Official:
ဗန်ပါစီ မန်ယူနှင့် စာချုပ်ချုပ်ဆိုပြီးစီးကာ အပြောင်းအရွှေ့ကိစ္စများ
ပြီးပြတ်၊ မန်ယူအသင်းနှင့် စာချုပ်ချုပ်ဆို လိုက်ခြင်းသည်
ဂုဏ်ယူဖွယ်ရာဖြစ်သည် ဟု ဗန်ပါစီမှ ပြောကြား။
ရော်ဘင် ဗန်ပါစီသည် ယခုအခါ မန်ယူအသင်းနှင့် ဆေးစစ်မှု အောင်မြင်သွားပြီးနောက် စာချုပ်ချုပ်ဆိုမှု ပြီးမြောက်သွားပြီ ဖြစ်ကြောင်းသိရသည်။ ဗန်ပါစီ နှင့် ပတ်သက်ပြီး ဖာဂူဆန်မှ ပြောကြားရာတွင် " ဗန်ပါစီဟာ ကမ္ဘာ့ထိပ်တန်းအဆင့် တိုက်စစ်မှုးဖြစ်ပါတယ်။ သူဟာ အဲဒါကို မှန်ကန်ကြောင်း အင်္ဂလန်မှာရော ဥရောပ အဆင့်မှာပါ သက်သေပြခဲ့ပြီးသားဖြစ်ပါတယ်။ သူ့ရဲ့အရည်အချင်းကတော့ ကျနော်တို့အသင်း ပရိတ်သတ်တွေအတွက် ထူးထူးထွေထွေ မိတ်ဆက်ပေးစရာ လိုမယ်မထင်ပါဘူး။ သူအာဆင်နယ်မှာ တုန်းက ကျနော်တို့ အသင်းဘက်ကို အရေးပါတဲ့ ဂိုးတွေ တော်တော်များများ သွင်းယူခဲ့ဖူးပါတယ်။ သူ့ရဲ့ လှုပ်ရှားပုံ၊ အဆုံးသတ်မှု၊ စွမ်းရည်တွေ အားလုံးဟာ ထူးချွှန်လှပါတယ်" ဟု ပြောကြားသွားခဲ့သည်။ ဗန်ပါစီမှလည်း အိုးထရက်ဖို့ဒ်တွင် စာချုပ်ချုပ်ဆိုလက်မှတ်ထိုးမှု ပြီးစီးပြီးနောက် ကျေနပ်မှုဖြင့် ပြောကြားခဲ့ရာတွင် "မန်ယူအသင်းနဲ့ လက်မှတ်ထိုးလိုက်ရတာဟာ ဂုဏ်ယူဖွယ်ရာပါပဲ။ ကြိးကျယ်တဲ့ တိုက်စစ်မှုးတွေအများကြီးရဲ့ ခြေရာကို ကျနော် နင်းရမှာပါ။ ကျနော့်ရဲ့အတွေ့အကြုံနဲ့အတူ ပြိုင်ပွဲအသီးသီးက အမြင့်ဆုံးဖြစ်တဲ့ ဆုဖလားတွေ ကိုရရှိဖို့အတွက် အသင်းအနေနဲ့ ယှဉ်ပြိုင်ရာမှာ အစိတ်အပိုင်းတစ်ခုအနေနဲ့ ကူညီသွားမှာပါ။ ကျနော် မစောင့်နိုင်လောက်အောင် ပါပဲ" ဟု ပြောကြားသွားခဲ့ကြောင်း သိရသည်။ |
|
|
Copy By : PunkGhost

Post a Comment
Blogger Facebook DisqusComment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။