Ads (728x90)




 
ကျည်ဆံတထောင့်ဟာ မြန်မာကျပ်ငွေ ငါးရာမှတစ်ထောင်ဝန်းကျင်ရှိပါတယ
်... စစ်သား တယောက်မှာ ကျည် ၃၀၀ လောက် ပါသွားတယ်ဆိုရင် သုံးသိန်းဖိုး... တခါ တိုက်ပွဲဖြစ်ရင် အားလုံးကုန်တဲ့ အပြင် ထပ်ဖြည့်ရတယ်...

သေနတ်တလက် ၅သိန်းမှ ၁၀သိန်းကြား အသီးသီးရှိ တယ်...

တပ်ရင်းတရင်း လူ ၂၀၀ လောက် ခရီးထွက်ရင်.. သွားလာ စရိတ်... စားစရိတ်... ထောက်ပို့... လစာ... ဆေးဝါး... သယ်ယူပို့ဆောင်ရေးယဉ်... ဆက်သွယ်ရေးစက်ကိရိယာ... စက်ဆီကအစ... စစ်အ၀တ်အစား... အရာရှိများအသုံးစရိတ်... အားလုံးပေါင်း .. တပတ်အတွင်း သိန်းထောင်ကြီးပိုင်းကုန်တယ်...
.

အခု KIA ကိုထိုးစစ်ဆင်နေတဲ့ တပ်ရင်း တစ်ရာကျော်တယ်...

ဗုံးဆန်တလုံး အနဲဆုံး သိန်းကဏန်းရှိတယ်....

တိုက်လေယဉ်တခါထွက်ရင် သိန်းထောင်ပိုင်း ထည့်သွားရတယ် .... လေယဉ်ပေါ် တပ်ဆင်တဲ့ ဗုံးဆန်တလုံးဟာ အနဲဆုံး သိန်းနှစ်ရာကျော်တန်များ ဖြစ်တယ်။ လေယဉ်ဆီ ဂါလံ ၂၀၀ လောက်ကို မိနစ်ပိုင်းနဲ့ စားသွားတယ်....

KIA ဖက်ကတွက်တာတော့ KIA စစ်သားတစ်ယောက်အတွက် စစ်တန်ဆာ တန်ဖိုးက သိန်း ၇၀ ခန့်ရှိတယ်....

အခု KIA နဲ့ အစိုးရ စစ်တပ် တိုက်ခိုက်နေတဲ့ တစ်နှစ်ကျော်ကာလ စုစုပေါင်း ကုန်ကျစရိတ်ဟာ.. မြန်မာနိုင်ငံ ပညာရေး ၀န်ကြီးဌာန နဲ့ ကျန်းမာရေး ၀န်ကြီးဌာန နှစ်ခုပေါင်း ရဲ့ ငါးနှစ်စာ အသုံးစရိတ်ဖြစ်ပါတယ်။

ကချင် စစ်ပြေးများရဲ့ အသက်အိုးအိမ်နဲ့ သူတို့ဆုံးရှုံးခဲ့တဲ့ အချိန်... သူတို့ကို ကျွေးမွေးစရိတ် မပါသေးဘူး... နိုင်ငံတကာလို သူတို့ကိုလဲ မြန်မာနိုင်ငံသားအနေနဲ့ မြန်မာနိုင်ငံရဲ့ GDP ထဲထည့်တွက်ရင်တော့... ဟုမ့်.....

လက်နက်အားကိုး လူမိုက်စိတ်နဲ့ ငြိမ်းချမ်းရေးမရနိုင်ပါ...

နိုင်ငံရေးအရ ပြုပြင်ပြောင်းလဲမှ အစစ်အမှန် ငြိမ်းချမ်းရေး ရမည်။

မဟုတ်ရင်တော့ ထာဝရ ငမွဲစာရင်းမှာ ဆက်ရှိနေမယ်....



