Ads (728x90)

Photo: မြန်နှုန်းပိုကောင်းမယ်၊ အသံပိုကြည်လင်မယ်၊ ဈေးနှုန်းမှန်မယ်ဆိုရင် လူတွေက ခင်ဗျားကို အားပေးကြမှာပဲ
==========================================
Yangon Times Journal | Vol - 10, No.31 (14~20 august, 2014)

မြန်မာ့ဆက်သွယ်ရေးကဏ္ဍကို နိုင်ငံပိုင် MPT (မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း) က တစ်ဦးတည်း နှစ်ပေါင်းများစွာလုပ်ကိုင်ခဲ့ရာမှ ယခုနှစ်တွင် ပြည်ပအခြေစိုက် Telenor နှင့် Ooredoo ကုမ္ပဏီများကို လုပ်ကိုင်ခွင့် အသီးသီးပေးအပ်ခဲ့သည်။ ထိုသို့လုပ်ကိုင်ခွင့်ရခဲ့ကြသည့် ပြည်ပကုမ္ပဏီနှစ်ခုထဲက တစ်ခုဖြစ်သည့် Ooredoo က ၄င်းတို့၏ ကတိအတိုင်း ခြောက်လအတွင်း ဈေးကွက်သို့ စတင်ရောင်းချပေးနေပြီဖြစ်သလို Telenor ကလည်း ၄င်းတို့၏ ကတိအတိုင်း ရှစ်လအတွင်း ဈေးကွက်သို့ဖြန့်ချိနိုင်ရန် အကောင်းဆုံးကြိုးစားနေသည်။ ယင်းအခြေအနေများနှင့် ပတ်သက်ပြီး Telenor Myanmar  မှ အမှုဆောင်အရာရှိချုပ် Mr. Petter Furberg အား ရန်ကုန်တိုင်းမ်ဂျာနယ်မှ သီးသန့်တွေ့ဆုံမေးမြန်းခဲ့သည်။

မေး- တယ်လီနောဆင်းမ်ကတ်နဲ့ပတ်သက်ပြီး အသံတွေ တိတ်နေတယ်လို့ မြန်မာပြည်သူတွေက ပြောဆိုဝေဖန်နေ ကြတယ်။ ပြီးတော့ အဲဒီလို အသံတိတ်နေတာကိုလည်း  တစ်နိုင်ငံလုံး စိတ်ဝင်စားမှုမြင့်တက်နေတယ်။ ဒါနဲ့ပတ်သက် ပြီး တယ်လီနောက မြန်မာပြည်သူတွေအတွက် ဘယ်လို ပြင်ဆင်မှုတွေလုပ်နေလဲဆိုတာ ပြောပြပေးလို့ရမလား။

ဖြေ- အသံတိတ်နေတယ်ဟုတ်လား (ရယ်လျက်) ဒီနေ ရာမှာ ကျွန်တော်တို့ မြန်မာပြည်သူတွေကို ဘယ်လိုကတိ ကဝတ်ပြုထားလဲဆိုတာကို ပြန်ကြည့်ရ ပါမယ်။ ကျွန်တော် တို့ ဆင်းမ်ကတ်ကို ရှစ်လအတွင်းဖြန့်ချိပေးမယ် လို့ ကတိ ပေးထားခဲ့တယ်။ ကျွန်တော်တို့ လုပ်ကိုင်ခွင့်လိုင်စင်ကို ၂ဝ၁၃ ဖေဖော်ဝါရီမှာ ရခဲ့တယ်။ သူတို့(အော်ရီဒူး)က ခြောက်လအတွင်းဖြန့်မယ်လို့ ကတိပေးထား တော့ သူတို့ ဈေးကွက်ထဲကို အရင်ဖြန့်ဖြစ်ခဲ့တာပဲလို့ဆိုရမှာပါ။

