Ads (728x90)


ဘရာဇီးနိုင်ငံတွင် ကျင်းပနေသော ၂၀၁၆ အိုလံပစ် ပြိုင်ပွဲ အမျိုးသား ၁၀ မီတာ ပြောင်းတိုသေနတ်ပစ်ပြိုင်ပွဲ၌ ရွန် ဗင်းဟောင်က ဗီယက်နမ်အိုလံ ပစ်သမိုင်းတွင် ပထမဆုံးရွှေတံ ဆိပ်ဆုကို ရယူနိုင်ခဲ့ပြီး အမျိုးသ မီး ၄၈ ကီလိုတန်း အလေးမပြိုင် ပွဲ၌ ဆိုပီတာတာနာဆန်က အိုလံ ပစ်ပြိုင်ပွဲ စတုတ္ထမြောက် ထိုင်း အမျိုးသမီးအဖြစ် ရွှေတံဆိပ်ဆု ရယူနိုင်ခဲ့သည်။

ဘရာဇီးအသင်းအတွက် ပထမဆုံးအိုလံပစ်ပြိုင်ပွဲ ၀င်ပြိုင် သူ ဖီးလစ်ဝူက ၁၉၂၀ နောက်ပိုင်း ဘရာဇီးအတွက် ပထမဆုံး သေ နတ်ပစ်ပြိုင်ပွဲ ဆုတံဆိပ်အဖြစ် ငွေတံဆိပ် ရရှိခဲ့သည်။
ယခုသေနတ်ပစ်ပြိုင်ပွဲတွင် လူကြိုက်များသော ၀ူနှင့်ဟောင် (၄၁) နှစ်တို့သည် ထိပ်ဆုံး၌ ရပ် တည်နေခဲ့ကြပြီး ဟောင်က အ ချက် ၂၀ ပစ်ခတ်မှုအတွင်း ရမှတ် ၂၀၂ ဒသမ ၅ မှတ်၊ အမှတ် သုည ဒသမ ၄ ရာခိုင်နှုန်းအသာဖြင့် အ နိုင်ရခဲ့သည်။
တရုတ်နိုင်ငံမှ ပန်ဝေက ကြေးတံဆိပ်ဆုရရှိခဲ့သည်။

အမျိုးသမီးအလေးမပြိုင်ပွဲ တွင် ထိုင်းနိုင်ငံအတွက် ရီယိုအို လံပစ်ပြိုင်ပွဲ၏ ပထမဆုံးရွှေတံ ဆိပ်ကို မစ္စစ်တာနာဆန်က ရယူ နိုင်ခဲ့ပြီး ငွေတံဆိပ်ဆုကို အင်ဒို နီးရှားမှ ဆီရီဝါယူနီအဂူစတီဟာ နီကလည်းကောင်း၊ ဂျပန်နိုင်ငံမှ အိုလံပစ်ပြိုင်ပွဲ စတုတ္ထအကြိမ် ၀င်ပြိုင်သူ ဟီရိုမီမီယာကီက လည်းကောင်း ကြေးတံဆိပ်ဆုအ သီးသီး ရရှိခဲ့သည်။
အလေးမပြိုင်ပွဲအတွက် ဗိုလ်စွဲရန် ရေပန်းစားနေသူ တရုတ် နိုင်ငံမှ ဟွာကျီးဟွေသည် ဒူးဒဏ် ရာကြောင့်  ပြိုင်ပွဲမှ ထွက်ခဲ့ရခြင်း သည် ထိုင်းမှ တာနာဆန် (၂၁) နှစ်အတွက် အလွယ်တကူ ရွှေတံ ဆိပ်ရရန် အထောက်အကူဖြစ်စေ ခဲ့သည်။
—Ref: Reuters

မူရင်းတင်ထားသည့်နေရာ =>

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...