  • You, Nz Junio and 70 others like this.
  • 36 shares
    • Ko Htun Htun မယုံဘူး
      3 hours ago · · 1
    • Manaw Citizen ဘာကိုမယုံတာလည်း မရှင်းမရှင်းနဲ့ ....
      3 hours ago · · 1
    • 3 hours ago ·
    • Majoi Shingra Hey..Thunthun Stop!
      3 hours ago · · 2
    • Nyein Chan Ko Chan အင်းဒါကြောင့်မို့လဲစစ်တပ်ကတင်တဲ့ဘတ်ဂျတ်မှန်သမျှကိုလွှတ်တော်ကပယ်ချလို့မရဆိုတဲ့အခြေခံဥပဒေမှာထဲ့ဆွဲထားခြင်းကိုကြည့်ခြင်းအားဖြင့်ကျွန်တော်တို့ရဲ့အနာဂတ်လှပဖို့ဆိုအခြေခံဥပဒေကိုပြင်ဆင်ဖြတ်သိမ်းခြင်းနည်းကလွဲလို့အခြားနည်းရှာမတွေ့တော့အောင်ပါပဲဗျာ။
      2 hours ago · · 1
    • Honey Tun စစ်တပ်က ပြည်သူ့ဘဏ္ဍာငွေသုံးနေတာကို သူ့ကိုယ်ပိုင်ငွေသုံးနေတယ် ထင်လို့ပါ...
      2 hours ago ·
    • Phyo Mg Mg ဟိုက်ရှား ...... ဗုံးတစ်လုံးသိန်းကျော်တောင်ဆိုပါလား။ အိမ်ပေါ် ငါးလုံးလောက်ကျလာရင် ဘယ်လောက်ကောင်းမလဲ။ galaxy S 3 ကိုင်လို့ရဘီ
      about an hour ago · · 4
    • မိုး တိမ် အာ့ကြောင့်လည်းစစ်တပ်က စစ်ပွဲတွေကိုဆွဲထားပြီးနိုင်ငံရေးကစားနေတာပေါ့ .... စားပေါက်လေးလည်းပွင့်တာပေါ့လေ ခိခိ
    • Zinko Sett Peace Brothers Peace
    • ဂျစ်ပစီ မိုးတိမ် ကျည်ဆန်တစ်ထောင့်ကို မြန်မာကျပ်ငွေ တစ်ထောင်ဝန်းကျင်တဲ့..ဟိဟိ ငါပြန်ရောင်းမယ်။၂၀၀ပဲပေး။ဘယ်နှစ်တောင့်လိုချင်လဲ။ဘယ်စောက်ရူးက တွက်ပေးတာ ယုံတာလဲမသိဘူး။အဲဒါပြောတာပေါ့ ဦးနှောက်မရှိဘူး ဆိုတာ။ပြောရင်လည်း မကြိုက်ဘူး။
      about an hour ago · · 2
    • Min Zaw Min Zaw ohhh very good say i like that word
    • Thar Htway သမ္မတကြီးပြောတာကိုမယုံဘူးပဲရှိရသေးတယ်.. ဟဟ တစ်ပတ်ပဲအချိန်ပေးတိုက်လို့ရတယ်. သမ္မတကြီးအနေနဲ့က ကချင်တိုင်းရင်းသားပြည်သူတွေကို ငဲ့ညာနေလို့.. ကျနော်တို့နိုင်ငံဆိုတာက ဟိုးဘိုးစဉ်ဘောင်ဆက်ကတည်းက တစ်စုတစ်စည်းထဲတည်ဆောက်ထားတဲ့နိုင်ငံပဲ. အဲ့ဒါကြောင့် ခေါ်တာတောင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်လို့ခေါ်တာပေါ့ဗျာ. ဘယ်သူတွေကခွဲထွက်ချင်နေတာလဲ.. ပြန်စဉ်းစားကြည့်ဖို့လိုပါတယ်
    • Kachin Duwa ဂျစ်ဝစီ မိုးတိမ် ပြောတာ လက်ခံတယ်.. ရှေ့တန်းမှာ စစ်သားတွေ၊ စစ်ဗိုလ်တွေက တိုက်ပွဲတခါဖြစ်လိုက်တိုင်း ကျည်ဆန် စာရင်းဖျောက်ထားပြီး ပြန်ပြန်ရောင်းလေ့ရှိတယ်... ဟိုးအရင်တုန်းက KIA တွေ အစိုးရတပ်က သေနတ်ကောက်ရရင် ကျည်ဆန်ဘယ်က ၀ယ်တယ်ထင်လဲ... G3 G4 ဆိုတာ ကေအိုင်အေမှာ တခြားက ၀ယ်ဖို့ ကျည်မရှိဘူး.. အစိုးရ စစ်တပ်ကပဲ ပြန်ဝယ်သုံးတယ်လေ... ဈေးပေါသလား မမေးနဲ့ အလကား မပေးရုံတမယ်ပဲ.. ခင်များလည်း ဈေးပေါပေါနဲ့ ရောင်းစားဖူးတယ် ထင်တယ်...