 ဒါ ပေမဲ့ ကျွန်တော်တို့ကတော့ ကိုယ့်အစီအစဉ်အတိုင်းပဲ ဆက်လုပ်သွားမှာပါ။ ဒီအချိန် ရှစ်လအတွင်းမှာ ဖြန့်ချိရေး တွေ၊အသံပိုင်းဆိုင်ရာလုပ်ဆောင်ချက်တွေ၊ ကုမ္ပဏီရဲ့ အိုင်တီစနစ်တွေအားလုံးကို ပေးထားတဲ့ ကတိအတိုင်း ပြင်ဆင်နေ ပါတယ်။ ဒါကြောင့် ပေး ထားတဲ့ကတိအတိုင်း စက်တင်ဘာ မှာ ဖြန့်ချိသွားမှာပါ။ အမှန်ကတိပေး ထားတဲ့ နောက်ဆုံးရက်က အောက် တိုဘာ ၅ရက်မတိုင်ခင်ပေါ့။ 

ဒါကြောင့် အဲဒီ အောက်တိုဘာ ၅ရက်မတိုင်ခင် ဖြစ်နိုင်တာက စက်တင်ဘာလ အတွင်း ကို ဖြန့်ချိပေးမှာပါ။ ဒီနေရာမှာ မြန် မာအစိုးရကို ကတိပြုထားတဲ့အပိုင်း တွေ အများကြီးရှိပါတယ်။ ဒီနေရာ မှာ package ပုံစံတွေ ၊ ဈေးနှုန်းတွေ၊ ဝန်ဆောင်မှုအရည်အသွေးတွေ၊ အသံ ပိုင်းဆိုင်ရာ ကြည်လင်ပြတ်သားမှု တွေ၊ ဝန်ထမ်းခန့်ထားမှုအပိုင်းတွေ ဒါတွေအားလုံး အစိုးရနဲ့သဘောတူ ထားတဲ့အတိုင်း ကျွန်တော်တို့ အတိ အကျလုပ်ဆောင်နေပါတယ်။

မေး- တယ်လီနော ဖုန်းခေါ်ဆိုခကို ၂၅ကျပ်သတ်မှတ်ထားတယ်လို့ ကျွန် တော်တို့ သိထားပါတယ်။ ဒီဈေးနှုန်း နဲ့ ကိုယ့်ဆင်းမ်ကတ်အသုံးပြုသူတွေ ကို ဘယ်လိုဝန်ဆောင်မှုမျိုးပေးသွား မလဲဆိုတာ ပြောပြပေးနိုင်မလား။ 

ဖြေ- ဒီ ၂၅ကျပ်ဆိုတာက ကျွန်တော် တို့ အစိုးရနဲ့ ကတိကဝတ်ပြုထားတဲ့ ဈေးနှုန်းပါ။ ဒါပေမဲ့ message  ပို့ခ တွေ အင်တာနက်အသုံးပြုခတွေစတဲ့ ကျွန်တော်တို့ ဝန်ဆောင်မှုနဲ့ပတ်သက် ပြီး ဈေးနှုန်းတွေကိုတော့ တကယ် ဈေးကွက်ထဲ စဖြန့်တဲ့အချိန်ကျရင် တရားဝင် ထုတ်ပြန်ပေးသွားမှာပါ။ 

