Ads (728x90)



ပရီးမီးယားလိဂ် ရာသီသစ်အတွက် အသင်းကြီးတွေ ဘယ်လိုပြင်ဆင်ထားသလဲ- အဲဗာတန်၊ နယူးကာဆယ်
ပရီးမီးယားလိဂ် ရာသီသစ်အတွက် အသင်းကြီးတွေ ဘယ်လိုပြင်ဆင်ထားသလဲ- အဲဗာတန်၊ နယူးကာဆယ်
နယူးကာဆယ် ယူနိုက်တတ်

၂၀၁၁-၂၀၁၂ ဘောလုံးရာသီအောင်မြင်မှု

ပရီးမီးယားလိဂ်     - အဆင့် ၅
အက်ဖ်အေဖလား    - စတုတ္တအဆင့်
ကားလင်းဖလား    - စတုတ္ထအဆင့်

ကစားသမားအ၀င်- ဘင်ဂီရီမာနာ( ကိုဗင်ထရီ) ပေါင်တစ်သန်း၊ ကာတစ်စ်ဂွတ်(မဲလ်ဘုန်းဟာ့ဒ်) ပေါင် လေးသိန်း၊ အမယ်လ်ဖစ်တာနို(စတိတ်ဒီရိန်း) အလွတ်၊

ထင်ရှားသောကစားသမားအထွက်- လီယွန်ဘတ်စ်တ်(ဘလက်ဘန်း) ပေါင် သုံးသန်း၊ ဒန်နီဂူသရင်(ရက်ဒင်း) အလွတ်၊ လဗန်ခရန့်(ဘာမင်ဂန်) အလွတ်၊ အလန်စမစ်(အမ်ကေဒွန်) အလွတ်၊ ဒန်နီယယ်တေလာ(အိုးဟမ်)အလွတ်၊

လက်ရှိအခြေအနေ

နယူးကာဆယ်သည် တိုက်စစ်မှုးဟောင်း ကာရိုးအား လီဗာပူးမှ ပြန်လည်ခေါ်ယူရန် ကမ်းလှမ်းခဲ့သော်လည်း အပြောင်းအရွှေ့မှာ မဖြစ်မြောက်ခဲ့ခြေ။

ဒမ်ဘာဘားသည် အသင်းမှ ထွက်ခွါကာ ဂါလာတာစာရေးသို့ ပြောင်းရွှေ့ရန် ရေပန်းစားနေခဲ့သော်လည်း အသင်းတွင်သာ ဆက်ရှိနေမည်ဖြစ်သည်။

ပြင်သစ် နှင့် အာဖရီက သွေးသစ်ကစားသမားများကို အသင်းသို့ခေါ်ယူခဲ့ကာ ခြေစွမ်းပြကစားရာတွင် ကူညီခဲ့သူ အသင်း၏ လူရှာဖွေရေးသမား ဂရေဟမ် ကား သည် အသင်းနှင့် ရှစ်နှစ်သက်တမ်း စာချုပ်သစ်ချုပ်ဆိုခဲ့သည်။

နယူးကာဆယ်အသင်းသည် လိုင်လီ နောက်ခံသူ ဒီဘူချီအား ခေါ်ယူရန် ကမ်းလှမ်းခဲ့ရာ ငြင်းပယ်ခံခဲ့ရသည်။

နယူးကာဆယ်အသင်း၏ ရာသီအစငါးပွဲ

စပါး(အိမ်)
ချယ်ဆီး(အဝေး)
ဗီလာ(အိမ်)
အဲဗာတန်(အဝေး)
နောဝစ်ခ်ျ(အိမ်)

