Ads (728x90)

" ကမန် ” (သို့မဟုတ်) “ ကုလား ” ၀င်ပေါက်
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

" အမှန်က နှစ်သောင်းလောက်ရှိတဲ့ ကမန်လူမျိုးဟာ နှစ်သိန်းလောက်ဖြစ်နေလို့ ကျွန်တော်တို့ကိုလည်း ခရီးသွားလာခွင့် ပိတ်ပင်ထားတယ်၊ ကုလားကို ကမန်ဖြစ်အောင် လ၀ကကပဲ လာဒ်စားပြီး လုပ်ပေးနေတာ၊ ခံရတာက ကျွန်တော်တို့ကမန်တွေပဲ "လို့ ရမ်းဗြဲမြို့နယ်က " ကမန် "တစ်ယောက် BBC ကျေးတမာနဲ့ပေဖူးလွှာကဏ္ဍကနေ ၂၀၀၄-ခုနှစ်လောက်က ထအော်တာကို ကြားလိုက်ရတော့ ကျွန်တော့်ကိုယ်တွေ့ ကမန်အသွင်ပြောင်းလဲမှုကို တင်ပြချင်နေခဲ့တယ်။ ခုအခြေအနေမှာ လိုအပ်ချက်ကလည့် ရှိနေပြီမို့ အုပ်စိုးသူအပါအ၀င်၊ နိုင်ငံရေးပါတီတွေ၊ မြန်မာရဟန်းရှင်လူ ပြည်သူပြည်သားတွေ စဉ်းစားချင့်ချိန်နိုင်အောင် တင်ပြလိုက်ပါတယ်။

၁၉၉၂-ခုနှစ် ပတ်ဝန်းကျင်၊ ဒဂုံမြို့သစ်တောင်ပိုင်း၊ သိမ်ကျောင်းရွာထိပ်မှာ ကျွန်တော်က သစ်စက်လုပ်ငန်းလုပ်နေတယ်။ တစ်နေ့မှာ ကျွန်တော်တို့နဲ့ ကပ်ရပ်ကုန်ခြောက်ဆိုင်ကို ဈေးဝယ်ရန်သွားတော့ ကျွန်တော်နဲ့ အထူးခင်မင်ရင်းနှီးနေတဲ့ ဆိုင်ရှင်အဒေါ်ကြီးက" ဒါမင်းတို့ရခိုင်ပြည်က ကမန်လူမျိုးတွေပဲ "လို့ လူစိမ်းငါးယောက်နဲ့ မိတ်ဆက်ပေးတယ်။

ကျွန်တော်က "မင်းတို့ဘယ်ကလဲ"လို့ ရခိုင်စကားနဲ့မေးလိုက်တော့၊ လ၀က ပုံစံစာရွက်တွေ ဖြည့်နေသူတစ်ဦးက "မြောက်ဦးမြို့ကပါ "လို့ ရခိုင်စကားနဲ့ပြန်ပြောတယ်။ "မြောက်ဦးမြို့ ဘယ်ရပ်ကွက်ကလဲ"လို့ ထပ်မေးတော့ "ရွှေဂူတောင်ကပါ"တဲ့။ "ငါမြောက်ဦးမြို့သားပဲ၊ ရွှေဂူတောင်မှာ ကုလားပဲနည်းနည်းပါးပါးရှိတယ်၊ ကမန်မှမရှိတာ"လို့ ပြန်ပြောလိုက်တော့ သူငြိမ်သွားတယ်။ ကျန်လေးယောက်ကို "မင်းတို့ကကောဘယ်ကလဲ"လို့ ရခိုင်လိုမေးတော့ နားမလည်သလို ပြန်ကြည့်နေလို့၊ ဗမာစကားနဲ့ မေးလိုက်တော့လည်း နားမလည်ကြ။ ပထမဆုံး ရခိုင်လိုဖြေခဲ့တဲ့လူကိုပဲ ကုလားလိုမေးနေကြတယ်။ အဲဒီလူက သူတို့ကို ကုလားလိုပြန်ပြောလိုက်တော့ ကြောက်ကြောက်လန့်လန့်မျက်နှာနဲ့ ကျွန်တော့်ကို ငေးကြည့်နေကြတယ်။ အဲဒီ ၄-ယောက်က ရခိုင်ပြည်မှာပင် မနေဖူးပဲ ဘင်္ဂလားဒေ့ခ်ျက တိုက်ရိုက်ဝင်လာသူတွေဆိုတာ ကျွန်တော်သဘောပေါက်လိုက်တယ်။