အဲဒီအချိန်ကိုတော့ စောင့်ပေးစေချင် ပါတယ်။ ဝန်ဆောင်မှုအပိုင်းဟာ ပြည် သူတွေအတွက် အရေးအကြီးဆုံးအ ပိုင်းလို့ ကျွန်တော်တို့ခံယူထားပါတယ်။ အသံကြည်လင်ပြတ်သားဖို့ပေါ့။ ပြော ရရင် ဖုန်းဆက်တဲ့အချိန်မှာ ဟဲလို ဟဲလို ဟဲလိုဆိုပြီး အော်ပြောနေရတာ မျိုး မဖြစ်ရဘူး။ ဒါကြောင့် အရေး အကြီးဆုံးက ဖုန်းခေါ်ဆိုတဲ့အသံကြည်လင်ဖို့ပဲ။ ဒုတိယ ကတော့ အင်တာနက်လိုင်း ကောင်းဖို့ပေါ့။ လူတိုင်း အင် တာနက်သုံးနိုင်ရမှာပါ။ လူတွေက အင်တာနက်သုံး တဲ့ အချိန်မှာ ပိုကောင်းတဲ့လိုင်းပဲ လိုချင်တယ်။ ဒါမှ အက် ပလီကေးရှင်းတွေ၊ ဝက်ဘ်ဆိုက်တွေကို မြန်မြန်ဆန်ဆန် အသုံးပြုကြည့်ရှုနိုင်မှာပါ။ အဲဒီအချိန်မှာ ဘယ်သူမှ အင် တာနက်လိုင်းနှေးနေတာကို မကြိုက်ဘူး။ ကျွန်တော်တို့ ဖုန်းကိုသုံးတဲ့လူတွေအတွက် ဖုန်းခေါ်ဖို့ရော အင်တာနက် အတွက်ရော အကောင်းဆုံးဝန်ဆောင်မှုပေးသွားမှာပါ။  ပြီးတော့ နိုင်ငံတကာဖုန်းခေါ်ဆိုမှု တွေ မက်ဆေ့ခ်ျ ပေးပို့မှုတွေလုပ်နိုင်အောင်၊ အင်တာနက် ဒေါင်းလုပ်တွေကို လည်း မြန်နှုန်းမြင့်မြင့် နဲ့ လုပ်ဆောင်နိုင်အောင် အား လုံး ဖန်တီးပေးသွား 
မှာပါ။ အခြားသောဆန်းသစ်တဲ့ ဝန်ဆောင်မှုများစွာကို တယ်လီနောက ဖန်တီးပေးသွားမှာပါ။ 

မေး- တယ်လီနောရဲ့ ဖုန်းတာဝါတိုင် တည်ဆောက်ရေး လုပ်ငန်းတွေမှာ အခက်အခဲတချို့ရှိနေတယ်လို့ ကျွန်တော် တို့ သတင်းကြားရပါတယ်။ ဒီအပေါ်မှာရော လူကြီးမင်း အနေနဲ့ ဘယ်လိုမှတ်ချက်ပေးချင်ပါသလဲ။ 

ဖြေ- မြန်မာပြည်မှာ မိုဘိုင်းနက်ခ်ဝက်တွေထောင်ဖို့ အခက် အခဲရှိတယ်ဆိုတာကို လူတိုင်းသိမှာပါ။ တချို့နေရာမှာ တာဝါတိုင်ထောင်ဖို့ အခက်အခဲမရှိပေမယ့် တချို့နေရာ တွေမှာတော့ စိန်ခေါ်မှုတွေရှိပါတယ်။ အဓိကကတော့ ဘယ်သူမှ ကျွန်တော်တို့လိုတာဝါတိုင် အများကြီးတည် ဆောက်ဖို့ မလုပ်ကြပါဘူး။ ကျွန်တော်တို့ကတော့ ငါးနှစ် အတွင်းမှာ တာဝါတိုင် ၈ဝဝဝအထိ တည်ဆောက်သွားမှာ ပါ။ တာဝါတိုင်တစ်ခုဆောက်တိုင်းမှာ ဆောက်လုပ်ခွင့်ရဖို့ ထောက်ခံချက်ရအောင်လုပ်ဖို့ လိုပါတယ်။ အဲဒီကိစ္စကို ကျွန် တော်တို့ လေးလေးနက်နက်လုပ်ပါတယ်။ 