သုံးသပ်ချက်

မနှစ်က နယူးကာဆယ်အသင်းသည် အံ့သြဖွယ်ဖြစ်ခဲ့ပြီး ပထမရာသီ တစ်ဝက်တွင် ဒမ်ဘာဘား ဒုတိယ ရာသီတစ်ဝက် တွင် ဒမ်ဘာ ဆီဆေး တို့၏ အစွမ်းများကြောင့် အဆင့် ၅ ရခဲ့သည်မှာ မလွဲပေ။ ဆီနီဂေါ တိုက်စစ်မှုး ဒမ်ဘာ ဆီဆေး အနေဖြင့် မနှစ်က ဇန်န၀ါရီ လ ဈေးကွက်တွင် နယူးကာဆယ်သို့ရောက်ရှိပြီး ၁၄ ပွဲတွင် ၁၃ ဂိုးသွင်းယူနိုင်ခဲ့ရာ ထိုခြေစွမ်းကို သူ့အနေဖြင့် ဆက်ထိန်းနိုင်မည်ဆိုလျှင် ဥရောပ ၀င်ခွင့်သည် နယူးကာဆယ်အတွက် ခက်ခဲမည်မဟုတ်ပေ။ နယူးကာဆယ်သည် အသင်း၏ အဓိကလူများ ဆုံးရှုံးခြင်းမရှိဘဲ ထိန်းထားနိုင်ခဲ့ရာ ယခုနှစ်တွင်လည်း ယခင်နှစ်၏ ပုံစံကို ဆက်ထိန်းနိုင် မနိုင်မှာ စိတ်ဝင်စားဖွယ်ကောင်းနေသည်။  အသင်း၏ အဓိက ကစားသမား များဖြစ်သည့် ရိုဟန်ကဘာရီ နှင့် တိုင်အိုတီ သို့သာ ဒဏ်ရာကြီးကြီးမားမား မရကြလျှင်မူ နယူးကာဆယ် အသင်း ဥရောပ ၀င်ခွင့်မျှော်မှန်းနိုင်ပြီး သူတို့နေရာတွင် အစားထိုးရန် ကွင်းလယ်ကစားသမားကောင်းကောင်း မရှိခြင်းက တစ်ရာသီလုံးအတွက် အသင်း၏ ရစ်သမ်းကို ထိန်းနိုင်မလားဆိုတာ ပါဂျူး၏ နည်းဗျူဟာများကိုသာ စောင့်ကြည့်ရမည်ဖြစ်သည်။


အဲဗာတန်


၂၀၁၁-၂၀၁၂ ဘောလုံးရာသီ အောင်မြင်မှု

ပရီးမီးယားလိဂ်    - အဆင့် ၇
အက်ဖ်အေဖလား    - ဆီမီးဖိုင်နယ်
ကားလင်းဖလား    - စတုတ္တအဆင့်

ကစားသမားအ၀င်-    စတီဗင်ပီးနား (စပါး) ပေါင် လေးသန်းခွဲ၊ စတီဗင် နေးစမစ်(ရိန်းဂျား) အလွတ်၊

ထင်ရှားသောကစားသမား အထွက်- ဂျက်ရော့ဝဲ(မန်စီးတီး) ပေါင် ၁၂ သန်း၊ တင်ကာဟေး (နယူးယောက်ရက်ဘူး) ပေါင် တစ်သန်း၊ ဂျိုးဇက် ယိုဘို(ဖီနာဘာချီ) ပေါင် ၂ သန်း၊ ဂျီန်းမက်ဖာဒန်(အသင်းမှထွက်ခွါခွင့်ပေး)

အဲဗာတန်နှင့်ပါတ်သက်သည့် လက်တလောသတင်း


- အဲဗာတန်အသင်း ဂိုးသမားဟောင်းကြီး ဂေါ်ဒန် ၀က်စ်သည် အသက် ၆၉ နှစ်အရွယ်တွင် သေဆုံးသွားကြောင်းသိရသည်။ သူသည် အဲဗာတန်အသင်းနှင့်အတူ အမှတ်ပေးဖလား နှစ်ကြိမ် နှင့် အက်ဖ်အေဖလား တို့အား ရရှိဖူးပြီး အသင်းအတွက် ၁၁ နှစ်တိုင်တိုင် ပွဲပေါင်း ၄၀၀ ကျော်ကစားခဲ့သော ဂန္ဒ၀င်ကစားသမားကြီးဖြစ်သည်။

- ဒေးဗစ်မိုရက်စ်သည် စပါးအသင်းမှ ဗီလာဘိုအာ့စ်အား မခန့်အပ်မှီတွင် စပါးအသင်းနည်းပြဖြစ်လာနိုင်သည်ဟု ထင်ကြေးပေးခံရမှုများရှိခဲ့သည်။

