Ads (728x90)

=====================================
=====================================
ရန်ကုန် ၊ အောက်တိုဘာ ၁ ။ ။ သာကေတမြို့နယ်တွင် တက္ကစီ အငှား ယာဉ်တစ်စီး ယာဉ်မောင်း နှင်သူမရှိဘဲ ရုတ်တရက် ထွက်ခွာ မောင်းနှင်သွားသည့်ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ သာကေတမြို့ နယ်၇/၈ ရပ်ကွက် အောင် သပြေ အရှေ့ (၁၃) လမ်းရှိ အဖြူရောင်ကိုရို လာဗင်အမျိုးအစား တက္ကစီအငှားယာဉ်တစ်စီးသည် စက်တင် ဘာ ၃ဝရက်မွန်းလွဲ ၂နာရီခွဲခန့်က အငှား ကားမောင်းနှင်သူ၏နေ အိမ်ရှေ့တွင်ရပ်နားထားစဉ် ယာဉ် မောင်းမပါဘဲ ထွက်ခွာ သွားခြင်း ဖြစ်ကြောင်း အဆိုပါရပ်ကွက်နေသူ မျက်မြင်သက်သေများက ပြောသည်။

မျက်မြင်သက်သေတစ်ဦး ဖြစ်သူ အငှားယာဉ်မောင်း၏ အစ်မဖြစ်သူက ''အစ်မကကလေး ကျောင်းကြိုပြီး ပြန်လာတာပေါ့။ ၂နာရီခွဲလောက်ဖြစ်မယ်။ ကား က အိမ်ရှေ့မှာရပ်ထားရာကနေ မောင်းတဲ့သူမရှိဘဲ ထွက်သွား တာ။ မောင်လေး ကလဲ ကားသော့ ကိုလဲ ဖြုတ်ယူထားပြီး အိမ်ထဲ မှာရောက်နေတဲ့အချိန်မှာ ဖြစ် တာပါ''ဟု ပြောသည်။ အဆိုပါကားသည် ပေ ၆၀ ခန့်အကွာသို့ ရောက်ရှိသွားခြင်း ဖြစ်ပြီး အောင်သပြေအရှေ့(၁၃) လမ်သွယ်မှတစ်ဆင့် အောင်သပြေ လမ်းမကြီး ပေါ်သို့ မောင်းနှင်သွား ကြောင်း၊ ယင်းသို့ လူမဲ့မောင်းနှင် လာစဉ် လမ်းချိုးတစ်ခု၌ ရပ်နား ထားသော စက်ဘီးတစ်စီးကိုဝင် တိုက်သွားကြောင်း မျက်မြင်သက် သေတစ်ဦးက ရန်ကုန်တိုင်းမ် သတင်းစာသို့ ပြောသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက် ပြီး မျက်မြင်သက်သေတစ်ဦးက ''စက်ဘီးတိုက်တာ ဝုန်းကနဲအသံ ကြားတော့ ကြည့်လိုက်တာ။ ပြော မလို့ရှိသေးတယ်။ ထူးခြားတာက ကားက ရွေ့နေပြီးတော့ လူမပါ ဘူး။ ပြီးတော့ လမ်းကိုကွေ့ပြီး လမ်းဘေးမှာ ထိုးရပ်သွား တယ်။ ကားစက်နှိုးတဲ့အသံလဲ မကြားရ ဘူး။ ဖွတ်ဖွတ်နဲ့ ကားကမောင်း ထွက်သွားတာ''ဟု ပြောသည်။

credit : yangon times
 

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...