Ads (728x90)



မနှစ်က မန်ယူဖလားမရတော့တာ ကျနော်တို့လုပ်လိုက်တာလဲ ပါတယ် (ဒါရင့် ဂစ်ဘ်ဆင်)
မနှစ်က မန်ယူဖလားမရတော့တာ ကျနော်တို့လုပ်လိုက်တာလဲ ပါတယ် (ဒါရင့် ဂစ်ဘ်ဆင်)
မန်ချက်စတာ ယူနိုက်တတ် အသင်းသားဟောင်း လက်ရှိ အဲဗာတန် ကွင်းလယ်လူ ဒါရင့်ဂစ်ဘ်ဆင်မှ ပြောကြားရာတွင် ယမန်နှစ်က အဲဗာတန်နှင့် ၄-၄ ဂိုးစီ သရေကျသောပွဲစဉ်သည် မန်ယူအသင်းအတွက် ဖလားကိုဆုံးရှုံးရန် မန်စီးတီးမှ အသာရသွားစေရန် အပြောင်းအလဲတစ်ခုဖြစ်ခဲ့ကြောင်း ဖွင့်ဟ ပြောဆိုလိုက်သည်။ ဂစ်ဘ်ဆင်သည် အဲဗာတန်အသင်းအတွက် ပွဲဦးထွက်လိုင်းအပ် တွင်ပါသော ပွဲစဉ်တိုင်း အဲဗာတန်အသင်းသည် ပရီးမီးယားလိဂ်တွင် ရှုံးနိမ့်ခြင်းမရှိသေးကြောင်း အချက်အလက်များ အရသိရသည်။

ဂစ်ဆင်သည် အိုးထရက်ဖို့ဒ်တွင် နေရာမရနိုင်ဘဲ အဲဗာတန်သို့ပြောင်းရွှေ့ခဲ့ပြီးနောက် အဲဗာတန်အသင်းတွင်မူ အရေးပါကစားသမားတစ်ယောက် ဖြစ်လာနေပြီဖြစ်သည်။ ယမန်နှစ်က ပွဲစဉ်တွင် အဲဗာတန်အသင်းသည် မန်ယူအသင်းအား လေး ဂိုး နှစ်ဂိုး ဖြင့်ရှုံးနိမ့်နေရာမှ သရေရလဒ်ကို ရအောင်စွမ်းဆောင်ပြီး မန်ယူ၏ ဖလားရရေး လမ်းကြောင်းကို အနှောင့်အယှက်ပေးခဲ့ခြင်းဖြစ်သည်။ ယခုအခါ လာမည့် တနင်္လာနေ့တွင် မန်ယူနှင့် အဲဗာတန်တို့ ကစားရမည်ဖြစ်ရာ မန်ယူအသင်းအနေဖြင့် ကလဲ့စားချေလိုနေမည်မှာ အမှန်ပင်ဖြစ်သည်။ ဂစ်ဆင်မှ အဲဗာတန်ဝက်ဆိုဒ်သို့ပြောကြားရာတွင်
" မန်ယူအသင်းကတော့ ပွဲတိုင်းကိုအနိုင်ကစားမယ့် စိတ်နဲ့ကစားတာပါ မနှစ်က ကျနော်တို့နဲ့ပွဲမှာ သူတို့လိုချင်တဲ့ရလဒ်ကိုမရဘဲ ခံလိုက်ရလို့ လိဂ်ဖလား ကိုလက်လွတ်လိုက်ရတယ်လို့ပြောလို့လည်းရတယ်။ ကျနော်တို့ဘက်ကလည်း ကျနော်တို့အတွက် ရလဒ်ကောင်းရဖို့ကြိုးစားမှာပဲ။ သူတို့တွေဟာ ခုချိန်မှာ ဒဏ်ရာရသလိုဖြစ်နေမှာပါ။ ချန်ပီယံဆုကို သူတို့ရဲ့ တစ်မြို့တည်းပြိုင်ဘက် မန်စီးတီးက ရသွားတာကိုး" ဟု ပြောကြားခဲ့သည်။  ကစားသမားမှ ဆက်လက်ပြောကြားရာတွင်" ကျနော့်အနေနဲ့ကတော့ ပွဲများများကစားချင်တာပါ။ ကြံ့ခိုင်မှုပြည့်ဝအောင်နေမယ်။ ဂိုးတွေသွင်းမယ်။ ဒီနှစ်မှာတော့ ကျနော့်အတွက် ကောင်းမွန်တဲ့ ပြည့်စုံတဲ့ ဘောလုံးသမားဘ၀ နှစ်တစ်နှစ်ကို ရလာမယ်လို့ မျှော်လင့်ပါတယ်" ဟုပြောကြားခဲ့ကြောင်း သိရသည်။
Translated by : ထာဝရ  
www.mutdfan.com မှ ပြန်လည်ကူးယူဖော်ပြပါသည်

 Copy By : PunkGhost

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...