Ads (728x90)

သံတွဲပဋိပက္ခအား ကမ္ဘာ့မီဒီယာများမှ မည်သို့ တစ်ဖက်သတ် မဟုတ်မမှန်၊ ဗုဒ္ဓဘာသာအား အပုပ်ချ၊ မူဆလင်များအား ကာကွယ် ရေးသားဖော်ပြနေကြသည်ကို သိလိုသဖြင့် google မှ တစ်ဆင့် ၎င်းတို့ဖော်ပြနေသော သတင်းများအား လိုက်ရှာ၍ ဖတ်ကြည့်မိသည်။

၎င်းတို့ ရေးသားသော သတင်းများအား သုံးသပ်ကြည့်လျှင် တူညီသော မသမာမှု ၅ ချက်အား တွေ့ရပါသည်။

၁။ မူဆလင် တစ်ဦးသေဆုံး၍ မူဆလင်အိမ် ၇၀ မီးလောင်သည်ဟူ၍သာ မူဆလင်ဘက်မှ အပျက်အစီး သေဆုံးစာရင်းအား ရေးသားဖော်ပြကြပြီး ရခိုင်များဘက်မှ သေဆုံး၊ ဒဏ်ရာရ၊ မီးလောင်စာရင်းများ မတွေ့ရပါ။

၂။ သမ္မတဦးသိန်းစိန် ရခိုင်ပြည်နယ် ရောက်နေစဉ်အတွင်း ပဋိပက္ခဖြစ်ပွားသဖြင့် သဘာဝသယံဇာတခွဲဝေမှုနှင့် ပတ်သက်၍ မြန်မာအစိုးရအား မကျေမနပ်ဖြစ်နေသော ဒေသခံပါတီ RNDP ကပင် ယင်းပဋိပက္ခအား ဖန်တီးသယောင် ရေးသားထားကြသည်။

၃။ သမ္မတဦးသိန်းစိန် ကိုယ်တိုင်ရှိပါလျက် မူဆလင်များအား အကာအကွယ်မပေးနိုင်ခြင်းမှာ မြန်မာအစိုးရသည် မူဆလင်များ၏ လူ့အခွင့်အရေးအား လျစ်လျူရှုနေသည်ဟု OIC ကဲ့သို့ မူဆလင်အဖွဲ့အစည်းများ အာဘော်အတိုင်းလိုက်၍ ရေးသားကြသည်။

၎။ သံတွဲပဋိပက္ခသည် communal strife ခေါ် ဒေသတွင်း ပဋိပက္ခသာ ဖြစ်သော်လည်း sectarian strife ခေါ် ဘာသာရေးပဋိပက္ခအဖြစ် ဗုဒ္ဓဘာသာနှင့် အစ္စလာမ်ဘာသာတို့ကြား ဖြစ်ပွားနေသယောင် ပုံဖော်ချဲ့ကားရေးသားကြသည်။

၅။ ဘာသာရေးပဋိပက္ခဟု ရေးသားသော်လည်း မူဆလင်များကိုမူ အစ္စလာမ်ဘာသာဝင် (သို့မဟုတ်) မူဆလင် ဟူ၍ ခြုံငုံ မသုံးစွဲပဲ တမင်တကာ သိစေလိုသော သဘောဖြင့် လူမျိုးနွယ်စုနာမည်များတပ်၍ ရေးသားဖော်ပြကြသည်။ ကမန်၊ ကမန်မူဆလင်၊ ရိုဟင်ဂျာ၊ ရိုဟင်ဂျာ မူဆလင်။ သို့သော် Rakhine Buddhists ဟူ၍ ရခိုင်လူမျိုးအား ထည့်သွင်းရေးသားခြင်းကိုမူ မတွေ့ရှိရသလောက်ဖြစ်ပြီး ယင်းအစား ဗုဒ္ဓဘာသာအား နှိမ်ချလိုသောသဘောဖြင့် Buddhist mobs ဗုဒ္ဓဘာသာလူအုပ်ကြီး၊ Buddhist rioters ဗုဒ္ဓဘာသာ ဆူပူအုံကြွသူများ၊ Buddhist attackers ဗုဒ္ဓဘာသာအကြမ်းဖက်တိုက်ခိုက်သူများ...စသည်ဖြင့် ဗုဒ္ဓဘာသာအား နာမည်ဖျက် ရေးသားထားသည်ကို တွေ့ရသည်။
---------------------
credit>Myo Min Thant
 

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...