Ads (728x90)



သောမတ်စ် ဗာမယ်လန်းအား အသင်း ခေါင်းဆောင်အဖြစ် ၀င်းဂါးမှ ခန့်အပ်။
သောမတ်စ် ဗာမယ်လန်းအား အသင်း ခေါင်းဆောင်အဖြစ် ၀င်းဂါးမှ ခန့်အပ်။
ဗန်ပါစီ၏ မန်ယူအသင်းသို့ ထွက်ခွာသွားမှုနှင့်အတူ အာစင်ဝင်းဂါးအနေဖြင့် အသင်းခေါင်းဆောင်သစ် မည်သူဖြစ်သည်ကို မနက်ဖန် ကစားမည့် ဆန်းဒါးလင်း နှင့်ပွဲစဉ် မတိုင်မှီ သတ်မှတ် လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

ထို့အတူ မီခဲ အာတေးတား သည်လည်း အသင်း၏ ဒုတိယအသင်းခေါင်းဆောင်အဖြစ် ၀င်းဂါးမှ သတ်မှတ်လိုက်ကြောင်း သိရသည်။

ဝင်းဂါးမှ ပြောကြားရာတွင် "အသင်းခေါင်းဆောင်သစ်ကတော့ ဗာမယ်လန်းဖြစ်ပါတယ်။ ဒုတိယ အသင်းခေါင်းဆောင်ကတော့ အာတေးတားပါ။ အသင်းမှာ အသင်းခေါင်းဆောင်လုပ်နိုင်တဲ့သူတွေ တစ်ပုံကြီးပါ" ဟု သတင်းထောက်များအား ပြောကြားခဲ့ခြင်းဖြစ်သည်။
ဗာမယ်လန်းသည် ၂၀၀၉ ခုနှစ် ဇွန်လတွင် အေးဂျက်အသင်းမှ ပြောင်းရွှေ့လာသည့် ဘယ်ဂျီယံလက်ရွေးစင် ကစားသမားဖြစ်ပြီး နောက်တန်းကစားသမားဖြစ်သော်လည်း ဂိုးများကို သွင်းယူလေ့ရှိသူဖြစ်သည်။ ဒဏ်ရာကြောင့်နားနေရသော အချိန်များ ရှိခဲ့သော်လည်း ပြီးခဲ့သည့်ရာသီ ပြီးခါနီးတွင် ကိုစီရယ်နီနှင့် အတွဲညီညီ နောက်တန်းတွင် တာဝန်ယူပေးနိုင်ခဲ့သည် ဟုဆိုနိုင်သည်။
အာဆင်နယ်သည် စနေနေ့တွင် ဆန်းဒါးလင်း အသင်းနှင့် ပွဲဦးထွက်ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း သိရသည်။
Translated by : ထာဝရ   
www.mutdfan.com မှ ပြန်လည်ကူးယူဖော်ပြပါသည်

Copy By : PunkGhost

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...