Ads (728x90)



လီဗာပူးအသင်း သည် တောင်ပံကစားသမား Oussama Assaidi အား ခေါ်ယူရန် SC Heerenveen အသင်းနှင့် သဘောတူညီမှုရရှိ။
လီဗာပူးအသင်း သည် တောင်ပံကစားသမား Oussama Assaidi အား ခေါ်ယူရန် SC Heerenveen အသင်းနှင့် သဘောတူညီမှုရရှိ။
လီဗာပူးအသင်းသည် ဟောလန်လိဂ်မှ တောင်ပံကစားသမား Assaidi အားခေါ်ယူရန် ကလပ်အသင်းခြင်း သဘောတူညီမှု ရရှိပြီ ဖြစ်ကြောင်း ကလပ်အသင်း၏ ၀က်ဆိုဒ်တွင် ဖော်ပြထားသည်။ Assaidi သည် အသက် ၂၄ နှစ်အရွယ်ရှိပြီဖြစ်ပြီး ဟာရန်ဗင်း အသင်းအတွက် ဟောလန်လိဂ်တွင် ၆၈ ပွဲကစားထားပြီး ဂိုး ၂၀ သွင်းယူပေးထားသူ တောင်ပံတိုက်စစ်ကစားသမား တစ်ယောက်ဖြစ်ကြောင်း သိရသည်။ ကစားသမားသည် လီဗာပူးအသင်းအတွက် မဲလ်ဝုဒ်တွင် ဆေးစစ်မှု ခံယူမည်ဖြစ်သည်။ မော်ရိုကို အသင်းအတွက် ၂၂ ကြိမ်ကစားထားသော Assaidi သည် ၂၀၁၀ ခုနှစ်က အက်ဖ်စီ တွမ်တီး နှင့် ကစားသောပွဲတွင် ၆-၂ ဂိုးဖြင့် နိုင်ခဲ့ရာ သူ့အနေဖြင့် ဟတ်ထရစ် သွင်းယူခဲ့ပြီး သုံးဂိုးကို ဖန်တီးပေးခဲ့ခြင်းမှာ သူ၏ ကစားသမားဘ၀  အထင်ရှားဆုံး အမှတ်ရစရာဖြစ်ကြောင်းသိရသည်။ ပြောင်းရွှေ့ခြင်းမှာ ပေါင် ၃ သန်းဖြစ်ကြောင်း ဒေးလီးမေးလ် ၏ ဖော်ပြချက်အရသိရပါသည်။
Translated by : ထာဝရ
www.mutdfan.com မှ ပြန်လည်ကူးယူဖော်ပြပါသည်

 Copy By : PunkGhost

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...