Ads (728x90)


ခုံးကျော်တံတားပေါ်မှ ခုန်ချသွားသည့် အမျိုးသမီး ထားခဲ့သောပစ္စည်းများ (ဓာတ်ပုံ − Thandar Theint FB)

တာမွေမြို့နယ် ပုသိမ် ညွန့်ရပ်ကွက်အတွင်းရှိ လဂွန်း အိမ် ရထားလမ်းခုံးကျော်တံတား ပေါ်မှ အသက်(၂၄)နှစ်အရွယ် အမျိုးသမီးတစ်ဦး ခုန်ချသေဆုံးခဲ့မှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိ သည်။
လှိုင်မြို့နယ် အမှတ်(၁၃) ရပ်ကွက် အုတ်ကျင်းဘူတာရုံ လမ်းတွင် နေထိုင်သည့် အသက် (၂၄)နှစ်အရွယ် အမျိုးသမီးသည် သြဂုတ် ၆ ရက် ည ၇ နာရီခွဲခန့်က တာမွေမြို့နယ်အတွင်းရှိ လဂွန်းအိမ်ခုံးတံတားပေါ်မှ ခုန်ချခဲ့ ကြောင်း တာမွေမြို့မရဲစခန်းက ရဲအရာရှိတစ်ဦးကဆိုသည်။

‘‘အဲဒီကောင်မလေးရဲ့ မိ သားစုဝင်တွေကို မေးကြည့်တော့ သူက မိသားစုနဲ့ပတ်သက်ပြီး ဘာပြဿနာမှမရှိပါဘူးတဲ့။ တခြား လူမှုရေးကိစ္စတွေလည်း မရှိပါဘူးလို့ မိသားစုဘက်က ပြော တယ်။ ဘာလို့ ဒီလိုခုန်ချလဲဆို တာတော့ ကျွန်တော်တို့ စစ်ဆေးနေတုန်းပါပဲ’’ဟု ၎င်းကဆိုသည်။
သေဆုံးသူအမျိုးသမီးသည် အမြင့်ပေ ၃၀ ရှိ ခုံးတံတားပေါ်မှ ရန်ကုန်ဘူတာကြီးမှ မင်္ဂလာဒုံ ဘက်သို့ မောင်းနှင်လာသည့် မီးရထားစက်ခေါင်းပေါ်သို့ ခုန်ချခဲ့ခြင်းဖြစ်ပြီး မီးရထားစက်ခေါင်းပေါ်မှ ရထားသံလမ်းဘေးသို့ ထပ်မံပြုတ်ကျခဲ့ကြောင်း တာမွေမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးကဆိုသည်။
သေဆုံးသူ အမျိုးသမီးမှာ ၎င်း၏ထီး၊ အိတ်ပန်းရောင်နှင့် ဖိနပ်တို့ကို ခုံးတံတားပေါ်တွင် ထားခဲ့ကာ ရထားလာသည့်အချိန်နှင့်ကိုက်၍ ခုန်ချသေဆုံးခြင်းဖြစ်နိုင်ကြောင်း အခင်းဖြစ်ပွားချိန်တွင် ရောက်ရှိနေသည့် မျက်မြင်တွေ့ရှိသူတစ်ဦးကဆိုသည်။
ခုံးတံတားပေါ်မှ ခုန်ချသည့် အမျိုးသမီးမှာ ပဲခူးဇာတိဖြစ်ပြီး လှိုင်မြို့နယ် အုတ်ကျင်းဘူတာရုံ လမ်းတွင် ဦးလေးတော်စပ်သူနှင့် အတူ နေထိုင်နေခြင်းဖြစ်ကြောင်း တာမွေမြို့မရဲစခန်းက သိရသည်။
ရထားလမ်းကျော်ခုံးတံတားပေါ်မှ ခုန်ချခဲ့သည့် အသက် (၂၄) နှစ်အရွယ် အမျိုးသမီး၏ ဝဲဘက် မျက်လုံး၊ နောက်စေ့၊ ယာလက်၊ ဝဲနဖူး၊ ဝဲနားရွက်၊ နှာခေါင်းနှင့် ပါးစပ်တို့တွင် ဖူးရောင်၊ ပေါက် ပြဲ၊ သွေးထွက်ဒဏ်ရာများရရှိကာ အခင်းဖြစ်ပွားသည့် နေရာ၌ပင် သေဆုံးခဲ့ကြောင်း တာမွေမြို့မ ရဲစခန်းမှ သိရသည်။
အဆိုပါအမျိုးသမီး၏ အ လောင်းကို ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်စစ်ဆေးထားပြီး တာမွေမြို့မရဲစခန်းက သေမှုသေခင်း အ မှတ်စဉ် ၁၇/၂၀၁၆ ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း တာမွေ မြို့မရဲစခန်းမှ သိရသည်။

Ref ;  7daydaily

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...