အပိုင်း(၂)
ပြည်သူ့ နီတိသည်ပြည်သူ/သားတို့ အကြောင်းကို
လေ့လာသင်ကြားရသော ပညာရပ်ဖြစ်ရာ ပြည်သူ/သားတို့ ၏ စီးပွားရေးနှင့်လည်း တစိတ်တဒေသ အားဖြင့်
အကျုံးဝင်လျက်ရှိသည်။ ဘောဂဗေဒအကြောင်းအရာများသည် ပြည်သူ့ နီတိတွင် အကျွမ်းတ၀င်ရှိရန်လိုအပ်
ပေသည်။ စီးပွားရေး၏ အခြေခံအကြောင်းများကို မကျွမ်းကျင်ဘဲ မည်သူမျှ ပြည်သူ/သားကောင်း
ဖြစ်မလာနိုင်။ သို့ ကြောင့် စီးပွားရေးနှင့် စပ်လျဉ်းသော ဗဟုသုတ ပညာဖြင့် ပြည့်စုံခြင်းသည်
အလုပ်လက်မဲ့ ပြဿနာ၊ စီးပွားရေး ပြဿနာ၊ လူထုကောင်းစားရေးပြဿနာ စသော ပြည်သူ့ တာဝန် ၀တ္တရားများကို
အကျိုးထိရောက်စွာ လုပ်ကိုင် ဆောင်ရွက်နိုင်ပေမည်။ သို့ ရာတွင် ပြည်သူ့ နီတိသည် ဘောဂဗေဒ
ပညာထက် ကျယ်ဝန်း၍ ပြည်သူ/သား၏ အကျိုးစီးပွားရေးတစ်ခုတည်းသာ မဟုတ်ဘဲ အခြားကိစ္စအ၀၀ တို
့လည်း ပါဝင်လေသည်။
မိတ္တဗေဒသည် လူ့ အစည်းအရုံး၏ အထွေထွေ ပညာရပ်ကြီး
ဖြစ်သကဲ့သို့ သမိုင်းပညာရပ်သည် လူ၏တိုးတက်ထွန်းကား ယဉ်ကျေးလာမှု အစုစုတို့ ကို မှတ်တမ်းတင်ထားသော
လူ့ အတ္ထုပ္မတ္တိကြီး ပင်ဖြစ်သည်။ သို့ အကြောင့် ပြည်သူ့ နီတိသည် ထိုသမိုင်းပညာရပ်နှင့်
အထူးနီးစပ်ရန်လိုအပ်သည်။ သမိုင်းအဖြစ်အပျက်တို့ သည် အတိတ် ပစ္စုပ္မန်နှင့် အနာဂတ် ကာလအားဖြင့်တစ်ဆက်တည်း
တည်လျက်ရှိ သည်။ ပစ္စုပ္မန်ကာလတွင် ဖြစ်ပျက်နေသော အကြောင်းအရာတို့ သည် အတိတ်ကာလ၏ နောက်ခံကားကို
အမှီပြု၍ အတိတ်ကာလ၏ အ ကြောင်းခံကြောင့် ပေါ်ပေါက်လာကြသည်။ ထို့ အတူ အနာဂတ်ကာလမှာ ဖြစ်ပျက်မည့်
အကြောင်းအရာတို့ သည်လည်း ပစ္စုပ္မန်ကာလကို အမှီပြု၍ ဖြစ်ပေါ်လာရမည်ပင်။ သို့ ကြောင့် ပြည်သူ
့နီတိနှင့် သမိုင်းပညာရပ်တို့ သည် အလွန်နီးစပ်လျက်ရှိပေသည်။ သို့ ရာတွင် ပြည်သူ့ နီတိနှင့်
သမိုင်းကို ခွဲခြား၍ သိအပ်သည်။ သမိုင်းပညာရပ်တွင် လူ၏ယဉ်ကျေးမှု ကြီးထွားရင့်သန်လာပုံကို
တိုင်းပြည် တပြည်စီ ခွဲခြား၍ ခြေရာကောက်ခြင်း ဖြစ်သည်။ ပြည်သူ့ နီတိ ပညာရပ်တွင်မူထိုသို
