Ads (728x90)


-

-


၁၉၆၀ လောက်တုန်းကစီအိုင်အေက
ရုရှားနဲကရင်မလင်ကိုထောက်လှမ်းရေးလုပ်စဉ်မှာကြောင်တွေ
ကိုအသုံးပြုခဲ့ပါတယ်။ကြောင်တွေကိုခွဲစိတ်ပြီးဘက်ထရီ၊အန်တီနာ၊မိုက်ကရိုဖုန်းတွေထည့်ပြီးနားထောင်လိုရတဲ့ပရိုဂရမ်တခုအဖြစ်အသုံးပြုခဲ့ပါတယ်။ Acoustic Kitty လို့ခေါ်ပါတယ်။
၁၉၅၀လောက်တုန်းကသမ္မတထရူးမင်းကတရုတ်ပြည်ကိုစီးဖို့အတွက်စီအိုင်အေကိုစေလွှတ်ခဲ့ဖူးပါတယ်။ရွှေတြိဂံနယ်မြေမှာစီအိုင်အေတွေကျက်စားဖူးပါတယ်။မြန်မာကသိပြီးစီအိုင်အေထောက်ပံ့ထားတဲ့ ကူမင်တန် တပ်ဖွဲတွေကိုမောင်းထုတ်ခဲ့ဖူးပါတယ်။ရှမ်းပြည်မှာဘိန်းအကြီးအကျယ်စိုက်ပျိုးမှူတွေဟာအဲဒီတုန်းကကူမင်တန်အဖွဲ့တွေကိုထောက်ပံရာမှာတစိတ်တပိုင်းဖြစ်ပါတယ်။
ဗိုလ်ချုပ်ကြီးနေဝင်းရဲ့ခေတ်မှာ MI ဆိုပြီး အားလုံးကြောက်ရတဲ့ MI တင်ဦး ဟာဆိုရင်လည်း ဦးနေဝင်းရဲ့ ခိုင်းစေမှုကြောင့် ဆိုင်ပန်ကျွန်းမှာ စီအိုင်အေရဲ့ သင်တန်းပေးတာကို ခံယူခဲ့ရသူတဦးပါ။ အဲဒီခေတ်က ထောက်လှမ်းရေး အရာရှိတွေက အမေရိကန်မှာ ထောက်လှမ်းရေး မွမ်းမံသင်တန်းတွေလည်း တက်ခွင့်ရခဲ့တာဖြစ်ပါတယ်။ကာကွယ်ရေးဦးစီးချုပ်ရာထူးကို တော်တော်ကြာကြာ ထမ်းဆောင်သွားခဲ့တဲ့ ဗိုလ်ချုပ်ကြီးသူရကျော်ထင် ကလည်း အမေရိကန် စစ်တက္ကသိုလ်မှာ တနှစ်သွားပြီး ပညာသင်ယူခဲ့ဖူးပါတယ်။
စိတ်ဝင်စားစရာအချက်ထဲမှာမြန်မာပြည်ဟာကမ္ဘာမှာအာဖကန်ကဟီးရိုးအင်းပင်မထုတ်တယ်
လို့ပြောလို့ရတဲ့ဟာမစ်ကဇိုင်းပြီးရင်ဒုတိယအကြီးကျယ်ဆုံးမူးယစ်ဆေးဝါးထုတ်နေတာပါ၊အဓိကကမက်သာဖက်တမင်းထုတ်လုပ်နေမှူဖြစ်ပါတယ်။နောက်ထပ်စိတ်ဝင်စားစရာအချက်ကအာရှတခွင်မှာအလိုချင်ဆုံးအကြမ်းဖက်ဟမ်ဘာလီ
ဟာမြန်မာပြည်မှာခိုအာင်းနေခဲဖူ့းပါတယ်
အိန္ဒယထောက်လှမ်းရေးတွေရဲ့ပြောချက်အရတရုပ်ပြည်ဟာမြန်မာပြည်ကိုကိုးကျွန်းမှာအီလက်ထရောနစ်ဆာဘေးလန့်စောင့်ကြည့်လေ့လာရေးပြုလုပ်နိုင်တဲ့အစီအစဉ်တွေ၊ပစ္စည်းတွေကိုအသုံးပြုနိုင်အောင်ခြေကုပ်ယူထားပြီးအိန္ဒယသမုဒ္ဒယာကို