" သူတို့ခမျာ မြန်မာစာလည်းမရေးတတ်တော့ ငါကပဲဒီပုံစံတွေကို ဖြည့်ပေး၊ တို့ရှေ့က လ၀ကနဲ့ ဆက်သွယ်ပေး လုပ်နေရတယ်။ လ၀က က တစ်ယောက်ကို သုံးထောင်ကျပ်နှုန်းယူတယ်၊ အဒေါ့်ကိုတော့ လ္ဘက်ရည်ဖိုးလောက်ပဲပေးတယ်။ ဒါပေမဲ့ လာလုပ်တဲ့ ကမန်တွေကများတော့ အိမ်စရိတ် နည်းနည်းပါးပါး ကာမိတာပေါ့ "လို့ ဆိုင်ရှင်အဒေါ်ကြီးကပြောတော့ ကျွန်တော်တို့ သစ်စက်ရှေ့မှာရှိတဲ့ လ၀ကရုံးကလူကြီးတွေ ညဘက်မှာလည့် အိမ်မပြန်ကြပဲ စားကြသောက်ကြ၊ တရုန်းရုန်းနဲ့ မိန်းမပျက်တွေနဲ့ ပျော်ပါးနေကြတာ ဒီဝင်ငွေကြောင့်ပဲလို့ နားလည်လိုက်တယ်။

စစ်အစိုးရက နိုင်ငံအနှံ့ မြို့သစ်တွေဖေါ်ပေးနေတယ်၊ ကျူးကျော်ရပ်ကွက်တွေကိုပါ မြို့သစ်တွေမှာ နေရာချထားပေးတော့ သန်းခေါင်စာရင်းပျောက်တဲ့လူနဲ့ မှတ်ပုံတင်မရှိတဲ့လူတွေ အများကြီးဆိုတော့၊ သန်းခေါင်စာရင်းနဲ့ မှတ်ပုံတင်လုပ်ပေးတာကို လျှော့လျှော့ပေါ့ပေါ့နဲ့ လုပ်ပေးနေခဲ့တယ်။ ဒီအကွက်ကို ကုလားတွေက ကောင်းကောင်းအသုံးချပြီး လှိမ့်ဝင်လာတာတွေ အကုန်လုံး မြို့သစ်တွေမှာလာပြီး မှတ်ပုံတင်လုပ်ကြတယ်။ မှတ်ပုံတင်မှာမှ " ဘင်္ဂလီလူမျိုး၊ အစ္စလာမ်ဘာသာဝင် အဆင့်တင်မကပဲ၊ ကမန်လူမျိုး အစ္စလာမ်ဘာသာဝင် တိုင်းရင်းသား " အထိ လုပ်ပေးလိုက်ကြတယ်။

မြို့သစ်ပေါင်း မြောက်များစွာမှာ သူတို့ဘယ်လောက်များများ လုပ်သွားကြပြီလဲ၊ တွေးကြည့်ပြီး စိတ်မကောင်းဖြစ်နေခဲ့တယ်။ ရမ်းဗြဲမြို့နယ်က ကမန်တစ်ယောက် ၂၀၀၄-ခုနှစ်ပတ်ဝန်းကျင်မှာ BBC ကနေပြောလိုက်တဲ့အချိန် နှစ်သိန်းရှိနေပြီဆိုတော့ ခုဆိုဘယ်လောက်များ ရှိနေပြီလဲ၊ ဌာနဆိုင်ရာတွေနဲ့ ရဲ၊ စစ်တပ်တွေထဲကို ကုလားတွေ ကမန်အရေခြုံပြီး ဘယ်လောက် များများစားစား ၀င်ရောက်နေရာယူထားကြပြီလဲ၊ စဉ်းစားမိတိုင်း တုန်လှုပ်ခြောက်ခြားမိရတယ်။
ကမန်ကို တိုင်းရင်းသားအဖြစ် သွတ်သွင်းလိုက်တာကတော့ ၁၉၇၄-ခုနှစ် ဖွဲ့စည်းပုံအတည်ပြုပြီးမှ မဆလ အစိုးရက သတ်မှတ်လိုက်တာ။ မြန်မာပြည်သူတွေ အကုန်လုံးကို ချပြအသိပေးဖို့ မပြောနဲ့ ရခိုင်ပြည်သူတွေရဲ့ သဘောတူညီချက်ကိုပင် မေးစမ်းမကြည့်ပဲ ထင်သလိုလုပ်ခဲ့တယ်။ အဲဒီတုန်းက ရခိုင်စကားပြောပြီး ရခိုင်မှာ အနေကြာလာတဲ့ ဒီကမန်လူမျိုးတွေကို ခင်မင်မှုအစွဲနဲ့ ရခိုင်ပညာရှင်တစ်ချို့က မဆလ အစိုးရနဲ့အတူ တိုင်းရင်းသားအဖြစ် လက်ခံခဲ့ပေမယ့် ပညာရှင်အများစုနဲ့ ရခိုင်ပြည်သူတွေက လုံးဝလက်မခံခဲ့ကြဘူး။