့ခြေရာမကောက်ဘဲ ယဉ်ကျေးမှု ကြီးထွားရင့်သန်ပုံကို အလိုအလျောက် လက်ခံထားပြီး ဖြစ်သည်။
သင်ကြားနည်းနှင့်ပက်သက်၍ ပြည်သူ့ နီတိ ပညာရပ်ကို
အခြားသော ပေါင်းသင်းဆက်ဆံရေး ပညာရပ်များကဲ့သို့  နှစ်မျိုး နှစ်စားခွဲ၍ သင်ကြားနိုင်သည်။ ရူပဗေဒ သိပ္မံပညာရပ်ဖြစ်သော (ဓာတု နှင့် ရူပ ပညာရပ်များတွင်)
ကျွန်ုပ်တို့ ၏ ဆုံးဖြတ်ချက်များ မှန်မမှန် စစ်ဆေး ရန် သင့်လျော်သော လက်တွေ့ လုပ်ကိုင်စမ်းသပ်ချက်များ
ပြုလုပ်နိုင်သည်။ သို့ ရာတွင် ပြည်သူ့ နီတိ ဘာသာရပ်တွင် အလားတူစမ်းသပ် ချက်များ မပြုလုပ်နိုင်ပေ။
စင်စစ်သော် ပြည်သူ့ နီတိ၌ ကိုယ်တိုင် လုပ်ကိုင်ရသော လုပ်ငန်းများနှင့် ပြည့်နှက်လျက်ရှိရာ
၎င်း၏ ရည်ရွယ်ချက်သည် ထိုလုပ်ငန်းများဖြင့် တိုင်းသူပြည်သားကောင်း ဖြစ်လာအောင် ဖန်တီးပေးရခြင်းဖြစ်ချေသည်။
သို့ ကြောင့် ပြည်သူ့  နီတိသည် ပေါင်းသင်းစုရုံးမှုနှင့်
သက်ဆိုင်သော အဖွဲ့ အစည်းများ၏ အကြောင်းအရာ ဗဟုသုတရစေရန် စာတွေ့ မျှသာ မဟုတ်ကြောင်း ကို သဘောပေါက်ရမည်။
ပြည်သူ့ နီတိကို လေ့လာသင်ကြားသော ကျောင်းသားတစ်ဦးသည်
ကိုယ်တိုင် တွေ့ မြင်ရခြင်း ကိုယ်တိုင်ပါဝင်လုပ်ကိုင်ရခြင်းတို့ တွင် ပိုမို အားထားလျက်ရှိသည်။
သူ၏ ပတ်ဝန်းကျင်ရှိ ပေါင်းသင်းဆက်ဆံရေး အခြေအနေများကို အကွက်ချ၍လေ့လာ၏။ လူသာမန်တို
့ မည်သို့ နေထိုင်လုပ်ကိုင်သည်၊ ၎င်းတို့ ၏ ပြုမူလုပ်ကိုင်ပုံများသည် မည်သို့ သော စိတ်ကူး
မည်သို့ သော အကြံဥာဏ်များကြောင့် ဖြစ်ပေါ်လာရ
သည်။ မည်သို့ သော ဓလေ့ထုံးစံ မည်သို့ သော မျိုးရိုးအစဉ်အလာ စသည်တို့ ကြောင့်
ဤသို့ လုပ်ကိုင်ဆောင်ရွက်ကြ သည် စသည်များကို
စိတ်ရှည်ရှည်နှင့်လေ့လာ သင်ကြားသင့်သည်။ ပြည်သူ့ နီတိကိုလေ့လာသူသည် စိတ်ကူးယဉ်ရမည်။
ထိုးထွင်းသိမြင် တတ်ရမည်။ သူ၏ ပတ်ဝန်းကျင်ရှိ လူအများ၏ အကြောင်းအရာများတွင် သနားကြင်နာတတ်သော
သဘောရှိရမည်။ သနားကြင်နာတတ် သော သဘော သကာယ ရှိမှသာလျှင် ထိုသူများ၏ နိမ့်ကျသော အခြေအနေနှင့်