အလွယ်တကူဝင်ရောက်နိုင်ဖို့တရုပ်ရေတပ်စခန်းကိုလဲတပ်ဆွဲဖို့အဆောက်အအုံတွေဆောက်နေတယ်လို့သိရပါတယ်။
မလက္ကာရေလက်ကြားဟာတရုပ်ပြည်ရဲ့အသက်သွေးကြောဖြစ်ပါတယ်။ဒါကြောင့်တရုပ်ပြည်ဟာပေ၁၈၀၀ရှည်လျားတဲ့ဂက်စ်ပိုက်လိုင်းကို
စစ်တွေကနေယူနန်ထိဖောက်ပြီးပထဝီအနေအထားအရအသာစီးယူထားတာဖြစ်ပါတယ်။မြန်မာပြည်ဟာတရုပ်ပြည်ရဲ့လိုအပ်ချက်မှန်သမျကိုဖြည့်ဆည်းပေးနေပုံရပါတယ်
ကမ္ဘာ့ပထဝီအနေအထားအရအင်မတန်အရေးပါတဲ့နေရာတကြောလုံးကိုစောင့်ကြည့်လေ့လာဖို့အမေရိကန်ကလဲမြန်မာပြည်မှာခြေကုပ်လိုချင်နေပါတယ်။ခန့်မှန်းတာကမြန်မာပြည်အစိုးရကိုပင်လယ်ကမ်းခြေတလျောက်
မိုင်၃၀၀၀ခန့်လောက်ခြေကုပ်စခန်းတွေကိုအခြေချနိုင်ဖို့အတွက်အကြမ်းဖက်ကာကွယ်ဖို့ဆို
တဲ့ခေါင်းစဉ်အောက်ကနေသွားဖို့ရှိပါတယ်။အဓိကကအက်တမန်ပင်လယ်၊ဘင်္ဂလားပင်လယ်အော်အစရှိတာပယ်အန်တာတိတ်အထိတကြောလုံးကိုစောင့်ကြည့်နိုင်ဖို့ဖြစ်ပါတယ်။
တရုပ်နဲ့အမေရိကန်ဟာစွမ်းအင်ထုပ်လုပ်ပို့ဆောင်လို့ရမဲ့အချက်အချာဒေသမှန်သမျကိုခြေကုပ်ယူဖို့ကြိုးစားကြတာအားလုံးအသိပဲဖြစ်ပါတယ်။ဒီကြားထဲမှာမြန်မာနိုင်ငံဟာဘယ်လိုအကောင်းဆုံးရပ်တည်နိုင်မလဲဆိုတာကတော့
စိတ်ဝင်စားစရာအကောင်းဆုံးပဲဖြစ်ပါတယ်။
OMO__________________________________________________________
Ohn Mar Oo
about an hour ago
ကူမင်တန်ဘိန်းအကြောင်း၊စီအိုင်အေတွေအရင်တုန်းကဘယ်လိုလုပ်ခဲ့သလဲအသေးစိတ်ကိုဒီသတင်းစာမျက်ငှါတွေမှာဖတ်လို့ရပါတယ်။လင့်တွေပြန်ရှယ်ပေးလိုက်ပါတယ်။
၉-၃-၁၉၅ဝ –
တရုတ်ပြည်မကြီးက ဆုတ်ခွာလာကြတဲ့ ကူမင်တန် တပ်ဖွဲ့အင်အား ၈ဝဝ ရှိတဲ့ နောက်ဆုံးအသုတ် အကြွင်းအကျန်တပ်ဖွဲ့ကို တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်က အတင်း လိုက်လံ တိုက်ခိုက်လေတယ်။ စစ်ရှုံးကူမင်တန်တပ်ဟာ တောင်ပိုင်းနယ်စပ်မျဉ်းကို ဖြတ်ကျော်ပြီး မြန်မာနိုင်ငံနယ်နိမိတ်အတွင်းပိုင်းဆီ ထိုးဖောက်ရောက်ရှိလာပါတယ်။