လက်မခံတဲ့ ရခိုင်ပညာရှင်အများစုနဲ့ ပြည်သူတွေရဲ့ သဘောထားကတော့- နံပါတ် (၁) အချက်-ကမန်ဆိုတာ မြို၊ သက်၊ ဒိုင်းနက်၊ ခမွီး၊ ရခိုင်၊ ဗမာ၊ ရှမ်း၊ ချင်း၊ ကရင်တို့လို ဒီမြေ၊ ဒီရေမှာ ဘယ်အချိန်ကာလကစပြီး နေထိုင်လာကြသလဲဆိုတာကို မှန်းဆမှုသာပြုနိုင်တဲ့ တိုင်းရင်းသား စစ်စစ်မျိုးမဟုတ်ဘဲ ၁၆၆၀-ခုနှစ်လောက်မှာမှ တိုင်းတစ်ပါး အာဖကန်နစ္စတန်က လာရောက်နေထိုင်သူတွေ ဖြစ်နေလို့ပဲ။

နံပါတ် (၂) အချက်က ကမန်ကိုအကြောင်းပြုပြီး ကုလားတွေ ရခိုင်ကိုပိုင်ဆိုင်ဖို့ ကြိုးစားမှုတွေ သမိုင်းမှာရှိနေတော့ ကမန်ကို တိုင်းရင်းသားအဖြစ် အသိအမှတ်ပြုလိုက်တာဟာ ကုလားတွေအတွက် တိုက်ကွက်ကြီး ဖြစ်လာနိုင်တာကို ရခိုင်ပညာရှင်အများစုနဲ့ အသိအမြင်ကျယ်တဲ့ ပြည်သူတွေက သိထားခဲ့ကြသလို ထင်ခဲ့တဲ့အတိုင်းလည်း ဖြစ်လာခဲ့တာပါပဲ။ ၁၉၉၀-ခုနှစ် ရွေးကောက်ပွဲမှာ ကမန်ကိုရှေ့ကတင် ကုလားတွေက ၀ိုင်းပြီးမေးပေးခဲ့လို့ စစ်တွေမဲဆန္ဒနယ်မြေမှာပင် ကမန်တစ်ယောက် မဲအနိုင်ရခဲ့တယ်။

ခုဖြစ်နေတဲ့ ရခိုင်ပဋိပက္ခမှာလည်း ဒေသခံတိုင်းရင်းသားတွေနဲ့ ခိုးဝင်၊ တိုက်ဝင်လာတဲ့ ရိုဟင်ဂျာအမည်ခံ ဘင်္ဂလီတွေနဲ့ပဲ ဖြစ်နေကြတာမဟုတ်ပါဘူး၊ အစ္စလာမ်ဘာသာဝင်အားလုံးနဲ့ ဖြစ်နေကြတာပါလို့ ကမ္ဘာကို လှည့်စားချင်တဲ့ ရည်ရွယ်ချက်နဲ့ ကုလားတွေက ကမန်ကိုပါ ပြဿနာထဲပါလာအောင် ဆွဲသွင်းနေတယ်။ ၈၈-ကျောင်းသားခေါင်းဆောင် ကိုမြအေးစကားကို ငှားယူပြောရရင် " ရိုဟင်ဂျာတွေဟာ သူတို့ရဲ့အရေးကို အစ္စလာမ်ဘာသာအရေး ဖြစ်လာအောင် ဖန်တီးနေကြတာပါ "လို့ ပြောချင်တယ်။