တရားမဝင် နည်းလမ်းတွေနဲ့ လုပ်ကိုင်လိုက်တာမျိုး လုံးဝလုံးဝမရှိပါဘူး။ တာဝါတိုင်မဆောက်ခင်မှာ ဆောက်လုပ်မယ့်မြေရဲ့ ပိုင်ဆိုင် မှု၊ မြေအနေအထား တိုင်းတာဖို့၊ စစ်ဆေးဖို့ စတဲ့ လုပ်ငန်း အဆင့်ပေါင်း အများကြီးရှိပါတယ်။ ပြီးတော့ မြေယာပိုင် ဆိုင်မှုဟုတ်မှန်ကြောင်း စာရွက်စာတမ်းတွေကိုစစ်ဆေးဖို့၊ ခွင့်ပြုချက်ရဖို့အတွက် သက်ဆိုင်ရာမြို့နယ် အာဏာပိုင် တွေနဲ့လည်း ညှိနှိုင်းမှုအများကြီးလုပ်ရပါတယ်။ ဒါ့အပြင် နေပြည်တော်မှာ ရှိတဲ့ အစိုးရတာဝန်ရှိသူတွေနဲ့ တာဝါ တိုင်တွေကို ဘယ်လိုပုံစံနဲ့ ဆောက်လုပ်မလဲဆိုတာလည်း ညှိနှိုင်းရပါတယ်။ ဒီမိုးရာသီမှာ တာဝါတိုင်ဆောက်တဲ့အခါ မှာလည်း မြေတွေက ပျော့ပြီးစိုနေတော့ ကျွန်တော်တို့မှာ အခက်အခဲတွေအများကြီးရှိပါတယ်။ ဆောက်လုပ်တဲ့နေရာ မှာ လည်း ဖြည်းဖြည်းချင်းပဲသွားရတယ်။ တကယ်လို့ လုပ်ငန်းစတာနှေးကွေးရင် မြန်မြန်ပြီးဖို့ဆိုတာ မလွယ်ပါ ဘူး။ ပြောရမယ်ဆိုရင် အဲဒီမြေကြီး တွေပျော့ပြီး ရေဝပ်နေတဲ့အနေအထား က တာဝါတိုင်ဆောက်ဖို့ နည်းနည်း အခက်အခဲဖြစ် စေပါတယ်။ ဘာလို့လဲ ဆိုတော့ တာဝါတိုင်ဆောက်ဖို့ မြေ တူးလိုက်တာ ရေကဝပ်နေပြီး ဒီရေ တွေကို အပြင်ရောက်အောင် အရင် ဆုံးရေစုပ်စက်နဲ့ စုပ်ထုတ်ရပါတယ်။ ဒါကြောင့် အချိန်တော့ယူရတာပေါ့။ 

ဒါပေမဲ့ ကျွန်တော်တို့က တာဝါတိုင် ၈ဝဝဝကို ငါးနှစ်အတွင်းအပြီးဆောက် မှာပါ။ အခု အစပိုင်း နည်းနည်းနှေး ကောင်းနှေးပေမယ့် နောက်ပိုင်းဆို တဖြည်းဖြည်းနဲ့မြန်လာမှာပါ။ အစိုးရ ကို ကတိပေးထားတဲ့အတိုင်း အချိန်မီ ပြီးစီးသွားမှာပါ။ ဒီနေရာမှာ မြန်မာ ပြည်သူတွေကို အသိပေးချင်တာက ကျွန်တော်တို့ ဆင်းမ်ကတ်ကိုစစရောင်း ချင်း တစ်နိုင်ငံလုံး သုံးစွဲလို့ ရဦးမှာ မဟုတ်ပါဘူး။ တာဝါတိုင် တိုးချဲ့လာ တာနဲ့အမျှ ကျွန်တော်တို့ဆင်းမ်ကတ် အသုံးပြုလို့ရမယ့် ဧရိယာဟာလည်း တဖြည်းဖြည်း ပိုကျယ်လာမှာပါ။ 

