Ads (728x90)



ဆာဟင် အားခေါ်ယူနိုင်ရန် ရီးရဲမက်ဒရစ်နှင့် လီဗာပူးတို့ သဘောတူညီမှု ရပြီ ဟု သတင်းများမှဆို
ဆာဟင် အားခေါ်ယူနိုင်ရန် ရီးရဲမက်ဒရစ်နှင့် လီဗာပူးတို့ သဘောတူညီမှု ရပြီ ဟု သတင်းများမှဆို
လီဗာပူးအသင်းသည် ရီးရဲမက်ဒရစ် ကစားသမား နူရီဆာဟင် အား ခေါ်ယူရန် ကြိုးစားမှုတွင် အာဆင်နယ်အသင်းအား အသာရခဲ့ပြီ ဖြစ်ကြောင်း သတင်းရရှိသည်။ ဘရန်ဒန်ရော်ဂျာသည် ဆာဟင်အား ရီးရဲမက်ဒရစ်မှ လီဗာပူးသို့ တစ်နှစ် အငှားစာချုပ်ဖြင့် ခေါ်ယူရန် သဘောတူညီခဲ့ပြီ ဟု သတင်းများမှဆိုသည်။
သဘောတူညီမှုတွင် အပြီးသတ်စာချုပ်ချုပ်ဆိုခေါ်ယူနိုင်ရန် ရွေးချယ်ခွင့်လည်း ပါရှိကြောင်း သိရသည်။ ဆာဟင်သည် ဂျာမနီဖွား တူရကီ လက်ရွေးစင်တစ်ယောက်ဖြစ်ပြီး ကွင်းလယ်သို့မဟုတ် နောက်တန်းတွင် ကစားနိုင်သောသူဖြစ်သည်။ ဘွန်ဒက်စ်လီဂါတွင်  ဒေါ့မွန်အသင်းနှင့် ခြေစွမ်းပြခဲ့ပြီးနောက် ရီးရဲသို့ပြောင်းရွှေ့ ရာတွင် နေရာမရခဲ့ပဲ ယခုကဲ့သို့ မော်ရင်ဟိုမှ အငှားဖြင့် ထွက်ကစားစေလို့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ဆာဟင်သည် အာဆင်နယ်အသင်းသို့ ပြောင်းရွှေ့မလိုလိုဖြစ်ခဲ့သော်လည်း မော်ရင်ဟိုအနေဖြင့် ဘရန်ဒန် ရော်ဂျာနှင့် ဆက်ဆံရေးကောင်းရှိခြင်းကြောင့် လီဗာပူးမှ အလေးသာသွားခြင်းဖြစ်မည်ဟု သတင်းများမှ ဆိုသည်။
ဆာဟင်သည် လီဗာပူးသို့ ရောက်ရှိလာမည်ဆိုပါက ဘရန်ဒန်ရော်ဂျာအတွက် ယခုရာသီအတွင်း ဂျိုးအလန်နှင့် ဘိုရီနီတို့ပြီးနောက် တတိယမြောက်ခေါ်ယူမှု ဖြစ်လာမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
Translated by : ထာဝရ
www.mutdfan.com မှ ပြန်လည်ကူးယူဖော်ပြပါသည်

Copy By : PunkGhost

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...