Ads (728x90)


လာလီဂါချန်ပီယံ ဘာစီ လိုနာအသင်းက လီဗာပူးကို ဂိုး ပြတ်ရှုံးနိမ့်ပြီးနောက် အမေရိ ကန်နှင့် ဥရောပ၏ နိုင်ငံတကာ ချန်ပီယံကလပ်များဖလား (ICC) ကို ပြင်သစ်လီဂူးဝမ်းချန်ပီယံ ပီ အက်စ်ဂျီအသင်းက ရရှိခဲ့သည်။

နည်းပြ အမ်မရီ၏ ပီအက်စ် ဂျီအသင်းသည် အင်တာ၊ ရီးရဲလ် နှင့် လက်စတာအသင်းသုံးသင်း စလုံးကို အနိုင်ရပြီး သွင်းဂိုးစုစု ပေါင်း ၁၀ ဂိုးရှိကာ နှစ်ဂိုးတည်း သာ ခွင့်ပြုခဲ့ရသည်။
ဘာစီလိုနာအနေဖြင့် ပီ အက်စ်ဂျီအသင်းကို ဖြတ်ကျော် ရန် လီဗာပူးကို လေးဂိုးပြတ်အ နိုင်ရရန် လိုအပ်သော်လည်း လေး ဂိုးပြတ်ရှုံးနိမ့်ခဲ့သောကြောင့် လီ ဗာပူးက ဒုတိယနေရာရခဲ့သည်။
ပြီးခဲ့သည့် ရာသီကလည်း ယခုအကျော့တွင် အနိုင်ရခဲ့သည့် ပီအက်စ်ဂျီအသင်းသည် စနေနေ့ က ပြင်သစ်စူပါဖလားတွင် လိုင် ယွန်အသင်းနှင့် ယှဉ်ပြိုင်ရန် ပြင် သစ်နိုင်ငံသို့ ပြန်လာပြီဖြစ်သည်။
လီဗာပူးနှင့် ဘာကာပွဲတွင် လီဗာပူးအသင်းသားများက မက် ဆီနှင့် ဆွာရက်ဇ်တို့ကို ထိန်းချုပ် ကာ ပွဲကို ကြီးစိုးထားခဲ့ပြီး လီဗာ ပူးတိုက်စစ်မှူး ဆာဒီယိုမိန်းက ၎င်း၏ ပထမဆုံးဂိုးကို ပွဲချိန် ၁၅ မိနစ်တွင် သွင်းယူခဲ့သည်။
လီဗာပူးအသင်းတွင် တင်ပါး ဒဏ်ရာရထားသော တိုက်စစ်မှူး စတာရစ်ခ်ျ ပွဲစကတည်းက မပါ ၀င်နိုင်ခဲ့ဘဲ ဂျိမ်းစ်မီလ်နာသည် ပထမပိုင်း မပြီးမီ ခြေဖနောင့်ဒဏ် ရာ ရရှိခဲ့သည်။
လီဗာပူးသည် ပရီးမီးယား လိဂ်တွင် နံပါတ် (၈) နေရာသာ ရရှိခဲ့ခြင်းကြောင့် ယခုရာသီ၌ ဥရောပတွင် ပါဝင်ယှဉ်ပြိုင်ခွင့် ရမည်မဟုတ်ပေ။
—Ref: AP

မူရင်းတင်ထားသည့်နေရာ =>

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...