Ads (728x90)



ပျဉ်းမနားမြို့ မင်္ဂလာရပ်ကွက် (၇)လမ်း ရွှေပြည်သာဆန်ဆိုင်အတွင်းသို့ အောက်တိုဘာလ၂၁ ရက် ညနေခြောက် နာရီတွင် ကျောချင်းကပ်အိမ်မှ နေအိမ်အတွင်းသို့ဝင်ရောက်ကျုးကျော်ကာ အဖိုး နှင့် ဦးလေးတို့ အားရိုက်နှက်မှုဖြစ်ပွားခဲ့ပါသည်။ ဖြစ်ပွားပုံမှာ မိမိတို့အိမ်တွင် ညနေခင်းဟင်းချက်နေသည်မှာ ညော်သည်ဟု အကြောင်းပြပြီး အိမ်နောက်ဖေးအတွင်းသို့ရောက်သည်ထိ မည်သူတစ်ဦးတစ်ယောက်ကိုမျှ ခွင့်တောင်းခြင်းမပြုပဲ ၀င်ရောက်ခဲ့သဖြင့် ဦးလေးမှ သူတပါးအိမ်သို့ အိမ်ရှင်အားခွင့်တောင်းခြင်းမရှိပဲ မ၀င်ရောက်သင့်ကြောင်း စကားဖြင့်ပြောဆိုနေစဉ် ထိုအမျိုးသမီး၏ မောင်မှ လမ်းမမှ သံတုတ်ဆွဲကာပြေးဝင်လာခဲ့သဖြင့် အဖိုးမှ မဖြစ်သင့်သည်များမဖြစ်စေရန် ရှေ့မှ ၀င်ရောက်ကာပြီးဖြေရှင်းပေးခဲ့ပါသည်။
မိမိတို့အိမ်မှာ ဈေးဆိုင်ဖြစ်သောကြောင့် အိမ်တံခါးမှာလဲ အမြဲ အစဉ်ဖွင့်လှစ်ထားရခြင်းမှာ ယင်းတို့ အတွက်ပိုမို အခွင့်သာစေခဲ့ပါသည်။ အဖိုးအားသံတုတ်ဖြင့်ရိုက်နှက်သောကြောင့် ဦးလေးမှ ထိုသူအားလက်သီးဖြင့် ပြန်လည်ထိုးနှက် ခုခံကာကွယ်ခဲ့ပါသော်လည်း နောက်ထပ် ထိုသူ၏ အစ်မတစ်ဦးနှင့် အကိုတစ်ဦး ထပ်မံရောကှ်ိလာကာ ပေါင်း မောင်နှမ ၄ဦး က ဦးလေးအားဝိုင်းဝန်းတုတ်နှောင် လျက် ခေါင်းအားသံတုတ်ဖြင့်နှစ်ချက် ခန္တာကိုယ်အားဝိုင်းရိုက်နှက်ကြ ပြီး အလစ်တွင် ထပြေးမြန်သောကြောင့် အသက်မဆုံးရုံ တမယ်ဖြစ်ခဲ့ရပါသည်။ ထိုကဲ့သို့ ဖြစ်ပွားပုံ အသေးစိတ်အား ပတ်ဝန်းကျငှ်ိ လူအများအားလုံးလည်းမျက်မြင် ဖြစ်ပါသည်။
ထိုအဖြစ်အပျက်အား မင်္ဂလာရပ်ကွက် အမှတ်(၁) ရဲစခန်း တွင် ပိုင်နက်ကျူးကျော်မှု၊ ထိခိုက်နာကျင်စေရန် ရိုက်နှက်မှုတို့ဖြင့် အမှုဖွင့်တိုင်ကြားခဲ့ပါသည်။ သို့သော် ယနေ့ အောက်တိုဘာ ၂၃ရက်နေ့ ရောက်နေပြီဖြစ်သော်လည်း မည်သည့် အရေးယူမှုမျှ လုပ်ဆောင်မပေးသေးပါ။ မိမိတို့ကြားဘူးသည်မှာ ပိုင်နက်ကျူးကျော်ပါက ၂၄နာရီ အတွင်းဖမ်းဆီးသင့်သည်ဟု ပါ။
ဖြစ်ပွားသည့် ညတွင်းချင်း ဖမ်းဆီးပေးရန်တိုင်ကြားစဉ်ကလဲ စခန်းမှ ပိုက်ဆံလာပေးမှ လုပ်ဆောင်စရာများဆက်လက်လုပ်ဆောင်ပေးမည်ဟု ဆိုသဖြင့် အမှတ်(၁) ရဲစခန်း စခန်းမှူး ဦးကျော်မြင့် ၏ ဇနီးအား ပေးဆောင်ခဲ့ပြီးဖြစ်ပါသော်လည်း ယနေ့ထိတိုင် မည်သည့် လုပ်ဆောင်ချက်မှ မရှိသေးပါ။
ထပ်မံကြားသိရသည်မှာ တစ်ဖက် တရားခံ ဘက်မှလည်း ပိုက်ဆံများ လက်ခံထားကြောင်း သိရှိရပါသည်။ အခံရခက်ဆုံးစကားမှာ ယနေ့ နေ့လည်ခန့်က စခန်းသို့ထပ်မံ တိုင်ကြားရာ တွင်ပြောသည့်စကားမှာ " ငါတို့ရဲတွေ အလုပ်ရှူပ်နေတယ် မအားသေးဘူး" တဲ့
ဖြစ်သင့်ရဲ့လား??? မြန်မာနိုင်ငံမှာ တရားဥပဒေဆိုတာမရှိတော့ဘူးလား???

  • ပေးပို့ လာသည့်  facebook Message box ထဲမှ ပုံလေးများဖြစ်သည့် အတွက်
    ဓာတ်ပုံလေးများမှာအနည်းငယ်သေးငယ်လွန်းနေသည့် စာဖတ်ပရိတ်သတ်များကိုတောင်းပန်အပ်ပါသည်။
    ထို့ အတူပေးပို့ လာသည့် Message ကိုနောက်ကျမှ တွေ့ ရှိပြီးတင်ပေးမိသည့် အတွက်လဲပေးပို့ လာသူကိုအနူးအညွှတ်တောင်းပန်အပ်ပါသည်။
    ခုလိုပေးပို့ လာသည့် အတွက်အထူးပင်ကျေးဇူးတင်ရှိပါတယ်ဗျာ...

    လေးစားစွားဖြင့် ..

    Admin : AungKyawSoe

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...