မေး- ထိုင်းနိုင်ငံမှာ တယ်လီနော ဆင်းမ်ကတ်ကို Happy Card ဆိုပြီး ရောင်းပေးပါတယ်။ အဲဒီ Happy Card ဟာဆိုရင် ထိုင်းမှာ အရမ်းနာမည် ကြီးတဲ့ အမှတ်တံဆိပ်လို့ ကျွန်တော် တို့ သိရပါတယ်။ မြန်မာနိုင်ငံမှာလည်း ထိုင်းမှာလို တယ်လီနောဆင်းမ်ကတ် ကို Happy Card အနေနဲ့ ရောင်းချ ပေးဖို့အစီအစဉ်ရှိမရှိ သိချင်ပါတယ်။

ဖြေ- အခုအစမှာတော့ အစီအစဉ် မရှိပါဘူး။ ဒီအစပိုင်းမှာ တယ်လီနော အနေနဲ့ပဲ မြင်ရမှာပါ။ နောက်ပိုင်း ဘယ်လိုဖြစ်လာမလဲဆိုတာတော့ ကျွန် တော်မသိပါဘူး။ အနာဂတ်မှာ(May be) ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ 

မေး- တယ်လီနောဆင်းမ်ကတ်ကို ဘယ်လိုပုံစံမျိုးနဲ့ ရောင်းချပေးသွားမလဲ။ ပြီးတော့ အင် တာနက်အသုံးပြုခကိုရော ဘယ်လိုယူမလဲ သိပါရစေ။

ဖြေ- ဒါနဲ့ပတ်သက်ပြီး ကျွန်တော်မပြောနိုင်ပါဘူး။ ဘာ ကြောင့်လဲဆိုတော့ ပြိုင်ဆိုင်မှုတွေရှိနေသရွေ့ ဈေးနှုန်း က အပြောင်းအလဲဖြစ်နေမှာပါ။ 
ဒါကြောင့် အခုအချိန်မှာ ကျွန်တော်တို့ဘက်က ဈေးနှုန်းကိုမပြောနိုင်သေး ပေမယ့် တကယ် ဆင်းမ်ကတ်ထုတ်ရောင်း တဲ့အချိန်ကျရင် ဈေးနှုန်းနဲ့ ပတ်သက်ပြီး အားလုံးကို အသေးစိတ်ထုတ်ပြန်ပေးသွားမှာပါ။ ဒီအချိန်မှာ ပြောနိုင်တာ က ဖုန်းခေါ်ဆိုခကတော့ ၂၅ကျပ်ထက် လုံးဝပိုမှာမဟုတ်ပါဘူး။ 

မေး- အစိုးရပိုင် MPT က ဖုန်းခေါ်ဆိုခကို ၂၅ကျပ်လျှော့ချဖို့ ညှိနှိုင်းနေတယ်လို့ ကြားရပါတယ်။ ဒါနဲ့ပတ်သက် ပြီး သူတို့က လူကြီးမင်းတို့တယ်လီနောကို ခေါ်ပြီးညှိနှိုင်း ဆွေးနွေးမှုတွေလုပ်တာများ ရှိပါသလား။ 

ဖြေ- မရှိပါဘူး။ သိလည်းမသိပါဘူး။ ဒါတွေနဲ့ပတ်သက်ပြီး ဘယ်တုန်းကမှလည်း ပါဝင်ဆွေးနွေးတာ မျိုး မလုပ် ပါဘူး။ ကျွန်တော်တို့က ပြိုင်ဆိုင်မှုကို ယုံကြည်တယ်။ ဒီပြိုင်ဆိုင်မှုကပဲ ပြည်သူတွေအတွက် ဖုန်းအသံကြည်ကြည် လင်လင်ကြားရဖို့၊ အင်တာနက်ကောင်းကောင်းသုံးရဖို့ အထောက်အကူပြုမှာပါ။ အခုချိန်မှာ ဈေးကွက်ထဲမှာ ပြိုင်ဘက်သုံးယောက်ရှိနေပါတယ်။ အားလုံးက ပြည်သူတွေအတွက် ကောင်းမွန်တဲ့ဝန်ဆောင်မှု ရအောင်လုပ်နေ ကြပါတယ်။ တကယ်လို့ ခင်ဗျားဟာက မြန်နှုန်းပိုကောင်းမယ်၊ အသံပိုကြည်လင်မယ်၊ ဈေးနှုန်းမှန်မယ်ဆိုရင် လူတွေက ခင်ဗျားကို အားပေးကြမှာပဲ။ 