ကမန်ဆိုတာက အစ္စလာမ်ဘာသာကို ကိုးကွယ်တာကလွဲလို့ ရခိုင်လိုပြောပြီး၊ ရခိုင်လိုနေကြသူတွေ၊ ကုလားစကား(ဘင်္ဂလီစကား)လည်း မတတ်ကြဘူး။ ကုလားစာတတ်ဖို့ကအဝေးကြီး၊ ကုလားတွေဟာ သူတို့ထက် နိမ့်ကျတဲ့လူမျိုးတွေလို့ သတ်မှတ်ပြီး ကုလားနဲ့သားပေး သမီးယူလည့် မလုပ်ခဲ့ကြဘူး၊ ရခိုင်တွေနဲ့ပဲ ရင်းနှီးခင်မင်စွာနဲ့ နေထိုင်လာခဲ့ကြတယ်။

ခက်တာက ကုလားစာမတတ်တော့ ဗလီဆရာတွေကို ဘူးသီးတောင်၊ မောင်တောဘက်က ခေါ်ယူကြရတယ်။ အဲဒီအယူသည်း ဗလီဆရာတွေရဲ့ မှိုင်းတိုက်မှု၊ စစ်အစိုးရလက်အောက် ရခိုင်တွေ ကုန်းကောက်စရာမရှိအောင် ဆင်းရဲမွဲတေလာမှု၊ ကုလားတွေက နိုင်ငံတကာအထောက်အပံ့တွေ ရရှိနေမှု၊ လာဒ်ပေးလာဒ်ယူနည်းနဲ့ ကုလားတွေ ကြီးပွားလာမှုတွေကြောင့် ကမန်ဟာ နောက်ပိုင်းမှာ ကုလားတွေဘက်ကို ယိမ်းလာကြတယ်။ ဘယ်အထိယိမ်းလာလဲ ဆိုရင် ပင်လယ်ပြင်ကို စက်လှေနဲ့ ငါးဖမ်းထွက်တော့ စက်လှေပေါ်မှာ ငါးယောက်လောက်ပဲပါသွားတာ ပြန်ဝင်လာတော့ ကုလားအယောက် နှစ်ဆယ်လောက် ပါလာတယ်။ သူတို့ရပ်ရွာတွေမှာ ၀ှက်ထားပေးပြီး လာဒ်ပေးလာဒ်ယူနည်းနဲ့ မှတ်ပုံတင်ယူပေးလိုက်ကြတယ်။ ဘူးသီးတောင်၊ မောင်တောက ဗလီဆရာတွေရဲ့ ဘာသာရေးမှိုင်းက ဘယ်လောက်ထိ ၀င်လာလဲဆိုရင် အမေရိကန်နိုင်ငံ တိုက်ညီနောင်ကို လေယာဉ်နဲ့ ၀င်တိုက်ခဲ့တဲ့ ၂၀၀၁-ခုနှစ် (၉)လပိုင်း၊ (၁၁)နေ့ကဆိုရင် စစ်တွေမြို့ နာဇီရပ်ကွက်နဲ့ တစ်ပြိုင်တည်း ကျောက်ဖြူမြို့ ကုလားပိုက်ဆိပ်ရပ်ကွက်မှာ ထမင်းစားပွဲကြီးတွေလုပ်ပြီး အောင်ပွဲခံခဲ့ကြတယ်။ (၉/၁၁)နှစ်ပတ်လည်နေ့ကိုလည်း နှစ်တိုင်း အောင်ပွဲပြုလုပ်ကြသေးတယ်။ အဲဒီလိုနဲ့ ရခိုင်တိုင်းရင်းသားတွေနဲ့ တစ်စတစ်စ ဝေးကွာလာတဲ့ ကမန်တွေဟာ ခုပဋိပက္ခမှာလည်း ကုလားဘက်ပါသွားတာ မဆန်းပါဘူး။