ဒီတပ်ဖွဲ့ရဲ့ ဦးစီးကွပ်ကဲရေးမှူး က အမှတ် ၈ တပ်မဟာ၊ ၂၃၇ တပ်မ၊ တပ်ရင်းတပ်ဖွဲ့ကြီး ၇ဝ၉၊ တပ်ရင်းတပ်ဖွဲ့မှူးကြီး မေဂျာဂျင်နရယ် လီကို့ဟွေး ဖြစ်ပါတယ်။ မြန်မာပြည်အရှေ့ဘက် အရေးပါတဲ့ တာချီလိတ်ရဲ့ မိုင်းပန်ရွာကလေးမှာ ဂျင်နရယ်လီကို့ဟွေးနဲ့ အကြွင်းအကျန် အကြပ်တပ်သား ၆ဝဝ ကျော်တို့ တစုတဝေးထဲ တပ်စခန်းချ ထားကြတယ်။ ဒီတပ်ဖွဲ့ရဲ့ဦးစီး ကွပ်ကဲရေးအရာရှိက အမှတ် ၂၆ တပ်မဟာ၊ ၉၃ တပ်မ၊ ၂၇၈ တပ်ဖွဲ့ တပ်ရင်းမှူးကြီး ထန်ကျုန်း ဖြစ်ပါတယ်။ တပ်နှစ်တပ် ပေါင်းစည်းလိုက်ပြီး ‘ပြန်လည်ဆန်းသစ် စိုးမိုးရေး တပ်ဖွဲ့’ ဆိုပြီး ဖွဲ့လိုက်ကြတယ်။
http://moemaka.wordpress.com/2008/11/29/golden-triangle-part-4/
စီအိုင်အေကမူးရစ်ဆေးဝါးဖောက်ကားမှူတွေမှာပါဝင်တာစွပ်စွဲချက်တွေကိုဖတ်ချင်ရင်တော့
http://en.wikipedia.org/wiki/Allegations_of_CIA_drug_trafficking
သမ္မတထရူးမင်းရဲ့ပတ်သက်မှူတွေကိုဖတ်ချင်ရင်
http://darkpolitics.wordpress.com/cia-involvement-in-drug-smuggling-part-2/
မြန်မာနဲ့ အမေရိကန် ဆက်ဆံရေး သမိုင်းကိုအကျဉ်းချုပ်လေ့လာချင်ရင်
http://burma.irrawaddy.org/article/2011/11/30/3052.html
မြန်မာပြည်မူးယစ်ဆေးဝါးထုတ်လုပ်မှုအကြောင်းတွေကိုလေ့လာချင်ရင်
အမေရိကန် နိုင်ငံခြားရေးဌာနက ၂ဝ၁၃ ခုနှစ်အတွက် နိုင်ငံတကာ မူးယစ်ဆေးဝါး ထိန်းချုပ်မှုဆိုင်ရာ အစီရင်ခံစာကို မတ်လ ၁၂ ရက်နေ့စွဲနဲ့ ထုတ်ပြန်ခဲ့ရာမှာ မြန်မာနိုင်ငံ အပါအဝင် နိုင်ငံ ၂၂ ခုကို ကမ္ဘာပေါ်မှာ မူးယစ်ဆေးဝါး အဓိကထုတ်လုပ် ကူးသန်းရောင်းဝယ်နေ တဲ့ နိုင်ငံတွေအဖြစ် ဖေါ်ပြထားပါတယ်။
http://en.wikipedia.org/wiki/Golden_Triangle_(Southeast_Asia)
http://www.rfa.org/burmese/news/myanmar-drug-03122013231254.html
http://www.burmanet.org/news/2014/04/14/the-irrawaddy-making-opium-and-the-past-go-away/#more-41796____________________________________________Ohn Mar Oo
2 hours ago
မလက္ကာရေလက်ကြားဘာလို့အရေးကြီးသလဲလေ့လာနိုင်ဖို့ပြန်ရှယ်ပေးပါတယ် :):)