- အဲဗာတန်အသင်းသည် အသင်း၏ ၀ါရင့် နောက်ခံလူ တိုနီဟစ်ဘာ့ အတွက် အမှတ်တရ ပွဲတစ်ပွဲကို မကြာခင်က ကျင်းပခဲ့သည်။ အသက် ၃၁ နှစ်အရွယ် ညာနောက်ခံလူသည် အဲဗာတန်အသင်းအတွက် ၃၀၈ ပွဲကစားခဲ့ပြီးနောက် ဂိုးတစ်ဂိုးမှ မသွင်းယူနိုင်ခဲ့သော်လည်း ထိုပွဲတွင် အေအီကေ အေသင် အသင်းနှင့် ယှဉ်ပြိုင်ရာတွင် ၄-၁ ဂိုးဖြင့် အနိုင်ရခဲ့ရာ တိုနီဟစ်ဘတ် သည် ဖရီးကစ်မှ တိုက်ရိုက် ဂိုးသွင်းယူနိုင်ခဲ့သည်။

အဲဗာတန်အသင်း၏ ရာသီအစငါးပွဲ

မန်ယူ(အိမ်)
ဗီလာ(အဝေး)
ဝက်စ်ဘရွန်း(အဝေး)
နယူးကာဆယ်(အိမ်)
ဆွမ်ဆီး(အဝေး)

သုံးသပ်ချက်

ပြီးခဲ့သည့်ရာသီတွင် အဲဗာတန်အသင်းသည် လီဗာပူးအသင်၏ အထက် နံပါတ် ၇ တွင်ပြီးဆုံး ရပ်တည်နိုင်ခဲ့သည်။ ထိုအတွက် ဒေးဗစ်မိုရက်စ်သည် အသိအမှတ်ပြုခံရသင့်သည်ပင်။ ပြီးခဲ့သည့် ရာသီတွင် ရှိသမျှလူစာရင်းနှင့် အကောင်းဆုံးကြိုးစားပြီး ထိုက်တန်သော အဆင့် တစ်ခုတွင် ရာသီပြီးဆုံးခဲ့ရာ ယခုနှစ်တွင်မူ အသင်းအနေဖြင့် ရာသီသစ်အား ထိုပုံစံအတိုင်း ဆက်လက်ထိန်းထားနိုင်ရန် ကြိုးစားမည်ဖြစ်သည်။ ဥရောပ ၀င်ခွင့်အတွက် ယှဉ်ပြိုင်ခြိမ်းခြောက်နေမှုကို ယခုနှစ်တွင်လည်း ဆက်လက်ထိန်းသိန်း သွားဖွယ် ရှိနေသည်။ တိုက်စစ်မှုး ဂျာလဗစ် သည် အဓိကကစားသမား ဖြစ်နေပြီး သူသည် အဆုံးအဖြတ်ဂိုးများကို သွင်းယူပေးနိုင်သူ တစ်ယောက်ဖြစ်သည်။ သူသည် ယခု နေးစမစ်နှင့်တွဲဖက်ကစားမည်ဖြစ်ရာ ဂျာလဗစ်နှင့် နေးစမစ်သည် ရိန်းဂျားအသင်းမှ တိုက်စစ်မှုး ဟောင်းများဖြစ်ကြသည့် အတွက် သူတို့နှစ်ယောက်အတွဲကြောင့် အဲဗာတန် တိုက်စစ်မှာ ပိုကောင်းလာနိုင်စရာသာ ရှိနေသည်။ ထို့အတူ အရည်အချင်းအရှိ ကစားသမား တစ်ဦးဖြစ်သည့် စတီဗင် ပီးနားလည်း အသင်းတွင် ရှိနေရာ အဲဗာတန်အသင်းအနေဖြင့် ဥရောပ၀င်ခွင့် နေရာတစ်နေရာအား  ဒေးဗစ်မိုရက်စ်၏ အစွမ်းဖြင့် ဆုပ်ကိုင်နိုင်လိမ့်မည်ဟု ခန့်မှန်းပါက မလွန်ပါချေ။ သို့ရာတွင် ရာသီအစတွင် အထနှေးတတ်သည်ကို တော့ ယခုနှစ်တွင် ပြင်ဆင်ရမည့် အချက်တစ်ချက်အနေဖြင့် မြင်မိကြောင်း သုံးသပ်လိုက်ပါသည်။


Written by : ထာဝရ
www.mutdfan.com မှ ပြန်လည်ကူးယူဖော်ပြပါသည်

 Copy By : PunkGhost

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...