ရုရှားကလပ် ဇင်းနစ် စိန့် ပီတာဇဘတ်မှ မန်ယူ တောင်ပံကစားသမား နာနီအား ခေါ်ယူရန် ကမ်းလှမ်း
ရုရှားပရီးမီးယားလိဂ်တွင်
ထွက်ပေါ်လာသော သတင်းများအရ ဇင်းနစ်စိန်ပီတာဇဘတ် အသင်းသည် မန်ယူ
တောင်ပံကစားသမား လူးဝစ်စ် နာနီ အားခေါ်ယူရန် မန်ယူအသင်းသို့ ကမ်းလှမ်းမှု
တစ်ခု ပြုလုပ်လိုက်ကြောင်းသိရသည်။ ယခုနှစ် နွေရာသီ အစောပိုင်းတွင်
ဇင်းနစ်အသင်း မန်နေဂျာ လူစီရာနို စပါလတ်တီမှ နာနီအား ခေါ်ယူရန် စိတ်ဝင်စား
ကြောင်း ၀န်ခံထားခဲ့ ဖူးကြောင်းလည်း သိရသည်။ ရုရှားတို့၏
အပြောင်းအရွှေ့ရာသီသည် စက်တင်ဘာ ၁၀ ရက်တွင် ပိတ်မည်ဖြစ်ရာ ထိုမတိုင်ခင်
ပေါ်တူဂီလက်ရွေးစင် နာနီအား ခေါ်ယူနိုင်ရန် ကြိုးစားဖွယ် ရှိကြောင်းသိရသည်။
ကာဂါဝါနှင့် ဗန်ပါစီတို့ ရောက်ရှိလာသည့်နောက် နာနီ၏ ပွဲထွက်ခွင့်အား
တစ်မျိုးတစ်ဖုံ ထိခိုက်နိုင်ဖွယ် ရှိနေသည်ဟု
ခန့်မှန်းပြောဆိုမှုများလည်းရှိနေသည်။ နာနီသည် မန်ယူအသင်းတွင် စုစုပေါင် ၁၉၅
ပွဲ ကစားထားပြီး ၃၆ ဂိုးသွင်းယူထားသည်။ သူသည် ၂၀၀၇ ခုနှစ်တွင်
စပိုးတင်းလစ်ဘွန်းအသင်းမှ ပြောင်းရွှေ့လာခဲ့ခြင်းဖြစ်သည်။
|
|
|
Copy By : PunkGhost

Post a Comment
Blogger Facebook DisqusComment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။