ကျောက်ဖြူ ရေနက်ဆိပ်ကမ်းနဲ့ တရုတ်နိုင်ငံ၏ အကျိုးစီးပွား
ကမ္ဘာ့စီးပွားရေးအင်အားကြီးနိုင်ငံတွေဟာ တနေ့တခြားကြီးထွားလာနေတဲ့ သူတို့ရဲ့စွမ်းအင် လို အပ်ချက် ပြည့်မှီအောင်ရရှိရေးအတွက် နည်းမျိုးစုံနဲ့ကြိုးပမ်းလာတာကို (၂၁)ရာစု အစပိုင်း နှစ်တွေမှာ တွေ့လာရတယ်။ အဲဒီလိုအင်အားကြီးထွားလာနေတဲ့ အထဲမှာ အာရှနဂါး အဖြစ်နာမည် ကြီတဲ့ တရုတ်ဟာ ကမ္ဘာ့ စီးပွားရေးနေရာမှာ နံပါတ်နှစ်ကို ရောက်ရှိလာ ခဲ့ပါတယ်။ စီးပွားရေးကြီးထွားလာမှုနဲ့အတူ စွမ်းအင်လိုအပ်ချက်ကလည်း ကြီးထွားးလာခဲ့ ပါတယ်။ တရုတ်နိုင်ငံဟာ စွမ်းအင်သုံးစွဲတဲ့နေရာမှာ ကမ္ဘာ့ နံပါတ် (၃) နေရာကိုရောက် ရှိလာခဲ့တယ်။ စွမ်းအင်အတွက် လိုအပ်တဲ့ လောင်စာအများစု ကိုတော့ အရှေ့အလယ် ပိုင်းက သင်္ဘာကြီးတွေ သယ်ယူပါတယ်။ အဲဒီလိုသင်္ဘေတွေနဲ့ သယ်ယူရာမှာ လမ်းခရီးရှည်လျားမှု အချိန်ကာလကြန့်ကြာမှု ငွေကြေးကုန်ကျမှု မြင့်မားခြင်း နဲ့ အန္တရာယ်ကြီးမားခြင်းတို့ဟာ ရေ ရှည်မှာ တရုတ်နိုင်ငံရဲ့စီးပွားရေး အင်အားကြီးထွားမှုကိုအကြီးအကျယ် ခြိမ်းခြောက်လာနိုင်တဲ့ အချက်ဖြစ်နေပါတယ်။
တရုတ်နိုင်ငံရဲ့ အနာဂါတ်လောင်စာသယ်ယူရေးကို အဓိကခြိမ်းခြောက်လာနိုင်တဲ့အချက်က တော့ တောင်တရုတ်ပင်လယ် အတွင်းရှိတဲ့( စပရယ်တလီ) ကျွန်းစု အငြင်းပွားမှုဘဲ ဖြစ်ပါတယ်။ အဲဒီကျွန်းစုတွေက ရေနံနဲ့သဘာဝဓါတ်ငွေ့သိုက်တွေ ရှိနေတော့ တရုတ်၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား နဲ့ ဗီယက်နာမ်နိုင်ငံတွေက သူပိုင်ကိုယ်ပိုင် အငြင်းပွားနေ ကြခြင်း ဖြစ်ပါတယ်။ ဒီကျွန်းစုပိုင်ဆိုင်မှုအငြင်းပွားတွေကြောင့် တခါတလေမှာစစ်ရိပ်စစ်ငွေ့တွေ တောင်သန်းခဲ့ဘူးပါတယ်။ အငြင်းပွားမှုထဲမှာပါတဲ့ နိုင်ငံတွေကလည်းလျော့ပေးမယ့် နိုင်ငံတွေမရှိပါဘူး။
ဒါကြောင့်တရုတ်ဟာ အဂါတ်မှာ သူရဲ့လောင်စာသယ်ယူရာလမ်းကြောင်း လုံခြုံရေးအာမခံချက် ရှိရေးဟာ အဓိကအချက် ဖြစ်လာခဲ့ပါတယ်။ မလက္ကာရေလက်ကြား ကိုအစားထိုးမယ့် လမ်းကြောင်းသစ် များကို စတင်ရှာဖွေလာခဲ့တယ်။
