Ads (728x90)



ရော်ဘင် ဗန်ပါစီ မန်ယူအသင်းသို့ပြောင်းရွှေ့ရန် ဆေးစစ်မှုပြီးစီး
ရော်ဘင် ဗန်ပါစီ မန်ယူအသင်းသို့ပြောင်းရွှေ့ရန် ဆေးစစ်မှုပြီးစီး
ဟော်လန်လက်ရွေးစင် ကစားသမားသည် လေးနှစ်စာချုပ်ချုပ်ဆိုမည်ဖြစ်ရာ ၀င်ငွေပေါင်း ပေါင် ၄၈ သန်းရနိုင်မည်ဖြစ်သည်။
ယခုအခါတွင် ကစားသမားသည် Bridgewater ဆေးရုံတွင် ဆေးစစ်မှု ပြီးမြောက်ပြီဖြစ်ကြောင်း သိရသည်။
သတင်းများအရ ဗန်ပါစီသည် တစ်ပါတ်လျင် ပေါင် ၂၃၅ ၀၀၀ ဖြင့် လေးနှစ်စာချုပ်ချုပ်ဆိုမည်ဟု သိရသည်။ ရုပ်ပုံအသုံးပြုခနှင့်အတူ လစာများအားလုံးပေါင်းပါက ဗန်ပါစီသည် လေးနှစ်အတွင်း ပေါင် ၄၈ သန်းခန့် ၀င်ငွေရှိမည်ဖြစ်ပြီး မန်ယူအသင်းအနေဖြင့် အာဆင်နယ်သို့လည်း ပြောင်းရွှေ့ကြေး ၂၄ သန်းကို ပေးရမည်ဖြစ်သည်။ ယူနိုက်တတ်သည် ဗန်ပါစီအားခေါ်ယူနိုင်ရန် ဂျူဗင်တပ်စ်နှင့် မန်စီးတီး တို့ကို ယှဉ်ပြိုင်ခဲ့ရခြင်းဖြစ်သည်။ ဗန်ပါစီ အနေဖြင့် လာမည့် တနင်္လာနေ့ တွင် ကစားမည့် အဲဗာတန်နှင့် ပွဲစဉ်တွင် ကစားနိုင်မည်ဟု မျှော်လင့်ရသည်။ ဗန်ပါစီ ရောက်လာခြင်းကြောင့် နေရာပျောက်ဖွယ် ရှိသော ဒန်နီဝဲဘက်ကလဲ ဗန်ပါစီ အား ကြိုဆိုကြောင်း ပြောကြားခဲ့သည်။ "ဗန်ပါစီအသင်းကို ပူးပေါင်းလာတာ အသင်းအတွက် အားတတ်စေပါတယ်။ ကျနော်သူနဲ့အတူတူ တွဲကစားရဖို့ မျှော်လင့်နေပါတယ်" ဟု ဒန်နီ ၀ဲဘက်မှ ပြောကြားခဲ့ခြင်း ဖြစ်သည်။ ယခုပြောင်းရွှေ့မှုသည် ဖာဂူဆန်အနေဖြင့် ဒီမီတာ ဘာဘာတော့ မန်ယူအသင်းသို့ ၂၀၀၈ ခုနှစ်တွင် ပေါင် သန်း ၃၀ ဖြင့် ပြောင်းရွှေ့ရောက်ရှိပြီးနောက် ပြောင်းရွှေ့ကြေး များများ သုံးစွဲမှုဖြစ်သည်။ ယခင်က မန်ယူအသင်းသည် အသက် ၂၇ နှစ်အထက် ကစားသမားများကို စာချုပ်မချုပ်ဆိုတော့ ဟုဆုံးဖြတ်ခဲ့ဖူးသော်လည်း ယခု ဗန်ပါစီကို ခေါ်ယူခြင်းသည် မန်စီးတီးထံမှ ဖလားကို ပြန်လည်ရယူလိုစိတ် အလွန် ထက်သန်နေကြောင်း ပြသလိုက်ခြင်းပင်ဖြစ်ကြောင်း သတင်းများတွင်ဖော်ပြသည်။
Translated by : ထာဝရ
www.mutdfan.com မှ ပြန်လည်ကူးယူဖော်ပြပါသည်

Copy By : PunkGhost

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...