![]() |
ဇူလိုင် ၅ ရက်က နေပြည်တော်တွင် ပြုလုပ်ခဲ့သည့် ၂၁ ရာစုပင်လုံညီလာခံကျင်းပရေး အကြိုညှိနှိုင်းဆွေးနွေးပွဲသို့ တက်ရောက်လာသူများ (ဓာတ်ပုံ - Myanmar State Counsellor Office) |
နိုင်ငံရေး ဆွေးနွေးမှု မူ ဘောင်ပြန်လည်သုံးသပ်ခြင်းအ စည်းအဝေးကို လာမည့်အပတ် အတွင်း ပြုလုပ်မည်ဖြစ်ပြီး အဆို ပါအစည်းအဝေးအပြီးတွင် နိုင်ငံ တော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဥက္ကဋ္ဌအ ဖြစ် ဆောင်ရွက်သည့် UPDJC အစည်းအဝေးကို နေပြည်တော် ၌ ပြုလုပ်မည်ဖြစ်ကြောင်း ပင်လုံ အကြိုပြင်ဆင်ရေးကော်မတီ ပြောခွင့်ရပုဂ္ဂိုလ်က ဆိုသည်။
‘‘UPDJC မှာတော့ ခုန Framework တွေ၊ ညှိနှိုင်းထားတဲ့ ကိစ္စရပ်တွေ ဆွေးနွေးရမယ်။ နောက်ပြီးတော့ ညီလာခံကျင်းပ မယ့်ရက်ကို ညှိနှိုင်းအတည်ပြု တာတွေ လုပ်ရမယ်’’ဟု ပင်လုံ အကြိုပြင်ဆင်ရေးကော်မတီ အ တွင်းရေးမှူး ဦးလှမောင်ရွှေက ပြောသည်။
ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံကို ဩဂုတ်မကုန်မီ ကျင်းပရန် အစိုးရက စီစဉ်နေသည်။ သို့သော် NCAတွင် ပါဝင်ခြင်းမရှိသည့် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့ခေါင်း ဆောင်များကမူ ပင်လုံညီလာခံ တက်ရောက်ရန် ဆုံးဖြတ်ရခြင်း မရှိသေးကြောင်း ပြောကြားထား သည်။
မိုင်ဂျာယန်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ မျက်နှာ စုံညီ အစည်းအဝေးတွင်လည်း NCA လက်မှတ်မထိုးထားသော အဖွဲ့များ ပင်လုံညီလာခံတက် ရောက်ရန် ဆုံးဖြတ်ချက်မထွက် ပေါ်ခဲ့ဘဲ အစိုးရနှင့် ဆက်လက်ညှိနှိုင်းရန် လိုအပ်နေသေးကြောင်း တိုင်းရင်းသား လက်နက်ကိုင် ကိုယ်စားလှယ်များက ပြောကြား ခဲ့သည်။
UPDJC အစည်းအဝေး မတိုင်မီ ပြုလုပ်မည့် နိုင်ငံရေး မူ ဘောင်သုံးသပ်ပွဲကို NCA တွင် မပါဝင်သည့်အဖွဲ့များအား ဖိတ် ကြားထားကြောင်း သတင်းရရှိ သည်။
မူရင်းတင်ထားသည့်နေရာ =>
Post a Comment
Blogger Facebook DisqusComment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။