ဧရာဝတီတိုင်းတွင် နာဂစ်တိုက်ခတ်ပြီး ထူးကုမ္ပဏီများအုပ်စု ဥက္ကဋ္ဌ ဦးတေဇနှင့် ဒုတိယ ဥက္ကဋ္ဌ လေးဦးတို့ စတင်တည်ထောင်ခဲ့သည့် ထူးဖောင်ဒေးရှင်းသည် ယနေ့ ၂၀၁၅ ခုနှစ် မေလ (၅)ရက်နေ့တွင် (၇)နှစ်တိတိ ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါသည်။
ယနေ့တွင် ရန်ကုန်မြို့၊ မင်းဓမ္မလမ်းတွင်ရှိသော ထူးဖောင်ဒေးရှင်းရုံးချုပ်၌ (၇)နှစ်ပြည့် နှစ်ပတ်လည် အထိမ်းအမှတ်အဖြစ် (၈)မိုင်၊ မစိုးရိမ်ကျောင်းတိုက်မှ ဆရာတော် သံဃာတော်များအား နေ့ဆွမ်းဆပ်ကပ်လှူဒါန်းပြီး လှူဖွယ်ပစ္စည်းနှင့် ၀တ္တုငွေများကို ဆပ်ကပ်လှူဒါန်းခဲ့ပါသည်။
ထို့ပြင် လာမည့် မေလ(၈)ရက်နေ့တွင် (၇)နှစ်မြောက် နှစ်ပတ်လည် အထိမ်းအမှတ်အဖြစ် သံလျှင်မြို့နယ်၊ သဘာဝဘိုးဘွားရိပ်သာသို့ လှူဒါန်းမှုများ သွားရောက်ပြုလုပ်မည် ဖြစ်ပါသည်။
ထူးဖောင်ဒေးရှင်၏ မြန်မာပြည်တစ်ဝှမ်း ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ လုပ်ဆောင်ခဲ့သည့် (၇)နှစ်တာ လှုပ်ရှားဆောင်ရွက်မှုများတွင် အဓိက နေရာမှ ပံ့ပိုးကူညီခဲ့ကြသည့် ထူးကုမ္ပဏီများအုပ်စု ဥက္ကဋ္ဌကြီး ဦးတေဇနှင့် ဒုတိယ ဥက္ကဋ္ဌများ၊ Htoo Trading Co., Ltd. , Air Bagan Ltd. , AGD Bank Ltd. , Asian Wings Airways , Hotel Business Unit , Kandawgyi Palace Hotel , Htoo Construction Development Group Co., Ltd. , Htoo Wood-Based Industry(Wahtayar) , Apex Petroleum Co., Ltd. နှင့် အခြားပံ့ပိုးခဲ့ကြသူများ အားလုံးကို အထူးပင် ကျေးဇူးတင်ရှိပါကြောင်း ထူးဖောင်ဒေးရှင်း၏ (၇)ပြည့်ကာလတွင် မှတ်တမ်းတင်ဂုဏ်ပြု ပြောကြားအပ်ပါသည်။
Post a Comment
Blogger Facebook DisqusComment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။