ကျရောက်လျက်ရှိသော ဒုက္ခများ၏ အကြောင်းအခြင်း ရာတို့ ကို လေ့လာစုံစမ်းလိုသော စိတ်ဖြစ်ပေါ်လာပေမည်။
ထိုမှတဆင့် ဒုက္ခတွင်းသို့ ကျရောက်ရသော အကြောင်းများကို ပယ်ရှားတွန်း လှန် ကြိုးစားပေမည်။ ဤသို့ ဖြင့် လူတိုင်း လူတိုင်း
ယောက်ျား မိန်းမ မဟူအရည်အချင်းပြည့်ဝသော ပြည်သူ ပြည်သားကောင်းများ ဖြစ်လာမည်။
ပြည်သူ့ နီတိ၏ အရေးကြီးပုံမှာ ထင်ရှားသည်။
ဒီမိုကရေစီလုပ်ငန်း၏ အောင်မြင်မှုသည် ပြည်သူ/သား များအပေါ်တွင် တည်လျက်ရှိသည်။ တိုင်းပြည်တစ်ပြည်အတွင်းရှိ
ပြည်သူ/သားများ သည် စနစ်တကျလေ့ကျင့်ထားသူများ ဖြစ်၍ ဥာဏ်ပညာ အမြော်အ မြင်နှင့် ပြည့်စုံပြီး
ပြည်သူ့ တာဝန် သိမှုတွင် ထိပ်တန်းသို့ ရောက်ရှိနေသူများဖြစ်လျှင် ထိုတိုင်းပြည်တွင်
ဒီမိုကရေစီ သဘောတရား၏ အကောင်းဆုံးသော အကျိုးအာနိသင်များကို အများဆုံး ခံစားရမည်သာပင်။
ပြည်သူ့ နီတိသည် ပြည်သူ/သားကောင်းများ ဖြစ်လာရန် ရည်သန်ရင်းရှိခဲ့သည့်အတိုင်း ၎င်းပညာရပ်ကို
သင်ကြားခြင်းဖြင့် ရရှိအပ်သော အသုံးဝင်မှုတို့ ကား ငြင်းဆိုဖွယ်ရာမရှိပေ။
ပြည်သူ/သား တစ်ယောက်သည် အများ၏ ကောင်းရာ ကောင်းကျိုးကို
သူ၏ စွမ်းပကား ရှိသမျှ လုပ်ကိုင်ဆောင်ရွက်လိုငြားအံ့ ရှေးဦးပထမတွင် မိမိကိုယ်ကိုမိမိ
လေ့ကျင့်ရပေဦးမည်။ သူကိုယ်တိုင် အသိတရားရှိ၍ ပေါင်းသင်းဆက်ဆံရေး အခြေအနေကောင်းများ
ကို ကောင်းစွာလေ့လာရာသည်။ ပြည်သူ့ နေထိုင်မှုနှင့် အသက်မွေးမှုတို့ တွင် အခြေအနေအမျိုးမျိုးမှ
တွေ့ မြင်ရသော အမြင်မှန် အမျိုးမျိုး တို့ ကို ကောင်းစွာ နားလည်ထားရမည်။
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်သည်
လွတ်လပ်သော ဒီမိုကရေစီနိုင်ငံဖြစ်သည်။ သို့ ကြောင့် ကျွန်ုပ်တို့ သက်ဝင်ယုံကြည်သော
ဒီမိုကရေစီ၏ လုံးဝ အောင်မြင်မှု အတွက် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၏ ယနေ့ လူငယ်များအား
ပြည်သူ/သားကောင်းတို့ ၏ ၀တ္တရားများကိုလေ့ကျင့်ပေးရန်ဖြစ်သည်။ သို့ မှသာလျှင် ပြည်ထောင်စု
