO ၏ ကြေညာချက်သည် ကုမ္ပဏီက ၄င်းတို့၏ ZMapp ဆေးအားလုံးကို  အနောက်အာဖရိကသို့ ပေးပို့ခဲ့ကြောင်း ပြောကြားခဲ့ပြီးနောက် အင်္ဂါနေ့တွင် ပေါ်ပေါက်လာသည်။ 

''အီဘိုလာဗိုင်းရပ်စ်၏ ပြန့်ပွားမှု အခြေအနေကြောင့် တရားဝင်မှတ်ပုံ တင်ထားခြင်းမရှိသည့် ZMapp ဆေး ကို အသုံးပြုရန် ခွင့်ပြုရခြင်းဖြစ် သည်''ဟု WHO အဖွဲ့၏ အရာရှိ တစ်ဦးဖြစ်သူမာရီ-ပူလီကီနီကဆို သည်။ 

အီဘိုလာဗိုင်းရပ်စ်အား လွန်ခဲ့သောနှစ်ပေါင်း ၄ဝခန့် ကတည်းက စတင်တွေ့ရှိခဲ့ပြီး ထိုဗိုင်းရပ်စ် သည် ယခုနှစ်အတွင်း ဆိုးဆိုးရွားရွား  ပြန့်ပွားလျက်ရှိသည်။ 

WHO ၏ကြေညာချက်အရ အီဘိုလာဗိုင်းရပ်စ်ကြောင့် သေဆုံး သူဦးရေသည် ၁,ဝ၁၃ ဦးအထိမြင့် တက်လာပြီးအများစုမှာ အနောက် အာဖရိကဒေသမှ ဖြစ်ကြောင်းသိရ သည်။ အီဘိုလာဗိုင်းရပ်စ်ပြန့်ပွားမှု ကို WHO အဖွဲ့က ကမ္ဘာလုံးဆိုင် ရာအရေးပေါ်ကျန်းမာရေးအခြေ နေဟုထုတ်ပြန်ထားပြီး လက်ရှိ အချိန်ထိ ထိုဗိုင်းရပ်စ်အား ကာကွယ် ရန် သို့မဟုတ် ကုသရန်ဆေးမရှိသေး ပေ၊ ထို့အပြင် အီဘိုလာဗိုင်းရပ်စ် အတွက် စမ်းသပ်ဆဲဆေးများ အသုံးပြုနေခြင်းသည် ဆေးပညာမှု ဆိုင်ရာကျင့်ဝတ်နှင့် မညီညွတ်ဟု လည်း ဝေဖန်မှုများ ပေါ်ပေါက်နေသည်။ ZMapp ဆေးများကို စတင် အသုံးပြုနေပြီးဖြစ်သော်လည်း ထို ဆေး၏ အကျိုးသက်ရောက်မှု များကို မျောက်များတွင်သာ စမ်းသပ်ရသေး သည်။ ထို့အပြင် ပမာဏအမြောက် အမြားထုတ်လုပ်ရန် ခက်ခဲသော ZMapp ဆေးအားလုံးကို လိုက်ဘေး ရီးယားတစ်နိုင်ငံတည်းသို့ ပေးပို့ထား ပြီး ဆီယာရာလီယွန်နိုင်ငံကလည်း ထိုဆေးများပေးပို့ပေးရန်တောင်း ဆိုထားသည်။ လက်ရှိအချိန်တွင် ZMapp ဆေးအားလုံးပြတ်လပ်သွား ပြီးဖြစ်သော်လည်း အီဘိုလာဗိုင်း ရပ်စ်တိုက်ဖျက်ရေးတွင် အထောက် အကူပြုနိုင်သည့် အခြားဆေးဝါး နှစ်မျိုးကို ဆေးပညာဆိုင်ရာစမ်းသပ် မှုများပြုလုပ်နေပြီဟု ကီနိုကဆိုသည်။

ထို့အပြင် ZMapp ဆေးများ ကို မျောက်များတွင် စမ်းသပ်ခဲ့ရာကောင်းမွန်သောရလဒ်များထွက်ပေါ် လာခဲ့သည်ဟုလည်း သူမကဆက်လက် ပြောကြားခဲ့သည်။ ယင်းကြောင့် ZMapp သည် တရားဝင်မှတ်ပုံတင် ထားခြင်းမရှိသော်လည်း မျောက်များ တွင် စမ်းသပ်မှုရလဒ်အရ အီဘိုလာ ဗိုင်းရပ်စ်တိုက်ဖျက်ရေးအတွက် ဘေး အန္တရာယ်ကင်းရှင်းစွာ အထောက် အကူပြုသည့် ဆေးတစ်မျိုး ဖြစ်လာနိုင်သည်ဟု သူမကအဆုံးသတ်ပြောကြား ခဲ့သည်။

Ref: AFP=========================================

Ref: AFP

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...