ရှေးခေတ်တရုတ်နိုင်ငံထွက် ပိုးထည်းနဲ့ ကြွေထည် ပစ္စည်းတွေကို အရှအလယ်ပိုင်းနဲ့ အနောက်နိုင်ငံတွေမှာ ရောင်းချရေး အတွက် ပိုလမ်းမ (Silk Road) မြန်မာ၊ အိန္ဒိယ၊ ပါကစ္စတန် နဲ့ အာဖဂန်) ကိုအသုံးပြုခဲ့ပါတယ်။ (၂၁) ရာစု တရုတ်နိုင်ငံရဲ့ စွမ်းအင်လုံခြုံရေး ကအဓိက ကျသလို တရုတ်နိုင်ငံရဲ့ ကုန်တွင်းပိုင်းပြည်နယ်တွေဟာ ဆင်းရဲချမ်းသာကွဟ မှုဒဏ် ကိုအဓိကခံနေရတဲ့ ပြည်နယ်တွေဖြစ်နေတယ်။ ဒီပြည်နယ်တွေရဲ့ ဖွံ့ဖြိုးမှုကလည်း တရုတ်ပြည်ရဲ့ တည်ငြိမ်မှုကို အထောက်အပံ့ဖြစ်စေမှာ ဖြစ်တယ်။ ဒါကြောင်းဒီပြည်နယ် ထွက်ကုန်ပစ္စည်းတွေကို အာဖရိကနဲ့ဆင်းရဲတဲ့အနောက်အာရှာ၊ အိန္ဒိသမုဒ္ဒရာ တွင်းရှိနိုင်ငံ တွေဆီ ကိုမြန်မာနိုင်ငံကိုဖြတ်ပြီး အနောက်ဖက်ရခိုင်ပြည်၊ ကျောက်ဖြူဆိပ်ကမ်းမှ တဆင့် ဖြန့်ဖြူးလိုတယ်။
ရခိုင်ပြည်ကျောက်ဖြူရေနက် ဆိပ်ကမ်းနဲ့ တရုတ်နိုင်ငံယူနနပြည်နယ်ထိတည် ဆောက်နေတဲ့ ရေနံပိုက်လိုင်း စီမံကိန်းဟာ တရုတ်အစိုးရရဲ့ သားရွေအိုးထမ်းလာတဲ့အစီအစဉ်ဘဲ ဖြစ်ပါတယ်။ တရုတ်နိုင်ငံဟာ စွမ်းအင်လိုအပ်ချက်(၅၀)ရာခိုင်နှုန်းကို အရှေ့အလယ်ပိုင်း၊ အာဖရိကနိုင်ငံ တွေဆီက ရေနံတင်သင်္ဘေကြီးတွေနဲ့ အိန္ဒိယသမုဒ္ဒရာ ကိုဖြတ်ပြီး မလက္ကာရေလက်ကြား ကဆင့်တောင်တရုတ်ပင်လယ် ဆိပ်ကမ်းမြို့တွေဆီကို သယ်ယူရပါတယ်။ အဲခရီးရဲ့အကွာ အဝေးဟာ မိုင်ပေါင်း (၃၀၀၀)ကျော် ခရီးရှိပါတယ်။ မိုင်ပေါင်းသုံးထောင်ခရီး အန္တရာယ်ရော ပြွန်းနေတဲ့ မလက္ကာရေလက်ကြား ကိုရှောင်ရှားပြီးလမ်းခရီးတိုတို အချိန်တိုတို နဲ့ စရိတ် သက် သာစွာနဲ့ ခေတ်သစ်ပိုးလမ်းမကို ဖေါက်လုပ်လိုက်တာဟာ တရုတ်နိုင်ရဲ့အနာဂါတ်စွမ်းအင် ဖူလုံမှုအတွက်အောင်မြင်မှုကြီးတခုဖြစ်ပါတယ်။