၂၀၁၂.၁၀.၃၀-ရက်နေ့ ကျောက်နီမော် ပဋိပက္ခအတွက် ၃၀-ရက်နေ့ည BBC အကြီးတမ်းသတင်းထောက် ဦးကိုကိုအောင်က Interview လုပ်တာကြားလိုက်ရတယ်။ ကမန်ခေါင်းဆောင် "အုလမာ သာသနာ့ပညာရှင်များအဖွဲ့ ဥက္ကဌ ဦးမောင်မောင်တင်"ဆိုတဲ့လူဟာ အင်တာဗျူးမှာ ဗမာစကားကို ကုလားလိုပြောနေတယ်။ အမှန်က ကမန်ဆိုတာ ကုလားစကားတစ်ခွန်းမှ တတ်တဲ့လူတွေမဟုတ်ဘူး။ ရခိုင်စကားကို ရခိုင်တွေပြောသလိုပဲ ပီပီသသပြောနေကြတဲ့လူတွေ၊ သူတို့ ဗမာစကားပြောရင်လည့် ရခိုင်တွေဝဲသလိုပဲဝဲကြတယ်။ ခုတော့ ကမန်ခေါင်းဆောင် "ဦးမောင်မောင်တင်"ဟာ ကုလားသံနဲ့ပြောနေတော့ သေချာတာပေါ့ ကမန်ဝင်ပေါက်က ၀င်နေတဲ့ ကုလားတစ်ယောက်ပေါ့။

ခိုင်ထူး (ARG-222)
ရခိုင်မျိုးစောင့်အုပ်စု
ဂျပန်_________________________________________________________________သမိုင်းထဲက နေ့စွဲများ၊ အပိုင်း(၁)
----------------------------RSV

ရခိုင်ပြည်နယ်အတွင်းသို့ ဘင်္ဂလီများဝင်ရောက်မှုများရှိနေသည်ကို ကာကွယ်ရန်အတွက် လွန်ခဲ့သော ၁၉၈၄ ခု နှစ်အတွင်းက လည်းနိုင်ငံတော်သို့တင်ပြထားခဲ့သည်များကိုတွေ့ရှိရပါသည်။ ယင်းသို့တင်ပြခဲ့ရာတွင် ဦးထွန်းမြ ဦး၏ အစီရင်ခံစာမှာသက်သေ သာဓက တစ်ခုပင်ဖြစ်ပါသည်။

