Ads (728x90)



ကျနော် ကွင်းလယ်တိုက်စစ်ကစားနိုင်သေးတယ်၊ ပေါလ်စခိုးလို နောက်ဆွဲအလယ်လူ လုပ်ဖို့မလိုသေးဘူး( စတီဗင် ဂျာရတ်)
ကျနော် ကွင်းလယ်တိုက်စစ်ကစားနိုင်သေးတယ်၊ ပေါလ်စခိုးလို နောက်ဆွဲအလယ်လူ လုပ်ဖို့မလိုသေးဘူး( စတီဗင် ဂျာရတ်)
လီဗာပူးအသင်းခေါင်းဆောင် စတီဗင်ဂျာရတ်မှ သူသည်မန်ယူကွင်းလယ်လူ ပေါလ်စခိုးကဲ့သို့ နောက်ဆွဲ အလယ်လူ အဖြစ်ကစားရန် မလိုသေးဘဲ ကွင်းလယ် တိုက်စစ်တွင်သာ ကစားနိုင်သေး ကြောင်းပြောကြားလိုက်သည်။ အသက် ၃၂ နှစ်အရွယ်ဂျာရတ်သည် လွန်ခဲ့သော နှစ် ဇန်န၀ါရီတွင် အနားယူရမှ ပြန်ကစားခဲ့သည့် ပေါလ်စခိုးကဲ့သို့ ကွင်းလယ်တွင် နောက်ဆွဲ အလယ်လူ ပုံစံဖြင့် ကစားသင့်သည် ဆိုခြင်းကို ငြင်းဆန်လိုက်ခြင်းဖြစ်ပြီး ဘရန်ဒန်ရောဂျာ၏ ထောက်ခံမှုကိုလည်း သူရရှိထားကြောင်းဆိုခဲ့သည်။

သတင်းထောက် များသို့ ဂျာရတ်မှ ပြောကြားရာတွင် " ကျနော် အရင်လို မကစားနိုင်တော့ဘူးလို့ လူတွေက ကျနော့်ကို ပြောစေချင်ကြာတယ်လေ။ ဆိုလိုတာက ကျနော် ကွင်းလယ်မှာ နောက်ဆွဲအလယ်လူ ကစားပြီး ခပ်နှေးနှေးပဲ ကစားရမယ်ပေါ့ဗျာ။ ဒါပေမယ့် ကျနော့်ကိုယုံပါ။ အဲလိုမဖြစ်နိုင်သေးပါဘူး။ ကျနော် မန်နေဂျာနဲ့ စကားပြောကြည့်တယ်၊ ဘယ်နေရာမှာ ကစားရတာ အဆင်ပြေမလဲဆိုပြီးပေါ့။ သူကတော့ ကျနော့်ကို ကွင်းလယ်တိုက်စစ်ကစား သမား အနေနဲ့မြင်တယ်တဲ့။ အဲဒါကောင်းပါတယ်။ ဘာလို့လဲဆိုတော့ ကျနော်ကလဲ ပေါက်ကွဲမှုပြင်းပြင်းနဲ့ အားသုံးပြီး ကစားရတဲ့ ပုံစံကို ကစားနိုင်တယ်လေ။ လူတွေက ပေါလ်စခိုးအကြောင်း ပြောတဲ့အခါ သူက ကျနော့်ထက် လေးနှစ် ကြီးပါတယ်။ ကျနော့်အသက် ၃၃၊ ၃၄ ဆိုရင်တော့ သူ့လိုပဲ ကွင်းလယ်မှာ အနောက်ကို နဲနဲဆုတ်ပြီး ကစားရကောင်း ကစားရနိုင်ပါတယ်။ ခုချိန်ထိတော့ ကျနော့်အတွက် အဲအခြေအနေမဖြစ်သေးပါဘူး။ ကျနော်ပြောတာက အဲနေရာမှာ မကစားတတ်ဘူးလို့ ပြောတာမဟုတ်ဘူးနော်။ ကျနော် ၂၁ နှစ်အရွယ်တုန်းက အဲဒီပုံစံကစားဖူးတယ်။ ဒီလာမယ့်ရာသီသစ်မှာတော့ အဲလိုမကစားရလောက်သေးဘူးလို့ ပြောတာပါ။  ကျနော့်ရဲ့ နှလုံးခုန်နှုန်းတွေ ပြေးနှုန်းတွေ ပမာဏတွေ အားလုံးကို နေ့တိုင်းလေ့ကျင့်ရေး ကွင်းမှာ တိုင်းတာမှုတွေရှိတယ်။ ဒါပေမယ့် ကျနော့်ကို လေ့ကျင့်ပေးနေတဲ့ ၀န်ထမ်းတွေ ဘယ်သူကမှ မင်းအရင်တုန်းကကစားသလို အခုမကစားနိုင်တော့ဘူးလို့ လာမပြောကြသေးပါဘူး။ တစ်နေ့နေ့မှာတော့ လာပြောချင်ပြောကြမှာပေါ့ဗျာ။ ကျနော့်အသက် အခု ၃၂ နှစ်ရှိပါပြီ။ ခွဲစိတ်မှုတွေလည်း လုပ်ခဲ့ရပါတယ်။ ဒါပေမယ့်အခုတော့ ဒဏ်ရာတွေ ပျောက်နေပါပြီ။ ကျနော် ဒဏ်ရာရမှုတွေကြောင့် ပြီးခဲ့တဲ့ ရာသီတွေမှာ ရုန်းကန်ခဲ့ရတယ်။ ဒါပေမယ့် ယူရိုမှာတော့ အကောင်းဆုံး ကစားနိုင်ခဲ့ပါတယ်။ ယူရိုမှာ ကစားခဲ့တဲ့ ပုံစံအတိုင်း ရာသီသစ်ကို စတင်ချင်တယ် ဒါကျနော့်ရဲ့ အစီအစဉ်ပါ။  ဟုတ်ပါတယ် ကျနော့်မှာ ပေါင်ခြံဒဏ်ရာရှိခဲ့ပါတယ်။ ဘာကိုမှ ဂရုမစိုက်ဘဲနဲ့တော့ စက္ကန့်တိုင်းလျှောက်ပြေးနေလို့ မရဘူး ဆိုတာ ကျနော်သိပါတယ်။ ဦးနှောက်သုံးပြီး ကစားရမှာပေါ့ ဘယ်အချိန်မှာ ဘာလုပ်ရမယ်ဆိုတာ ထိန်းချုပ်ရမှာပါ။ ကျနော် နောက်ထပ် ငါးနှစ်မှာ ဘာဖြစ်မလဲတွေး မနေပါဘူး။ အဲလောက်ထိ မစဉ်းစားနိုင်ပါဘူး။ အခုကစားလို့အဆင်ပြေနေရင် ကစားမယ်။ နှစ်အနည်းငယ်အတွင်းမှာ ကျနော်ဖြစ်ချင်သလို ကစားနိုင်ဦးမယ်လို့တော့ မထင်ပါဘူး။ အဲအချိန်ကြတော့ ကျနော် အနားယူချင်လည်း ယူမှာပေါ့။ အခုတော့ ကျနော်မသိဘူး။ လောလောဆယ်မှာ မန်နေဂျာအသစ်ကို ကျနော်အထင်ကြီးတယ်။ စိတ်လှုပ်ရှားတယ်။ သူလုပ်ချင်တဲ့ အစီအစဉ်တွေနဲ့ပတ်သက်ပြီးပေါ့။ လီဗာပူးရဲ့ တောက်ပတဲ့ အနာဂတ်မှာ အစိတ်အပိုင်းတစ်ခုအဖြစ် ပါဝင်နိုင်ဖို့ပဲ ရှေးရှုနေပါတယ်" စတီဗင် ဂျာရတ်မှ ရှည်လျားစွာ သတင်းထောက်များအား ပြောကြားသွားခဲ့ခြင်းဖြစ်သည်။
Translated by : ထာဝရ   

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...