တရုတ်နိုင်ငံအနောက်တောင်ပိုင်းဆင်းရဲတဲ့ပြည်နယ် ရှိစက်မှုလုပ်ငန်းတွေရဲ့ လောင်စာလိုအပ် ချက်ကို ရခိုင်ပြည်ကထွက် လာမယ့် ရေနံနဲ့သဘာဝဓါတ်ငွေ့တွေက နှစ်ပေါင်းသုံးဆယ် အထိ ဖြည့် ဆည်းပေးနိုင်မှာ ဖြစ်တယ်။ တရုတ်အစိုးဟာ သူ့နိုင်ငံရဲ့လောင်စာဖူလုံရေးအတွက် ခေတ်သစ်ပိုးလမ်းမနှစ်ခုကိုစဉ်းစာခဲ့တယ်။ ရခိုင်ပြည်ကျောက်ဖြုရေနက်ဆိပ်ကမ်းနဲ့ ယူနန် ပြည်နယ်ထိ သွယ်ယူမယ့် ရေနံပိုက်လိုင်း၊ နောက်တခုက ပါကစ္စတန် အာရေဘီးယားပင်လယ် ကမ်းခြေရှိ ဂွန်ဒါ ရေနက်ဆိပ်ကမ်းနဲ့ပါကစ္စတန်ကိုဖြတ်ပြီးဖေါက်လုပ်မယ့် ရေနံပိုက် လိုင်းဖြစ် ပါတယ်။ ဒါပေမယ့် ဂွန်ဒါရေနက်ဆိပ်ကမ်းဟာမူဆလင် စစ်သွေးကြွတိုင်းရင်းသားတွေ ကြီးစိုးတဲ့နယ်မြေဖြစ်တာ ကြောင့် ရေနံပိုက်လိုင်းတည် ဆောက်မှုကိုစွန့်လွတ်ခဲ့ပါတယ်။
တရုတ်အစိုးရအနေနဲ့ ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်း နဲ့ ဓါတ်ငွေ့ပိုက်လိုင်းတည်ဆောက် မှုကမဟာဗျူဟာ မြောက်အရေးပါနေတယ်။ ဒီနှစ်အတွင်းတက်လာတဲ့သတင်းတွေအရ တရုတ်လူမျိုးတွေကျောက်ဖြူမြို့နယ်အတွင်းမှာ မြေဧကပေါင်းမြောက်မြားစွာဝယ်ယူပြီး ရင်းနှီး မြုတ်နှံနေပါတယ်။ တရုတ်နိုင်ငံအကျိုးစီးပွားအတွက် မဟာစီမံကိန်းတွေဘဲဖြစ်ပါတယ်။ သြဂုတ်လ (၂၈) ရက်နေ့ကထုတ်ပြန်တဲ့ သတင်းအရဆိုရင် တရုတ်အစိုးရဟာ မူဆယ်ကနေ ကျောက်ဖြူရေနယ် ဆိပ်ကမ်းအထိမိုင်း( ၅၀၀) ကျော်ရှည်လျားမယ့် လျပ်စစ်မီးရထားလမ်းကို ဒီနှစ် အကုန်မှာစတင်ဖေါက်လုပ်မှာ ဖြစ်ပါတယ်။ ဒေါ်လာ ဘီလီယံ (၂၀) ကုန်ကျမယ့် စီမံကိန်းဟာ ဧရာဝတီ မြစ်ပေါ်မှာ ဆောက်လုပ်မယ့် မြစ်ဆုံရေကာတာ စီမံကိန်းထက် အဆ (၁၀)ပိုကြီးပါတယ်။ တရုတ်နိုင်ငံအနေနဲ့ပြည်ပနိုင်ငံတွေမှာ ရင်းနှီးမြုတ်နှံတဲ့ အထဲမှာအကြီးမား ဆုံးစီမံကိန်းအဖြစ်တွေ့မြင်ရမှာ ဖြစ်ပါတယ်။ စီမံကိန်းတခုထဲမှာ အဲဒီလောက်ငွေကြေး အမြောက်အမြားရင်းနှီးမြှုတ်နှံတာ တရုတ်နိုင်ငံရဲ့အကြီးမားဆုံး ရင်းနှီးမြှုတ်နှံမှုဖြစ်ပါတယ်။ အဲဒီလောက်ပမာဏ များပြားတဲ့ရင်းနှီးမှုကို ကြည့်ရင် တရုတ်နိုင်ငံခေါင်းဆောင်တွေနဲ့ မဟာဗျူဟာရေးဆွဲသူတွေကကျောက်ဖြူရေနက်ဆိပ်ကမ်း ကိုဘယ် အထိမျော်မှန်းချက်ဆိုတာ သိသာလှပါတယ်။ ဒီလိုရင်းနှီးမြှုတ်နှံတာ အချက်အများအပြားရှိနိုင်တယ်။ အချက်နှစ်ချက်က ပထ၀ီအနေအထားအရ အချက်အခြာကျမှုနဲ့ လာမယ့်နှစ် (၂၀) အတွင်းမှာ မြန်မာနိုင်ငံ ရေးအပြောင်းအလဲမရှိနိုင်ဘူးဆိုတာ တရုတ်ခေါင်းဆောင်တွေ သုံးသတ်ထားပုံရတယ်။ တနည်း အားဖြင့် နှစ်(၂၀) အတွင်းမှာ တရုတ်သြဇာလွမ်းမိုးမှုကိုအံတုမဲ့ခေါင်းေ ဆာင်မရှိနိုင်ဘူး ဆိုတဲ့သဘောပါ။ ဘယ်ကော်ပေါ်ရိတ်ကြီးမဆို ကြီးမားတဲ့ ရင်းနှီး မြှုတ်နှံမှုလုပ်တော့မယ် ဆိုရင်အဲဒီ နိုင်ငံရဲ့ နိုင်ငံရေးအခြေအနေကို သုံးသတ်လေ့ရှိပါတယ်။ တနည်းအားဖြင့်ဒီနေ့စစ် ခေါင်းဆောင်တွေ နောက်နှစ်(၂၀)ထိအာဏာကိုဆက် ထိမ်းထားနိုင်တဲ့ဆိုတဲ့သဘော လည်းပါ တယ်။
တရုတ်သမိုင်းထဲမှာ အရေးပါဆုံးဖြစ်တဲ့ မဟာတံတိုင်းတည်ဆောက်မှုကို ဘီစီ (၅)ရာစုစတင်ခဲ့ပါတယ်။ မဟာတံတိုင်းဆောက်ရတဲ့ အဓိကအကြောင်းရင်က အနောက်ဘက် ဒေသက တရုတ်ပြည်ထဲကို မကြာခဏကျူးကျော်နေတဲ့ နော်မက် ( Nomad) လူမျိုးတွေရဲ့ အန္တရာယ်ကနေ ကာကွယ်ဖို့ဖြစ်ပါတယ်။ ခေတ်အဆက်ဆက်တည်ဆောက်ခဲ့တဲ့ ဒီတံတိုင်းရဲ့ ရည်ရွယ်ချက်က တရုတ်ပြည်ကြီးလုံခြုံရေးဖြစ်ပါတယ်။ ကမ္ဘာ့သမိုင်းမှာအဲဒီလောက် ကြီးမားတဲ့ အဆောက်အဦကို ဘယ်လူမျိုးမှ တည်ဆောက်နိုင်ခဲ့ခြင်းမရှိပါဘူး။ မြန်မာ့နယ်မြေကို ဖြတ်ပြီးဖေါက်လုပ်မယ့် ရေနံပိုက်လိုင်း၊ လျပ်စစ်ရထားလမ်းနဲ့ ကျောက်ဖြူရေနယ် ဆိပ်ကမ်းတွေကတော့ မော်စီတုန်းတည်ထောင်ခဲ့တဲ့ တရုတ်အင်ပါယာကြီးအတွက် (၂၁) ရာစု စွမ်းအင်လုံခြုံရေး၊ တရုတ်ထွက်ကုန်ပစ္စည်းတွေ အာဖရိက၊ အာရှဒေသတွေမှာ အင်အားကြီးနိုင်ငံတွေနဲ့ယှဉ်ပြိုင်တဲ့အခါ အသာစီးရရေးနဲ့တရုတ်ရေတပ် အနေနဲ့အိန္ဒိယသမုဒ္ဒ ရာတွင်း တရုတ်အင်အားကိုထိမ်းထားရေးဖြစ်ပါကြောင်း။
ရွေပြောင်းအလုပ်သမားတဦး
ထိုင်းနိုင်ငံ။
http://burmadd.blogspot.co.uk/2011/09/blog-post_05.html
http://en.wikipedia.org/wiki/Strait_of_Malacca
Photo: China Energy System
 Ohn Mar Oo

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...