ဥရောပမှာ အကောင်းဆုံး တိုက်စစ်အင်အားကို ကျနော့်အသင်း ပိုင်ဆိုင်နေပြီ (ဆာအဲလက်စ် ဖာဂူဆန်)
မန်ချက်စတာယူနိုက်တတ်အသင်းနည်းပြ
ဖာဂူဆန်သည် ဗန်ပါစီကို ခေါ်ယူနိုင်ခြင်းနှင့် ပါတ်သက်ပြီး
ကျေနပ်လျက်ရှိပြီး ၁၉၉၉ ခုနှစ် အောင်မြင်မှုကို ယှဉ်နိုင်မည့် ရွှေခေတ်ကို
ပြန်ရရှိရန် စွမ်းဆောင်ပေးနိုင်မည့် တိုက်စစ်မှုးလေး ယောက်ကို
ပိုင်ဆိုင်နေပြီဖြစ်ကြောင်း ပြောကြားလိုက်သည်။ ဗန်ပါစီသည် မန်ယူအသင်းသို့
ပြောင်းရွှေ့ရန် ပေါင် ၂၄ သန်းဖြင့် သဘောတူညီမှုရပြီးဖြစ်ရာ
ဆေးစစ်မှုခံယူနေပြီဖြစ်သည်။ လူရွေးချယ်မှု ခေါင်းစားစရာများ ကြုံတွေ့နိုင်သည်
ဆိုခြင်းကို ဖာဂီမှ ငြင်းပယ်လိုက်ပြီး ၁၉၉၉ ခုနှစ်ကဲ့သို့
အောင်မြင်မှုရရှိစေရန် ယခုကဲ့သို့ လူအင်အား လိုကြောင်း နှိုင်းယှဉ်
ပြောကြားခဲ့သည်။
ဖာဂူဆန်မှ သတင်းထောက်များကို ပြောကြားရာတွင် " ရွန်းနီနဲ့ ဗန်ပါစီ တို့ဟာ အလွန်တော်တဲ့ ထိပ်တန်းကစားသမားတွေဖြစ်ပြီး နှစ်ယောက်စလုံး ရှိနေတာဟာ အလွန်ကောင်းပါတယ်။ ကျနော်တို့ရဲ့ တိုက်စစ် စုဖွဲ့မှုက ပိုပြီးအင်အားကြီးလာပါပြီ။ ၁၉၉၉ ခုနှစ်ကို ပြန်ကြည့်မယ် ဆိုရင် အခုလိုပဲ ဥရောပရဲ့ အကောင်းဆုံး တိုက်စစ်မှုးလေးယောက်ဖြစ်တဲ့ ဒွိုက်ယော့ခ်၊ အင်ဒီကိုး၊ ရှရင်ဂမ်နဲ့၊ ဆိုးရှား တို့ကို တပြိုင်တည်း ပိုင်ဆိုင် ထားခဲ့တာပါ။ အခုဆိုရင် အဲဒီအတိုင်းပဲ ၀ိန်းရွန်းနီ၊ ဗန်ပါစီ၊ ချီချာရီတို၊ ၀ဲဘက် ဆိုပြီး တကယ့် ထိပ်တန်း ကစားသမားတွေကို ပိုင်ဆိုင်ထားပါပြီ။ ကျနော့်အနေနဲ့ မှန်ကန်တဲ့ တွဲဖက် ပွဲထွက်မှုတွေကို လုပ်နိုင်ဖို့ပဲ မျှော်လင့်ပါတယ်။ ဗန်ပါစီအသင်းကို ရောက်လာတာကို ကျနော် အလွန်ကျေနပ်ပါတယ်" ဟုပြောကြားခဲ့သည်။ ဆက်လက်ပြီး ဖာဂူဆန်မှ " အခုချိန်မှာ အပြီးသတ် စာချုပ်မချုပ်ရသေးပါဘူး။ ပြောင်းရွှေ့ကြေးသဘောတူပြီးပြီ၊ သူ့အေးဂျင့်နဲ့ ဒေးဗစ်ဂီးနဲ့လဲ စကားပြောနေတယ်။ ဒီနေ့ပြီးရင်တော့ အားလုံးပြီးပြတ်မယ်ထင်ပါတယ်။ ဆေးစစ်တာက တခါတလေမှာ ပိုကြာချင်လည်းကြာနိုင်တယ်လေ။ ဒါကြောင့် နောက်နေ့ထိလည်းရောက်သွားနိုင်တယ်။ သေချာတာကတော့ တနင်္လာနေ့ မန်ယူရဲ့ ပွဲဦးထွက်မှာ ဗန်ပါစီ အဆင်သင့်ဖြစ်နေမယ်ဆိုတာပါပဲ။" ဟု ပြောကြားသွားခဲ့သည်။ မန်ယူအသင်းသည် ပရီးမီးယားလိဂ်အဖွင့် ပွဲစဉ်အဖြစ် အဲဗာတန်အသင်းနှင့် အဝေးကွင်းတွင် ပွဲဦးထွက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။ |
|
|
Copy By : PunkGhost
Post a Comment
Blogger Facebook DisqusComment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။