Ads (728x90)



ချယ်ဆီးကစားသမားဟောင်း ဘော်စင်ဝါ ကျူပီအာ အသင်းနှင့် စာချုပ်ချုပ်မည်။
ချယ်ဆီးကစားသမားဟောင်း ဘော်စင်ဝါ ကျူပီအာ အသင်းနှင့် စာချုပ်ချုပ်မည်။
ကျူပီအာအသင်းသည် ချယ်ဆီးအသင်းမှ စာချုပ်ထပ်မံ သက်တမ်း တိုးခြင်းမရှိတော့သော ဘော်စင်ဝါအား အလွတ်ခေါ်ယူနိုင်ရန် နီးစပ်နေကြောင်း သိရသည်။ ဘော်စင်ဝါအား အင်တာမီလန် မိုနာကို စသောအသင်းများမှ ချိတ်ဆိတ်နေသော်လည်း ကစားသမား အနေဖြင့် လန်ဒန် တွင်သာ ဆက်လက်နေလိုနေခြင်းဖြစ်ကြောင်းသိရသည်။

ဘော်စင်ဝါသည် လွန်ခဲ့သော လေးနှစ်က ချယ်ဆီးအသင်းသို့ ပေါင် ၁၆ သန်းဖြင့် ပြောင်းရွှေ့လာခဲ့ခြင်းဖြစ်ပြီး ချန်ပီယံလိဂ်ဖလား ပရီးမီးယား လိဂ်ဖလားနှင့် အက်ဖ်အေဖလား သုံးကြိမ် ကွန်မြူနတီဒိုင်းတို့ကို အသင်းနှင့် အတူ ရယူခဲ့သူဖြစ်သည်။ ၂၀၀၄ ခုနှစ်တွင် မော်ရင်ဟို၏ ချန်ပီယံလိဂ်ဖလား ပိုင်ရှင် ပေါ်တိုအသင်းတွင် ပါဝင်ခဲ့သူလည်းဖြစ်သည်။ သို့ရာတွင် ချယ်ဆီးအသင်းတွင် ပုံမှန်တစ်နေရာ အမြဲတစ်စေ ရရှိခဲ့ခြင်းမရှိဘဲ ယမန်နှစ် ရာသီကုန်တွင် အသင်းမှ စာချုပ်သက်တမ်းထပ်မံ တိုးခဲ့ခြင်းမရှိသောကြောင့် အသင်းမှ ထွက်ခွာ ခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။ ကျူပီအာ အသင်း နည်းပြ မာ့ခ်ဟုခ်ျသည် ကစားသမားများ ဖြည့်တင်းလျက်ရှိရာ ယခုအချိန်အထိ မန်ယူအသင်းမှ ပါ့ခ်ဂျီဆန်နှင့် ဖာဘီယို ဒါဆေးဗား။ နန်စီအသင်းမှ ဒိုင်ယာခီတီ၊ ဘလန်းဘန်းမှ ဂျူနီယာဟွိုင်းလတ်၊ ၀က်စ်ဟမ်းမှ ရောဘတ်ဂရင်း၊ ဖူဟမ်မှ အင်ဒရူးဂျွှန်ဆင်၊ စပါးအသင်းမှ ရွိင်ယန်နယ်လ်ဆင် စသည်ဖြင့် ခုနှစ်ယောက် ရှိသွားပြီဖြစ်ပြီး ဘော်စင်ဝါ ရောက်လာမည် ဆိုပါက အသင်းအနေဖြင့် ရှစ်ယောက်မြောက် လူအင်အား ဖြည့်တင်းမှုဖြစ်ကြောင်း သိရသည်။
Translated by : ထာဝရ
www.mutdfan.com မှ ပြန်လည်ကူးယူဖော်ပြပါသည်

 Copy By : PunkGhost

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...