သမ္မတ မြန်မာနိုင်ငံတော်၏ သားကောင်း သမီးကောင်းများအဖြစ် ဖြင့် ၀တ္တရားကျေပွန်နိုင်ကြပေမည်။
ပြည်သူ့ နီတိပညာနှင့် သက်ဆိုင်သော ဗဟုသုတများဖြင့် ပြည့်ဝစုံလင်ပါမူ အနာဂတ်ပြည်သူပြည်သူ/
သားများတွင် တာဝန်သိမှု အလိုအလျောက် ရရှိလာပေလိမ့်မည်။ ဤသို့ အားဖြင့် လူငယ်တို့ သည်
မိမိတို့ လုပ်ကိုင်ဆောင်ရွက်ရန်ဖြစ် သောတိုင်းပြည်၏ ပေါင်းသင်းဆက်ဆံရေးနှင့် နိုင်ငံရေးလုပ်ငန်းများကို
သိရှိလာကြပေလိမ့်မည်။ သို့ ကြောင့် လူတိုင်း၏ ပညာသင်ကြား မှုတွင် ပြည်သူ့ နီတိသည် အရေးပါအရာရောက်သော
အစိတ်အပိုင်းတစ်ခုအဖြစ် တည်လျက်ရှိကြောင်း ကောင်းစွာသဘောပေါက်သင့် သည်။
လေ့ကျင့်ရန်
အမေးပုစ္ဆာများ
1.
လူသည် အဘယ်ကြောင့် အစည်းအရုံးနှင့်နေတတ်ကြသနည်း။
မည်သို့ သော အတားအဆီးများကြောင့် လူသည်တစ်ဦးတည်းနေရန် မဖြစ်နိုင်ပဲ ရှိသနည်း။
2.
လူ့ အစည်းအရုံးတွင် တဆင့်ပြီးတဆင့် မည်သို
့တိုးတက်လာခဲ့သနည်း။
3.
(Civics) ဟူသော စကား၏ မူလအဓိပ္မါယ်ကိုရှင်းပြပါ။
၎င်းဘာသာရပ်ကို အဘယ်ကြောင့်များ ကျောင်းများတွင် သင်ကြားထိုက်ကြောင်း အကြောင်းပြဖြေဆိုပါ။
4.
“ပြည်သူ့ တာဝန် သိမှု” ဟူသော စကားကို အနည်းငယ်
ချဲ့ ထွင်ရေးသားပြပါ။
5.
ပြည်သူ့ နီတိနှင့် နိုင်ငံရေးပညာရပ်တို့ သည်
မည်သို့ နီးစပ်ကြသနည်း။
6.
စီးပွားရေး၏ အခြေခံ အကြောင်းရင်းများကို မကျွမ်းကျင်ဘဲ
ပြည်သူ/သားကောင်း မဖြစ်နိုင်ကြောင်းကို ရှင်းပြပါ။
7.
ဒီမိုကရေစီ၏ အဓိပ္မါယ်အကျဉ်းကို ရှင်းပြပါ။
8.
ဒီမိုကရေစီလုပ်ငန်း၏ အောင်မြင်မှုသည် ပြည်သူ/သား
များ၏ အသိတရားနှင့် အလုပ်တရားများ အပေါ်တွင် တည်ရှိ၏ ဆိုသော စကား၏ အမှား/အမှန်ကို ဝေဖန်ပြပါ။
9. သူတစ်ပါး၏
ကောင်းရာကောင်းကြောင်းကို လုပ်ကိုင်လိုသော ဆန္ဒရှိသူတွင် မိမိကိုယ်တိုင် ရှေးဦးပထမ
လိုအပ်သော အချက်ကို ဖော်ပြပါ။
Post a Comment
Blogger Facebook DisqusComment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။