Ads (728x90)

=====================“ရွှေလုပ်သားဂျာနယ်ကိုအားပေးဖတ်ရှု့ခဲ့ကြသော မိတ်ဆွေများသို့မေတ္တာရပ်ခံချက်”
==========================================

ကျနော်တို့ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ အဖွဲ့MAT သည် “ရွှေလုပ်သားဂျာနယ်” အား၂၀၁၁ ခုနှစ်အောက်တိုဘာလ မှ စတင်၍ ၂၀၁၃ ခု အောက်တိုဘာလထုတ်အထိ ၂နှစ်တိုင်တိုင် (စောင်ရေ အားဖြင့် ၂၃စောင်) ထုတ်ဝေခဲ့ကြပါသည်။

       ကျနော်တို့ ထုတ်ဝေခဲ့သည့်သတင်းစာတွင် အင်္ဂလိပ်စာအခြေခံ၊ ကွန်ပျူတာအခြေခံများအပြင် ထိုင်းအလုပ်သမားဥပဒေ တို့ကို အခန်းဆက် တင်ပြခဲ့ပါသည်။ အဆက်အသွယ်မရပဲ ကွဲကွာနေကြသည့် မိသားစုများကို ကြော်ညာ၍ ရှာဖွေပေးနိုင်ခဲ့သည်။

                ထိုင်းနိုင်ငံရောက်ရွှေ့ပြောင်းအလုပ်သမားဆိုင်ရာ သတင်းများ၊ အရှေ့တောင်အာရှ အလုပ်သ မားသတင်းများနှင့် မြန်မာနိုင်ငံအတွင်းမှ အလုပ်သမားသတင်းများအပြင် မြန်မာ့နိုင်ငံရေးအပြောင်းအလဲ အခင်းအကျင်း တို့ကို စဉ်ဆက်မပြတ်တင်ပြခဲ့ပါသည်။ ရွှေ့ပြောင်း အလုပ် သမားများ အကူညီတောင်းခံနိုင်သည့် အစိုးရနှင့် အဖွဲ့အစည်းများသို့ ဆက်သွယ်နိုင်သည့် ဖုန်းနံပါတ်များနှင့် သတိပေး နှိုးဆော်ချက်များကို
လည်းစဉ်ဆက်မပြတ် တင်ပြခဲ့ပါသည်။

                  ယခုအခါ ကျနော်တို့ MAT အဖွဲ့သည် ထိုင်းနိုင်ငံအတွင်းမှ အလုပ်သမားများအတွက် အလုပ် သမားအခွင့်အရေးဆိုင်ရာ ကိစ္စရပ်များ အတွက် ထိုင်းရှေ့နေများဖြင့် ရုံးပိုင်းဆိုင်ရာ လုပ်ငန်းများ လုပ်ကိုင် လာခဲ့သည်မှာ တစ်နှစ်ခွဲခန့်ရှိလာခဲ့ပြီးဖြစ်ပါသည်။ 

လူကုန်ကူးမှုတိုက်ဖျက်ရေး လုပ်ငန်းစဉ်များအတွက် အာဏာပိုင်တို့ဖြင့် အခါအားလျှော်စွာ ခရီးရက်ရှည်ထွက်၍ အလုပ်လုပ်လာရသည့် အခါများလည်း ရှိလာ ပါသည်။ ထို့အတွက် အချိန်လု၍ အလုပ်လုပ်ကိုင် လာကြရပါသည်။

                    အထူးသဖြင့် ကျနော်တို့ MAT အဖွဲ့တွင် လူအင်အားနှင့်  ငွေအင်အား လိုအပ်ချက် များရှိ လာပါ၍ လစဉ်ထုတ်ဝေလာ ခဲ့သော “ရွှေလုပ်သား သတင်းဂျာနယ်” အား ယခုလ မှ စ၍ ရပ်နား လိုက်ရပါ သည်။ ထိုသို့ ရပ်နားလိုက်ရသည့်အတွက် မြန်မာအလုပ်သမားများအား အထူးတောင်းပန်အပ်ပါသည်။ 

အခွင့်အခါသင့်၍ လူအင်အား ငွေအင်အား ပြည့်စုံလာ သည့်အခါ ပြန်လည် ထုတ်ဝေလာနိုင်လိမ့်မည်ဟုကျနော်တို့ယုံကြည်ပါကြောင်း လေးစားစွာ အသိပေးအပ်ပါသည်။

အားလုံးကိုလေးစားလျှက်
                     “ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့ MAT ၀ိုင်းတော်သားများ”

                                                ဘန်ကောက်မြို့၊ ဘန်ဘွန်=====================

ဘန်ကောက်မြို့၊ ဘန်ဘွန်
 
Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...