မေး- တယ်လီနောဆင်းမ်ကတ် ဖြန့်ချိမယ့်နေ့ရက်ကို အတိအကျပြောပြနိုင် မလား၊ အဲဒီ စဖြန့်ဖြန့်ချင်းမှာ အရေ အတွက် ဘယ်လောက်ဖြန့်သွားဖို့ရှိလဲ။ 

ဖြေ- စက်တင်ဘာလအတွင်းမှာပဲလို့ပြောပါရစေ။ ပထမဆုံးစဖြန့်မယ့်နေရာတွေက မန္တလေး၊ ရန်ကုန်နဲ့ နေပြည် တော်ပေါ့။ အဲဒီမြို့တွေက လူဦးရေပိုထူ ထပ်တယ်။ နောက်ပိုင်းကျရင်တော့ တခြားမြို့တွေကို တဖြည်းဖြည်းချင်း ဖြန့်သွားမှာပေါ့။ 

မေး- အော်ရီဒူးက ကြော်ငြာအားကောင်းကောင်းနဲ့ ဈေးကွက်ထဲကိုထိုးဖောက်ဖို့ သူ့ရဲ့ပစ္စည်းကိုကြော်ငြာနေတယ်။ လူကြီးမင်းတို့ တယ်လီနောကရော ဈေးကွက်ကို သိမ်းပိုက်နိုင်ဖို့ ဘယ်လိုစီစဉ်ထားလဲ။

ဖြေ- ဒီနေရာမှာ ခင်ဗျားပြောခဲ့တဲ့ အရမ်းအသံတိတ်နေတယ်ဆိုတဲ့မေးခွန်းကိုပဲ ပြန်ပြောရမယ်။ ခင်ဗျားမှတ်မိမှာပါ။ မြန်မာပြည်ထဲကို ကုမ္ပဏီကြီးတွေ ဝင်လာတော့မယ်ဆိုတော့ မြန်မာပြည်သူတွေ သိကြပါတယ်။ အဲဒီကုမ္ပဏီ တွေက သိပ်ကြီးတော့ လူတွေ ကောင်းကောင်းသိကြတယ်။ ဒါကြောင့် ကျွန်တော်တို့က ကိုယ့်ကိုယ် လူသိအောင် အများကြီးဖန်တီးနေစရာမလိုပါဘူး။ ကျွန်တော်တို့မှာ ဈေးကွက်ကိုထိုးဖောက်ဖို့ အစီအစဉ်တွေ ရှိပြီးသားပါ။ တကယ်ဖြန့်ချိခါနီးအချိန်ကျရင် ကျွန်တော်တို့က ရုပ်မြင်သံကြားတွေ၊ ရေဒီယိုတွေ၊ Billboard တွေကတစ်ဆင့် ပြည်သူတွေကို ကိုယ့်ရဲ့ဆင်းမ်ကတ် တွေ ဘာကြောင့်ဝယ်ယူအားပေးသင့်လဲဆိုတာ လုပ်ဆောင်သွားမှာပါ။ ဒါတွေ အားလုံးကို ဆင်းမ်ကတ်စမရောင်းခင် ရက်ပိုင်းအချိန်လေးအတွင်းမှာ လုပ်ဆောင်သွားမှာပါ။ ဒါတွေအားလုံးဟာ ကျွန်တော်တို့ရဲ့ constructive strategy  (တည်ဆောက်ပုံမဟာဗျူဟာအရ) ပါ။ 

