Ads (728x90)

 
79 counter Revolution ဟာဆယ်စုနှစ် ၂ခုလောက်ခြားပြီးတော့မှ 9/11 ကိုဝင်စောင့်တာ...ဘုရှ်နဲ့ အိုဘားမားကြား က Policy ခြားနားမှုဟာ အမေရိကန်ရဲ့ အမျိုးသားလုံခြုံရေး (National Interest ) နဲ့ တကမ္ဘာလုံးမှာရှိနေတဲ့ အမေရိကန်ရဲ့ အမျိုးသား အကျိုးစီးပွားကိုဆွဲခါလိုက်ပါပြီ။ အရှေ့ အလယ်ပိုင်း Policy ကလည်းဂျုံးဂျုံးကျ ၊နုကလီးယားပိုင်ဆိုင်ထားတဲ့ တခုတည်းသော အစ္စလာမ်မစ် နိုင်ငံနဲ့ လည်း အက်ကြောင်းကြီးကကွဲ၊သံအမတ်လည်းသေ၊မဟာမိတ်နိုင်ငံအဟောင်းတွေကလည်း အကုန်ဂွမ်း တကယ်တမ်း Theocracy ကိုအခြေခံတဲ့ Fundamentalist Islamic Terrorism တွေဟာ နည်းပညာကို ကောင်းကောင်းအသုံးချနိုင်တဲ့ပညာတက်ပြီးတော့ ကြွယ်ဝသူတွေပါ။ Political,Social ,Economic Factors တွေဟာတစ်ခုနဲ့ တစ်ခု မှီထားကြတာ ၊တစ်ခုလည်းရင်ကျန်တဲ့ ဒေါက်တိုင်တွေပါအကုန်ပြုတ်ထွက်ကုန်တယ်။ Post American Era မှာ အိုဘားမားလိုညံ့ဖျင်းတဲ့ ဦးဆောင်သူတွေဟာ နိုင်ငံကိုတွန်းလှည်းနိုင်ဖို့ အတွက် အဆင်သင့်ဖြစ်နေတက်ကြတယ်။ ထားပါတော့ဂျူနီယာဘုရှ်ရဲ့ Policy ဟာပြည်တွင်း ကတုန့် ပြန်မဲ့ အစိုင်အခဲတွေကို အရှေ့ အလယ်ပိုင်းမြေပေါ်ကိုတွန်းပို့ ရုံကလေးပါ။ အိုဘားမားကျတော့ Middle East နဲ့ World Wide မှာ ရှိနေတဲ့ အစိုင်အခဲတွေကို နိုင်ငံတွင်းကိုတင်သွင်း နေတာပါ။ အရှေ့အလယ်ပိုင်းအတွက် liberal base order ကို junior George W. Bush က ခပ်ဖွဖွ
အရောင်ပြ .. Mr Barack Obama ကတော့စုံလုံး ပြစ်ဝင်တော့
ဂွမ်းကနဲပေါ့ရှင်..........

အမေရိကန်တွေရဲ့ လုံခြုမှု ရှိပါတော့ရဲ့ လားဆိုတဲ့ မေးခွန်းကိုပဲထပ်မေးတယ်၊နှစ်ယောက်တစ်ပိုင်းရှိတဲ့လူလေးတွေကို ဖမ်းဖို့ အတွက် ထောင်နဲ့ ချီတဲ့ အင်အားတွေကိုသုံး ၊ဆင်သေကိုဆိတ်သားရေနဲ့ ဖုံး Terrorism Target တွေကတော့ ဥရောပ ၊Asia မှာ ကမ္ဘာပတ်ဦးမှာပါပဲ အဓိကအကြောင်းရင်းခံကတော့ Obama ရဲ့ညံ့ဖျင်းတဲ့ Policy နဲ့ စီမံခန့် ခွဲမှုပါပဲ ။။ အမေရိကန်အများစုနဲ့ EU ကလူတွေကတော့ ဟူစိန်အိုဘားမားကို 666 တံဆိပ်ကပ်ထားလေရဲ့။တစ်ခုတော့ပြောမယ်နော် ကျွန်မတို့ မြန်မာနိုင်ငံက အိုဘားမားမတက်ပဲ ဘယ်သမ္မတတက်တက် ဒီနိုင်ငံကို Focus လုပ်ကိုလုပ်ရမဲ့အတွက်ကြောင့် ဘယ်အမေရိကန်သမ္မတပဲတက်တက် ရောက်ကိုရောက်လာမှာပဲ ။ဒေါ်အောင်ဆန်းစုကြည်မရှိခဲ့ရင်ပဲဖြစ်ဖြစ် .ရှိနေရင်ပဲဖြစ်ဖြစ် . မရှိတော့ရင်ပဲဖြစ်ဖြစ် သိပ်အရေးမပါဘူး။။။။။

 By Kate ...

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...