သို့ဆိုရပါလျင် အဆိုပါတင်ပြချက်များသည် မည်မျှထိ စိတ်ဝင်စားဖွယ်ကောင်းသည်ကို ပရိတ်သတ်များအတွက် တင်ပြပေးလိုက်ပါသည်။
----------------------------------
ရခိုင်ပြည်နယ်တရားသူကြီးအဖွဲ့ ဥက္ကဌ ဦးထွန်းမြဦး၏ ရခိုင်ပြည်နယ်အတွင်း နိုင်ငံခြားသား ဘင်္ဂလီလူမျိုး များ ခိုးဝင် လွှမ်းမိုးမှုအန္တရာယ်မှ တားဆီးကာကွယ်ရေးနှင့်ပတ်သက်၍ တင်ပြချက်။
----------------------------------- ---------------- အပိုင်း(၁)
၁၉၈၄ ခုနှစ်၊ သြဂုတ်လ ( ၁၅) ရက်နေ့တွင် တင်ပြခဲ့ခြင်းဖြစ်သည်။
နိဒါန်း အပိုင်းတွင်ရေးသားထားချက်များမှာ ရခိုင်ပြည်နယ်အတွင်းသို့ နိုင်ငံခြားသား ဘင်္ဂလီလူမျိုးများသည် အ ကြောင်းအမျိုးမျိုးကြောင့် ခေတ်အဆက်ဆက်က ပင်ဝင်ရောက်အခြေစိုက်နေထိုင်လာကြသည်ကို သမိုင်းအထောက် အထားအရ ပေါ်လွင်နေပါသည်။ နိုင်ငံခြားသား ဘင်္ဂလီလူမျိုးများသည် ၀င်ရောက်လာစဉ်က စီးပွားရှာဖွေရန်နှင့် အလုပ်အကိုင်ရရှိရေးကို ရည်ရွယ်ဝင်လာရာမှ တဆင့် ရခိုင်တိုင်းရင်းသား လူမျိုးများနှင့် မြန်မာနိုင်ငံရှိ တိုင်းရင်းသား လူမျိုးများ အပေါ် စီးပွားရေးအရ ၄င်း၊ လူမှုရေးအရ၄င်း၊ လူဦးရေအရ၄င်း၊ လွှမ်းမိုး ချယ်လှယ်ပြီး နောက်ဆုံးတွင် နိုင်ငံ၏အချုပ်အချာ အာဏာပိုင်ဆိုင်မှုကိုပါ ထိပါးလာနိုင်သည့် လုပ်ရပ်များကို အစဉ်အစဉ်ဖြင့် လှုပ်ရှားဆောင်ရွက်လာကြောင်း တွေ့ရပါသည်။ ယင်းကြောင့်ဤအန္တရာယ်သည် အမျိုးသား ရေး တွက် အန္တရ်ာယအထိဖြစ်လာနိုင်သည့်အတွက် တားဆီးကာကွယ်ရန်လိုအပ်လာသဖြင့် ဤစာတမ်းကို တင်ပြရခြင်းဖြစ်ပါသည်။
ဤစာတမ်းတွင် ခေတ်အဆက်ဆက်က ရခိုင်ပြည်နယ်သို့ နိုင်ငံခြားသားဘင်္ဂလီလူမျိုးများ ၀င်ရောက်လာမှု အခြေအနေနှင့် ယင်းတို့အား တီးဆီးကာကွယ်ရေးလုပ်ရပ်များကို လက်လှမ်းမှီသဘောက် လေ့လာဆန်းစစ် ပြီး တင်ပြချက်များပါသကဲ့သို့ သုံးသပ်ချက်နှင့် အကြံပြုချက်များကိုပါ တင်ပြထားပါသည်။
ဟုနိဒါန်းတွင်ဖော်ပြထားသည်ကို တွေ့ရှိရပါသည်။
-----------------------------
အဆိုပါတင်ပြချက်များသည် အစီရင်ခံစာကဲ့သို့ရေးသားထားသည့်အတွက် စာဖတ်သူများရှည်လျားစွာဖတ် နေရ မည်ဖြစ်သည့်အတွက် အကျဉ်းချုပ်၍ လိုအပ်သည်များကို ပြန်လည်ရေးသားတင်ပြလိုက်ပါ။ (ပြန်ရေးသူ)
ရခိုင်ဘုရင်များလက်ထက် နိုင်ငံခြားသားများဝင်ရောက်လာမှုအခြေအနေ
----------------------------------------
(၁)ကုန်သွယ်မှုကိုအကြောင်းပြုပြီးရောက်ရှိလာခြင်း။
(၂) ကမန်ခေါ်(လေးသူရဲ)အဖြစ်ရောက်ရှိလာခြင်း၊
(၃)သုံ့ပန်းအဖြစ်ဖမ်းဆီးယူလာသူများနှင့်ပေါ်တူဂီများကဆက်သ သည့် ကျွန်များအဖြစ်ရောက်ရှိလာခြင်း များဖြစ်သည်။