တယ်လီနောဆင်းမ်ကတ်ကိုဝယ်လို့ မရခင် ပြည်သူတွေကို တယ်လီနော အကြောင်း သိပ်မပြောချင်ပါဘူး။ ကျွန်တော်တို့ ရောင်းချဖို့အသင့်ဖြစ်လာတဲ့ အချိန်၊ လူတွေက ဆိုင်တွေမှာ တယ်လီနောဆင်းမ်ကတ်ကို ဝယ်လို့ရမယ့် အချိန်ကြရင် တယ်လီနောကို ခင်ဗျား အများကြီးတွေ့ရမှာပါ။ ကျွန်တော်တို့မှာ ရောင်းဖို့ဘာမှမရှိသေးခင်အချိန်မှာ ကိုယ့်ဆင်းမ်ကတ်အကြောင်းကို အများကြီးပြောနေဖို့ မလိုအပ်ဘူးလို့ပဲမြင်ပါတယ်။ 

မေး-အခုမြန်မာပြည်ကိုတယ်လီနောကယူသွင်းလာတဲ့ဆက်သွယ်ရေးနည်းပညာ ဟာ တခြားသူတွေနဲ့ ဘယ်လို ထူးခြားကွဲပြားမှုတွေရှိနိုင်ပါသလဲ။

ဖြေ- အရိုးရှင်းဆုံးပြောရမယ်ဆိုရင်တော့ ကျွန်တော်တို့ 2G ရော 3G ရော နည်းပညာနှစ်ခုစလုံးနဲ့ မြန်မာပြည် ဈေးကွက်မှာ ဖြန့်သွားမှာပါ။ 3G နည်းပညာက သိပ်ကောင်းပါတယ်။ ဘာကြောင့်လဲဆိုတော့ ဘယ် GSM ဖုန်း မဆို တယ်လီနောနက်ခ်ဝက်ကို သုံးလို့ရတယ်။ ပြောရမယ်ဆိုရင် GSM ဖုန်းဆိုတာ ကမ္ဘာပေါ်မှာ ဈေးအသက် သာဆုံး ဖုန်းအမျိုးအစားပါ။ ပြီးတော့ 2G ဆိုရင်လည်း ဝင်ငွေနိမ့်ပြည်သူတွေအတွက် အရမ်းအဆင်ပြေပါတယ်။ ချမ်းသာတဲ့လူတွေအတွက် ဈေးကြီးတဲ့ဖုန်းကို နှစ်သိန်းကနေ ငါးသိန်းတန်အထိ ဝယ်ကိုင်လို့ရပါ တယ်။ 

ဒါပေမဲ့ကျေးလက်မှာနေတဲ့ဝင်ငွေနည်းပြည်သူတွေအတွက်တော့ ဈေးကြီးတဲ့ ဖုန်းကိုဝယ်ဖို့ အခွင့်အရေးနည်းတယ်။ သူတို့အတွက်ကတော့ ဒေါ်လာ ၂ဝ တန်ဖုန်းလောက်ဆို ဖြစ်နိုင်လို့ 2G ကို ပိုပြီးအလေးထားကြမှာပါ။ အင်တာနက် သုံးချင်သူတွေအတွက်တော့ အထူးသဖြင့် ဗီဒီယိုဒေါင်းလုပ် ကောင်းကောင်း လုပ်ချင်သူတွေအတွက်တော့ 3G ဖုန်းကို အသုံးပြုဖို့လိုပါတယ်။ ပြီးတော့ အင်တာနက် Upload လုပ်ဖို့၊ အင်တာနက်စာမျက်နှာတွေကြည့်ဖို့နဲ့ e-mail   ပို့ဖို့အတွက် ဆိုရင်တော့ 2G Network  နဲ့ သုံးလို့ရပါတယ်။ အထူးသဖြင့် 3G တွေက ဗီဒီယိုဖုန်းခေါ်ဆို သူတွေအတွက်ပေါ့။ ကျွန်တော်တို့ ဈေးကွက်ပစ်မှတ် ကတော့ 2G, 3G ရယ်လို့မရှိပါဘူး။ တစ်နိုင်ငံလုံးအတိုင်းအ တာနဲ့ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်အောင် ရည်ရွယ်ထားတယ်။ ဒါကို Mass Markets လို့ခေါ်ပါတယ်။ ကျေးလက်မှာ ရှိတဲ့လူတွေပါ တယ်လီနောဆင်းမ်ကတ်ကို ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုပြီး လူတိုင်းအင်တာနက်အသုံးပြုနိုင်အောင် စီစဉ်ထားပါတယ်။ 

