Ads (728x90)


=====================
၂၉၊ ဧပြီ၊ ၂၀၁၄။ Coral Arakan News (သတင်း)
ယမန်နေ့ နံနက် ၆ နာရီခန့်က ကင်းချောင်းကျေးရွာမှ ဘူးသီးတောင်သို့ ဈေးဝယ်ရန် ဆိုက်ကယ်စီးလာသည့် မောင်နှမနှစ်ဦးအား ဘူးသီးတောင်မြို့ အလယ်ချောင်းတံတားအနီးတွင် ကုလားများက အကြောင်းမဲ့ ၀ိုင်းဝန်းတိုက်ခိုက်သဖြင့် အကိုဖြစ်သူမှာ ဒဏ်ရာများရရှိသွားကြောင်းသိရသည်။
ဆိုက်ကယ်စီးလာကြသော မောင်ကျော်သိန်းနိုင်နှင့် ၄င်း၏ ညီမဖြစ်သူတို့က အလယ်ချောင်းတံတားနီး တွင် ကုလား၎ယောက်ခန့်က”မော်ကေး၊ မော်ကေး” (ရခိုင်၊ ရခိုင်) ဟုအော်ပြောကာ ၀ိုင်းဝန်းတိုက်ခိုက်ကြသဖြင့် ဆိုက်ကယ်ကိုထားခဲ့ကာမောင်နှမနှစ်ဦး ပြေးလာခဲ့ရပြီး အကိုဖြစ်သူ ကျော်သိန်းနိုင်မှာ ခေါင်းတွင် ဒဏ်ရာရကာ ဘူးသီးတောင်ဆေးရုံတွင် ဆေးကုသခဲ့ရကြောင်းသိရသည်။
ဘူးသီးတောင်မြို့နယ်တွင် ကုလားများသည် ၈၀ ရာခိုင်နှန်းအထက်ရှိကာ လုံခြုံရေးအားနဲသော နေရာများတွင် ရခိုင်များကို အကြောင်းမဲ့တိုက်ခိုက်လေ့ရှိပြီး ဒေသခံရခိုင်များအဖို့ လုံခြုံရေးကို အထူးစိုးရိမ်နေရကြောင်း သိရသည်။

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...