Ads (728x90)



လူးဝစ် ဆာဟာ အား ဆန်းဒါးလင်းအသင်းသို့ ရောက်ရှိ။
လူးဝစ် ဆာဟာ အား ဆန်းဒါးလင်းအသင်းသို့ ရောက်ရှိ။
မန်ချက်စတာယူနိုက်တတ်အသင်းသား ဟောင်းတစ်ဦးဖြစ်ခဲ့ဖူးသော သော ဆာဟာသည် အသင်းလက်မဲ့ ဖြစ်နေရာမှ ယခုအခါ ဆန်းဒါးလင်းအသင်းမှ တစ်နှစ် စာချုပ် ချုပ်ဆို ခေါ်ယူ လိုက်ပြီဖြစ်ကြောင်းသိရသည်။ ဆာဟာသည် အာဆင်နယ်နှင့် ကစားမည့် ပွဲဦးထွက်တွင် ပါဝင်ကစားနိုင်ကြောင်းသိရသည်။

ဆန်းဒါးလင်းအသင်းသည် အက်စတွန်ဗီလာ အသင်းမှ ကားလို့ဆူလာ အား ခေါ်ယူပြီးနောက် ယခုခေါ်ယူမှုသည် နွေရာသီအတွက် ဒုတိယ ခေါ်ယူမှုဖြစ်သည်။ ဆာဟာသည် လေ့ကျင့်ခန်း ဆင်းနေပြီဖြစ်ရာ စနေတွင်ကစားမည့် အာဆင်နယ်နှင့် ပွဲတွင် ဆန်းဒါးလင်းအသင်းအတွက် ပါဝင်ကစားဖွယ်ရှိနေသည်။ ဆန်းဒါးလင်း အသင်း နည်းပြအနေဖြင့် ဆာဟာအား ခေါ်ယူနိုင်မှုအား ကျေနပ်လျက် ရှိပြိး ကစားသမားအနေဖြင့် အတွေ့အကြုံကောင်းများဖြင့် အသင်းကို ကူညီနိုင်မည်ဟု ယုံကြည်နေသည်။ မာတင် အိုနေးမှ ပြောကြားရာတွင် ဆာဟာသည် အမြင့်ဆုံးအဆင့်တွင် ကစားခဲ့ဖူးသူ အတွေ့အကြုံရင့် သူတစ်ယောက်ဖြစ်သောကြောင့် အသင်း၏ လူအင်အားကို တောင့်တင်းလာစေမည့် ခေါ်ယူမှုပင်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဆာဟာမှ ပြောကြားရာတွင်လည်းယခုအခွင့်အရေးသည် သူ့အတွက် အခွင့်အရေးကောင်းပင်ဖြစ်သောကြောင့် ဆန်းဒါးလင်းနှင့် စာချုပ်ချုပ်လိုက်ခြင်းအား ပျော်ရွှင်ပါကြောင်း မာတင်အိုနေးသည် နည်းပြကောင်းတစ်ဦးဖြစ်ပြီး အသင်းနှင့် အတူ အောင်မြင်မှု တစ်ခုခု ရနိုင်ရန် ကူညီနိုင်မည်ဟု မျှော်လင့်ပါကြောင်း ပြောကြားခဲ့သည်။
Translated by : ထာဝရ
www.mutdfan.com မှ ပြန်လည်ကူးယူဖော်ပြပါသည်

Copy By : PunkGhost

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...