မေး- မြန်မာပြည်မှာ ဆက်သွယ်ရေးလုပ်ငန်းတွေလုပ်ကိုင်ဖို့ MPT က ဂျပန်  KDDI  နဲ့ လက်မှတ်ထိုးလိုက်တဲ့ အပေါ်မှာ လူကြီးမင်းအနေနဲ့ ဘာများ မှတ်ချက်ပေးလိုပါသလဲ။ 

ဖြေ- ဈေးကွက်ထဲမှာ ကျွန်တော်တို့ပြိုင်ဘက်တွေ အများကြီးပါ။ သူတို့ကိုကြို ဆိုပါတယ်။ ခင်ဗျားအနေနဲ့ ပြိုင်ဆိုင်မှု တွေကို မြင်ရမှာပါ။ 

မေး- အော်ရီဒူးက သူတို့ဆင်းမ်ကတ်ကို ဈေးကွက်မှာ ၁၅ဝဝ နဲ့ရောင်းမယ်ဆိုပြီး ကြေညာခဲ့ပေမယ့် တကယ်တမ်း ရောင်းတဲ့အခါမှာ တချို့ဆိုင်တွေက ကျပ်ငါးထောင်၊ ရှစ်ထောင်၊ တစ်သောင်း စသည်ဖြင့် ဈေးတင်ရောင်းကြတာ ရှိခဲ့တယ်။ လူကြီးမင်းတို့ တယ်လီနောကတ်ကိုရော ဒီလိုမျိုးဆိုင်တွေမှာ ဈေးတင်ရောင်းတဲ့ပြဿနာမျိုးနဲ့ ကြုံလာ နိုင်ပါသလား။

ဖြေ- လုံးဝမရှိနိုင်ပါဘူး။ အဲဒီလိုမျိုးမဖြစ်အောင် သေချာတဲ့အစီအစဉ်တွေ ကျွန်တော်တို့မှာ ရှိပါတယ်။ ပြောရမယ် ဆိုရင် ကျွန်တော်တို့မှာ ဖြန့်ချိရေးနဲ့ ပတ်သက်ပြီး တိကျမှန်ကန်တဲ့မူဝါဒတွေ ရှိပါတယ်။ ဒါကြောင့် တယ်လီနော ဆင်းမ်ကတ်ကို ဘယ်သူတစ်ဦးတစ်ယောက်မှ ကျပ် ၁၅ဝဝ ထက်ပိုပေးစရာမလို ဘဲ ဝယ်ယူအသုံးပြုနိုင်ကြမှာပါ။

မေး- လူကြီးမင်းအနေနဲ့ တခြားဖြည့်စွက်ပြောချင်တာများရှိရင်လည်း ပြောပေးပါဦး။ 

ဖြေ- အခု ကျွန်တော်ပြောနိုင်တာက စက်တင်ဘာမှ ကျွန်တော်တို့ ဆင်းမ်ကတ်ကိုအသေအချာဖြန့်ပေးသွားမှာပါ။ရှေ့သိပ်မကြာတော့မယ့်အချိန်  မှာ ကျွန်တော်တို့ဖုန်းကတ်ကို မြင်ရတော့မှာပါလို့ပဲ ပြောပါရစေ။

အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

#YangonMediaGroup ™ | www.yangonmedia.com | Telenor Myanmar

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...