Ads (728x90)



 တောင်ဒဂုံမြို့နယ် ၂၃ ရပ်ကွက်အတွင်း နေထိုင်သည့် အမျိုးသမီးတစ်ဦးအား ပြန်လည်ပေါင်းသင်းရန်ပြောရာ လက်မခံသဖြင့် ခင်ပွန်းဟောင်းက ဓားမဖြင့်ခုတ်ကာ ထွက်ပြေးသွားခဲ့ခြင်းကြောင့် သြဂုတ် ၆ ရက်တွင် အမှုဖွင့်အရေးယူခဲ့ကြောင်း သ တင်းရရှိသည်။

ဇူလိုင် ၁၉ ရက်တွင် အထည်ချုပ်အလုပ်လုပ်ကိုင်သည့် အသက် (၃၀)အရွယ် မမြင့်မြင့်ရွှေ၏ နေအိမ်သို့ လွန်ခဲ့သောကိုးလခန့်က ကွာရှင်းခဲ့သည့် ခင်ပွန်းဟောင်း ဇော်သိန်းဆိုသူ ရောက်ရှိလာရာမှ ယင်းကဲ့သို့ ဓားခုတ်မှုစတင်ဖြစ်ပွားခဲ့ကြောင်း ဒဂုံမြို့သစ်တောင်ပိုင်းမြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ဆိုသည်။
‘‘ဖြစ်တာကတော့ ပြီးခဲ့တဲ့ လကဖြစ်တာ။ ဆေးရုံရောက်နေတော့ သူ (အမျိုးသမီး)ဆေးရုံကမလာနိုင်လို့ အခု ဆေးရုံဆင်းတော့မှ အမှုလာဖွင့်တာ။ တရားခံ ကလည်း ထောင်ထဲမှာ တခြား  အမှုတစ်မှုနဲ့ ရောက်နေတယ်။ ကျွန်တော်တို့က ထောင်က သွား ထုတ်ပြီး စစ်ရမှာ’’ဟု ၎င်းက ဆို သည်။
ခင်ပွန်းဟောင်းဖြစ်သူ အ သက် (၂၆) နှစ်အရွယ် ဇော်သိန်းသည် နေအိမ်ရှေ့သို့ ရောက်ရှိလာပြီး မမြင့်မြင့်ရွှေအား ပြန်လည်ပေါင်းသင်းရန် အော်ပြောသည်ကို မမြင့်မြင့်ရွှေက နေအိမ်အောက်သို့ဆင်းကာ ပြန်လည်ပေါင်းသင်းလိုစိတ် မရှိကြောင်း ပြောဆိုခဲ့ကြောင်း ၎င်းကရှင်းပြ သည်။
ထိုသို့ပြောဆိုခဲ့သည်ကို မ ကျေနပ်သဖြင့် ဇော်သိန်းက နေအိမ်ပေါ်သို့ ပြေးတက်ကာ အိမ် အနောက်ဘက်ရှိ မီးဖိုချောင်သုံး ဓားမကို ယူဆောင်၍ အိမ်ရှေ့ လမ်းမပေါ်တွင်ရှိနေသည့် မမြင့် မြင့်ရွှေအား ဓားမဖြင့်ခုတ်ကာ ထွက်ပြေးသွားခဲ့ကြောင်း တောင်ဒဂုံမြို့မရဲစခန်းမှ သိရသည်။
ဓားမဖြင့် အခုတ်ခံရသဖြင့် မမြင့်မြင့်ရွှေ၏ ဦးခေါင်းဝဲဘက်၊ ၀ဲလက်မောင်း၊ ၀ဲလက်ဖျံနှင့် ယာလက်ဖမိုးတို့တွင် ပြတ်ရှဓားဒဏ်ရာများ ရရှိခဲ့သဖြင့် သင်္ဃန်းကျွန်း စံပြဆေးရုံကြီးသို့ တင်ပို့ကုသခဲ့ရကြောင်း ရဲစခန်း၌ အမှုဖွင့် တိုင်ကြားချက်အရ သိရ သည်။
ဇနီးဟောင်းကို ပြန်လည် ပေါင်းသင်းရန် ပြောဆိုရာမှ ဓားမ ဖြင့်ခုတ်ခဲ့သည့် ဇော်သိန်းကို ဒဂုံမြို့သစ်တောင်ပိုင်း မြို့မရဲစခန်း က အပြင်းအထန်နာကျင်စေမှု ပုဒ်မ ၃၂၆ ဖြင့် အမှုဖွင့်စစ်ဆေး လျက်ရှိကြောင်း သိရသည်။
 
 
 Ref ; 7daydaily
 

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...