    • Kachin Duwa Thar Htway အပြောမကြီးပါနဲ့... အခု တကယ်တိုက်နေတာပဲ တနှစ်တောင်ကျော်နေပြီ... ခင်များက သေသွားတဲ့ စစ်သားတွေကို ကစားနေတယ် လို့ပဲဆိုချင်သေးတယ်ပေါ့... မြောက်ပိုင်းတိုင်း တိုင်းမှူးပြောသလို လူ ငါးသောင်းလောက် ထိုးကျွေးမယ် တဲ့လေ... စစ်သားတွေလဲ လူပါပဲ... တစ်ယောက်သေလဲ လူပါပဲ.. ခင်များတို့က အာဏာအတွက် စစ်သားတွေရဲ့ အသက်ကိုတောင် တန်ဖိုးမထားပဲ အခုတောင် မတိုက်သေးဘူး ဆိုတဲ့သဘောပြောနိုင်တာ တော်တော် တရားကျဖို့ကောင်းတယ်... သေသွားတဲ့ စစ်သားတွေကို အသိအမှတ်မပြုတဲ့ သဘောပဲ....
      53 minutes ago · · 2
    • မျက်နှာဖုံး လူ အော်... ဗမာရဲ့ ချစ်စရာကောင်းတဲ့ စိတ်ဓာတ်ပဲဟာကို... :D
    • ရုပ် ဆိုး ကုန်ကျတာ ဟာတိုက်ပွဲမှာသုံးတဲ့ စစ်စရိတ်ဆိုတာတွေထက် ... မတည်မငြိမ်ဖြစ်တဲ့အတွက် ဒေသတွင်း က ပြည်သူလူထုက ဝင်ရမဲ့ဝင်ငွေ တွေမဝင်တော့ တာ .. ဟာ တိုင်းပြည်အတွက်ဆုံးရှုံးမှုပိုများမှာပါ ။ ကျည်တွေ ၊ ဗုံးသီးတွေ ဟာ ကျသင့်တာမှန်ပေမဲ့ ကိုဒူးဝါးတွက်ပြတာလောက်တော့ မများပါဘူး ။
      ပြီးတော့ တိုက်လေယာဉ်လည်း ထွက်ဖို့ မလိုသေးပါဘူး ။ မြန်မာအစိုးရ ဘက်က လက်နက်တွေ ကျည်တွေ ဟာ ကပစ တွေကကိုယ်တိုင် ထုတ်တာတွေဖြစ်ပါတယ် ပြီးတော့ မြန်မာတစ်နိုင်ငံလုံးရဲ့အစိုးရ မှာကာကွယ်ရေးဘက်ဂျက် ရှိပြီးသားဖြစ်လို့ KIA ဘက်က စစ်စားရိတ်ပိုက်ဆံဟာ ဘယ်ကနေရသလဲသိချင်ပါတယ်ဗျ ။
      50 minutes ago · · 2
    • မျက်နှာဖုံး လူ ကျုပ်ကြားဖူးတာတဲ့ ဆိုရိုးစကားတစ်ခုကတော့ ဗမာစိတ်ဖြောင့် တံစဉ်လောက်တဲ့ဗျ။ :)
      49 minutes ago · · 1
    • မျက်နှာဖုံး လူ မြန်မာ့တပ်မတော် ဆီကတောင်းထားတာ... ဟဲဟဲ
      48 minutes ago · · 1
    • Moe Yait စစ်တိုက်နေတာဟ စီးပွားရေးလုပ်နေတာမဟုတ်ဘူး...
      အဲလိုတွက်တိုင်းသာဆိုရင်တော့ နိုင်ငံတိုင်းမှာ
      စစ်တပ်ဆိုထားခိုင်းမနေနဲ့တော့.....!!!!!
      47 minutes ago · · 2
    • ခွန် ဒီးယမ် ဒူးဝါး၊ ဘာလို့ ဒီကောင်တွေနဲ့ လေသွားရှည်နေတာလဲ? delete ပြစ်လိုက် ပြီးနေတာကို။
    • Rango Black KONG LA KYI LAR
    • Kachin Duwa မြန်မာနိုင်ငံရဲ့ စစ်အသုံးစရိတ် ဘက်ဂျက် ဘယ်က ရသလဲ ဆိုတာ အရင်ပြောပါအုံး... ကိုရုပ်ဆိုး... ရှိပြီးသား မဟုတ်ဘူး.. မရှိတဲ့အထဲက တနိုင်ငံလုံး အသုံးစရိတ်ရဲ့ ၂၀ % ကျော်ယူထားတယ် ဆိုတာရော သိသေးလား... KIA က ပြည်သူတွေရဲ့ ဘဏ္ဍာမသုံးဘူး.. ဖါးကန့်မှာ ကျောက်စိမ်းတူးနေတဲ့ ခင်များတို့ ဘဘ တွေကအစ ထည့်ကူကြပါတယ်... မြန်မာနိုင်ငံရဲ့ နိုင်ငံခြား ၀င်ငွေအများဆုံး ရှာပေးတာလဲ ကျနော်တို့ ကချင်က ကျောက်စိမ်း ဆိုတာ မမေ့ပါနဲ့.. ကချင်လူမျိုးတွေကို ကျေးဇူးမသိတဲ့ အပြင် ဒုက္ခပေးတာတော့ တရားနည်းလမ်းမကျဘူး.... KIA က အောက်မြန်မာပြည် ဘယ်ကမှ မသုံးဘူး.. ကိုယ့်နယ်မှာ ထွက်တဲ့ ငွေသုံးတယ်... အစိုးရစစ်တပ်သုံးနေတာက ကချင်ကလဲပါတယ်... ရခိုင်ကလဲ ပါတယ်... ပြီးတော့ အဲဒီ နယ်ခံတွေကို စော်ကားတယ်...
      42 minutes ago · · 1
    • Peter Htoo Dee ဘာမှ မလုပ်တာနဲ့စာရင် သမ္မတကြီးရဲ့ ယုခု လုပ်ဆောင်မူတွေကို ထောက်ခံပါတယ်. မိသားစုတခုကိုဘဲ အရင်ပြောင်းကြည့်ပါ. နိုင်ငံတခုကိုပြောင်းတယ်ဆိုတာ ဒါထဲ့ပိုလေးနက်ပါတယ်
      26 minutes ago · · 1

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...