အဲလက်စ်ဆောင်း၏ အပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး ၀င်းဂါးပြောစကား။
ကင်မရွန်းလက်ရွေးစင်ကစားသမားသည်
အသင်းမှ ထွက်သွားဖွယ်ရှိသည်ကို အာစင်ဝင်းဂါးအနေဖြင့်
ငြင်းပယ်ခဲ့ခြင်းမရှိပေ။ ထို့အပြင် ရီးရဲ ကွင်းလယ်လူ ဆာဟင်သည်လည်း
ခေါ်ယူရန်ကြိုး စားနေသူများထဲမှ တစ်ယောက်ဖြစ်ကြောင်းပြော သွားခဲ့သည်။
ဘာစီလိုနာမှ တာဝန်ရှိသူများသည် ဆောင်း ၏ အပြောင်းအရွှေ့ဆွေးနွေးရန် လန်ဒန် သို့ရောက်နေကြောင်း သတင်းများတွင် ဖော်ပြထားသည်။ သောကြာနေ့ မနက်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ တွင် ၀င်းဂါးအား သတင်းထောက်များမှ ဆောင်း၏ အပြောင်းအရွှေ့ အခြေအနေနှင့် ပတ်သက်ပြီး သော်လည်းကောင်း ဆာဟင်၏ အခြေအနေကိုသော်လည်းကောင်း မေးမြန်းရာတွင် အာဆင်ဝင်းဂါးမှ "နှစ်ခုစလုံး ဖြစ်နိုင်ပါတယ်။ ကျနော်တို့အသင်းရဲ့ ကွင်းလယ်မှာ ကစားသမား ခြောက်ယောက် ခုနှစ်ယောက်လောက် ရှိနေပါတယ်။ ဒါကြောင့်မို့လို့ အဲဒီနေရာက ကိစ္စတွေနဲ့ ပတ်သက်ပြီး ဆုံးဖြတ်ချက်ချရမှာ ပိုပြီး လွတ်လွတ်လပ်လပ် ရှိပါတယ်။ ကျနော်တို့ရဲ့ လူအင်အားတောင့်တင်းမှုကို ကြည့်မယ်ဆိုရင် လုံလောက်တဲ့ အင်အားရှိတယ်လို့ ဆိုရမှာပါ" ဟု ပြောသွားခဲ့သည်။ ဆာဟင် နှင့်ပါတ်သက်ပြီး ပြောကြားရာတွင်မူ ၀င်းဂါးမှ "သူဟာ ကျနော်တို့ လိုက်နေတဲ့ ကစားသမားတွေထဲက တစ်ယောက်ပါ" ဟုသာဖြေကြားသွားခဲ့ကြောင်း သိရသည်။ |
|
|
Copy By : PunkGhost

Post a Comment
Blogger Facebook DisqusComment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။