Pokemon Go ဂိမ်းကစားနေစဉ် (ဓာတ်ပုံ - နစ်ကီ) |
နိုင်ငံတကာ ဂိမ်းကစားသူ များကြားတွင် ရေပန်းစားနေပြီး အမေရိကန်သမိုင်း၌ အကြီးမား ဆုံးဂိမ်းတစ်ခုအဖြစ် စံချိန်တင် ထားသည်အထိ အောင်မြင်နေ သော Pokemon Go ဂိမ်းကို မြန် မာနိုင်ငံအပါအဝင် အာရှ-ပစိ ဖိတ်ဒေသအတွင်း ၁၅ နိုင်ငံ၌ သြဂုတ် ၆ ရက်မှစ၍ ကစားခွင့်ပြု ခြင်းဖြစ်သည်။
မြန်မာနိုင်ငံရှိ ဂိမ်းကစားသူ အများစုကလည်း GPS စနစ်ဖြင့် ချိတ်ဆက်ကာ လမ်းများနှင့်ပန်းခြံ များတွင် Pokemon Go အကောင်လေးများကို လိုက်လံရှာဖွေဆော့ ကစားမှုများပြုလုပ်လာပြီး ဖမ်းမိ ထားသည့် အကောင်လေးများကို ဖေ့စ်ဘွတ်ခ်ပေါ်သို့ တင်လာကြ သည်။
‘‘တုတ်ထိုးစားဖို့သွားရင်း လမ်းပေါ်မှာ မြွေလေးတစ်ကောင် တွေ့လို့ဖမ်းလာခဲ့တယ်’’ဟု မုံရွာ မြို့မှ Pokemon Go ဂိမ်းကစား သူတစ်ဦးက ၎င်းဖမ်းမိထားသည့် အကောင်လေးကို ဖေ့စ်ဘွတ်ခ် ပေါ်တင်ကာ ရေးသားခဲ့သည်။
ထို့ပြင် Pokemon Go My-
anmar အမည်ဖြင့် ဖေ့စ်ဘွတ်ခ် Group တစ်ခုကိုလည်း တည်ထောင်ခဲ့ပြီး တစ်ရက်အတွင်း ပြည်တွင်းမှ စတင်ကစားသူပေါင်း ၁၀၀ ကျော်က အဆိုပါ Group အတွင်းသို့ ဝင်ရောက်လာကာ၎င်းတို့ဆော့ကစားထားသည်များကို မျှဝေခဲ့သည်။
အဆိုပါဂိမ်းကို ရန်ကုန်၊ မန္တ လေး၊ တောင်ကြီး၊ မုံရွာ အစရှိ သည့် မြို့ကြီးများတွင် စတင်ဆော့ကစားနိုင်ပြီး ဆက်သွယ်မှု ခက်ခဲသည့် နေရာများ၌ ကစား၍ မရနိုင်သေးကြောင်း Pokemon Go ဂိမ်းကစားသူအချို့က ပြောသည်။
Ref ; 7daydaily
Post a Comment
Blogger Facebook DisqusComment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။