Ads (728x90)



ကျနော်ရော်နယ်ဒိုနဲ့ မပြိုင်ပါဘူး (လီယွန်နယ် မက်ဆီ)
ကျနော်ရော်နယ်ဒိုနဲ့ မပြိုင်ပါဘူး (လီယွန်နယ် မက်ဆီ)
လီယွန်နယ်မက်ဆီမှ သူသည် ခရစ္စတီယာနို ရော်နယ်ဒိုနှင့် ပြိုင်ဆိုင်သော စိတ်ထား မရှိကြောင်းထုတ်ဖော်ပြော ကြားလိုက်သည်။
အသက် ၂၅ နှစ်ရွယ် အာဂျင်တီးနား တိုက်စစ်မှုးသည် ယနေ့ည ယှဉ်ပြိုင်မည့် ဂျာမနီအသင်းနှင့် ပွဲမတိုင်ခင် မီဒီယာများနှင့် တွေ့ဆုံရာတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

 မီဒီယာများမှ Ballon d'Or ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုနှင့် ပါတ်သက်ပြီး သော်လည်းကောင်း ရော်နယ်ဒိုနှင့် ပြိုင်ဆိုင်မှုများ ရှိသည် ဆိုသည်မှာ ဟုတ်သလားဟု မေးမြန်းခြင်းများအား မက်ဆီမှ ပြန်လည်ဖြေကြားရာတွင်
" ခရစ္စတီယာနိုနဲ့ ကျနော်နဲ့ ဘာပြသနာမှ မရှိပါဘူး။ အဲဒါတွေက မီဒီယာတွေက ဖွကြတာပါ၊ ကျနော် ဘယ်တုန်းကမှ ရော်နယ်ဒိုနဲ့ မပြိုင်ပါဘူး။ သူနဲ့ လည်းမတိုက်ခိုက်ပါဘူး။ ကျနော်တို့ကြားထဲမှာ စိတ်ဆိုးမှုတွေ မရှိပါဘူး။ လေးစားမှုပဲရှိပါတယ်။ ဆုနဲ့ပါတ်သက်လို့တော့ ကျနော့်ရဲ့ အသင်းဖော် တွေဖြစ်တဲ့ ဇာဗီ နဲ့ အင်နီယေစတာ တို့ကို ရစေချင်ပါတယ်။ သူတို့က နိုင်ငံတကာအဆင့်မှာလည်း ကမ္ဘာ့ဖလားနဲ့ ဥရောပ ဖလားကို ရထားတဲ့သူတွေပါ။ နောက်ပြီး ကြီးကျယ်တဲ့ကစားသမားဖြစ်တဲ့ ရော်နယ်ဒိုလည်း လည်း ရှိပါတယ်။ နောက်ပြီး ကာဆီးလက်စ် ရောပါပဲ။ ဒါပေမယ့် ကျနော့်နဲ့ ရင်းနှီးမှုအရ ကျနော့်စိတ်ကူးအရဆိုရင်တော့ ဇာဗီနဲ့ အင်နီယေစတာ တို့ကို ရစေချင်ပါတယ်" ဟု ပြောကြားသွားခဲ့သည်။
Translated by : ထာဝရ  
www.mutdfan.com မှ ပြန်လည်ကူးယူဖော်ပြပါသည်
Copy By : PunkGhost

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...