---------------------------------------------ယင်းသို့ရောက်ရှိလာသူများမှာ အာရပ်နှင့် ပထန်းကုန်သည်များ ဖြစ်ပြီး (၈)ရာစုခန့်ကပင် ကူးသန်းရောင်းဝယ်ရေးကိုလုပ်ခဲ့ကြသည်။ ဘင်္ဂလားတောင်ဘက်ပိုင်းရှိနယ်မြေ များသို့ လာရောက်ကူးသန်းရောင်းဝယ်ရာမှ ရမ်းဗြဲကျွန်းတွင် လှေပျက်၍ ရခိုင်ဘုရင်ထံ အသနားခံခဲ့ကြ သည်။
ယင်းအတွက်နေထိုင်ခွင့်ရခဲ့ပြီးသံတွဲနှင့် ရမ်းဗြဲတို့တွင်နေထိုင်ခဲ့ကြောင်းသိရသည်။ သူတို့သည် အာရပ်နှင့်ပထန်း မျိုးနွယ်စုများဖြစ်ပြီး မဟာမေဒင်ဘာသာဝင်များလည်းဖြစ်သည်။ ယင်းနှင့်ပတ်သက်ပြီး သမိုင်း စာမျက်နှာများတွင် အောက်ပါကဲ့သို့ရေးသားထားသည်ဟုလည်း ဖော်ပြသည်။
လှေပြန်မထွက်နိုင်သဖြင့် နေထိုင်ခွင့်ပေးလိုက်ခြင်းဖြစ်သည်ဟုလည်းသိရသည်။ ယင်းတို့မှာ ပထန်း လူမျိုး များသာ ဖြစ် ပြီး ဘင်္ဂလီများမဟုတ် သကဲ့သို့ ကမန်လည်းမဟုတ်ကြောင်းလည်း တွေ့ရှိရပါသည်။
ကမန်များရောက်ရှိလာခြင်း
--------------------------- ခရစ်သက္ကရာဇ် အေဒီ ၁၆၆၀ -၆၁ တွင် မဂိုန်းတွင်းအရေးတော်ပုံကြောင့် ဘင်္ဂလား ဘုရင်ခံဖြစ်သော် ရှားရုဂျာ သည် သူ၏ညီ တိုက်ခိုက်ခြင်းကို ခံရသဖြင့် ရခိုင်ဘုရင် စန္ဒသုဓမ္မာထံခိုလှုံလာခဲ့ ရာ ခိုလှုံခွင့်ပေးခဲ့သော်လည်း ကုလားစုတ်၊ကုလားညာဉ်ဖြင့် ဘုရင်ကို ပုန်ကန်ရာ သုတ်သင်သတ်ဖြတ်ခဲ့သဖြင့် နောက် လိုက်နောက်ပါများနှင့်ဆွေမျိုးများသည် ရခိုင်ဘုရင်ထံတွင် ပြန်လည် အမှုထမ်းခဲ့ကြသည်။
သို့သော်လည်း လေးသည်တော်များသည် နှစ်ပေါင်းနှစ်ဆယ်ခန့်ပြန်လည်သောင်းကျန်းခဲ့ပြီး ရခိုင်ဘုရင် စန္ဒ၀ိဇယ လက်ထက်တွင် ပြန်လည်နှိမ်နင်းခြင်းခံရသဖြင့် ပြည်မသို့ထွက်ပေးခြင်းနှင့် ဘုရားထံတွင်အသနား ခံ ခစားခဲ့သူများလည်းရှိခဲ့သည်။ ကမန်ဆိုသည်မှာ ပါရှင်ဘာသာဖြင့် ကမန်ဟုခေါ်တွင်လာခြင်းဖြစ်သည်။
သူတို့သည် ဘင်္ဂလီများနှင့်မတူသော အ၀တ်အစားများကို ၀တ်ဆင်ကြလေ့ရှိသည်ဟုလည်းရေးသားထားပါ သည်။
သုံ့ပန်းအဖြစ် ဖမ်းဆီးယူလာသူများနှင့် ပေါ်တူဂီတို့က ဆက်သသော ကျွန်များရောက်ရှိလာခြင်း
---------------------------------- ရခိုင်ဘုရင်းများသည် ဒါကာနှင့်စစ်တကောင်းကို ပိုင်ဆိုင်ခဲ့ချိန်တွင် မဟာမေ ဒင် ဘာသာဝင်များအား ကျေးကျွန်များအဖြစ်ဖမ်းဆီးကာ ရခိုင်သို့ ပို့ခဲ့သည်။ ထိုအချိန်တွင် ပေါ်တူဂီတို့သည် ယင်းတို့၏ဌာနချုပ်ကို ဒီင်္ဂါတွင် အခြေချပြီး ရခိုင်ဘုရင် လက်အောက်တွင်နေထိုင်ခဲ့သည်။ ယင်းအချိန် တစ် နှစ်လျင် လူပေါင်း ၄၀၀ ထက်မနည်းကို ဖမ်းဆီးပြီး ကျွန်များအဖြစ် ဆက်သခဲ့သည်။ ရောင်းချခဲ့သည်။
အပတ်စဉ် ဆက်လက်ဖော်ပြပါမည်။ ။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

အပတ်စဉ် ဆက်လက်ဖော်ပြပါမည်။
 
Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...