Ads (728x90)


ကမ္ဘာ့အဆင့်တစ် ဆားဘီးယားတင်းနစ်အကျော်အမော် ဂျိုကိုဗစ်သည် ရီယိုအိုလံပစ်ပြိုင်ပွဲတွင် ပထမအဆင့်ပြိုင်ပွဲမှပင် ထွက်ခွာခဲ့ရပြီ ဖြစ်သည်။
ဂျိုကိုဗစ်သည် အာဂျင်တီးနားတင်းနစ်သမား ဒယ်ပိုထရိုကို ၇-၆၊ ၇-၆ နှစ်ပွဲပြတ်ဖြင့် ရှုံးခဲ့ရခြင်း ဖြစ်သည်။ ရှုံးနိမ့်ပြီးနောက် ပြိုင်ကွင်းမှပြန်လည်ထွက်ခွာချိန်တွင် ဂျိုကိုဗစ်မှာ ၀မ်းနည်းမျက်ရည်များဖြင့် ပရိသတ်ကို နှုတ်ဆက်သွားခဲ့သည်။
၂၀၀၉ ခုနှစ်က ယူအက်စ်အိုးပင်း ဂရင်းစလင်းချန်ပီယံဆုကို ရရှိခဲ့ဖူးသည့် ဒယ်ပိုထရိုသည် လက်ကောက်ဝတ်ဒဏ်ရာကြောင့် ကမ္ဘာ့အဆင့် ၁၄၁ လောက်အထိ ကျဆင်းသွားခဲ့ရသူဖြစ်သည်။ သို့သော် ယခုပွဲစဉ်တွင် ဒယ်ပိုထရိုမှာ လက်စွမ်းပြကစားနိုင်ခဲ့ပြီး အချိန် ၂ နာရီခွဲအတွင်း ဂျိုကိုဗစ်ကို အနိုင်ယူခဲ့သည်။ ဒယ်ပိုထရိုသည် ၂၀၁၂ လန်ဒန်အိုလံပစ် တတိယနေရာလုပွဲတုန်းကလည်း ဂျိုကိုဗစ်ကို အနိုင်ယူခဲ့ဖူးသူဖြစ်သည်။
ဆားဘီးယားနိုင်ငံအတွက်တော့ သေချာပေါက် ရွှေတံဆိပ်ဆုတစ်ခု လက်လွှတ်လိုက်ရခြင်း ဖြစ်သည်။ လက်ရှိ ကမ္ဘာ့အဆင့်တစ် တင်းနစ်သမားဂျိုကိုဗစ်သည် ပြီးခဲ့သည့် ဇွန်လက နောက်ဆုံးဂရင်းစလင်းချန်ပီယံဆုအဖြစ် ပြင်သစ်အိုးပင်း ဂရင်းစလင်းချန်ပီယံဆုကို ရရှိထားသူဖြစ်သည်။ ဂရင်းစလင်းချန်ပီယံဆုလေးဆုစလုံးကို ဆက်တိုက်ရရှိခဲ့သည့် ဂျိုကိုဗစ်သည် ၀င်ဘယ်ဒန်ပြိုင်ပွဲတတိယအဆင့်တွင် ဆန်ကွာရေးကို ရှုံးကာ ဂရင်းစလင်းချန်ပီယံဆုရရှိမှု ရပ်တန့်ခဲ့ရခြင်းဖြစ်သည်။
သို့သော် ဂျိုကိုဗစ်သည် ပြီးခဲ့သည့်အပတ်က တိုရွန်တိုတွင် အကြိမ်သုံးဆယ်မြောက် ချန်ပီယံဆုကို ပြန်လည်ရရှိခဲ့သည်။ ထို့ကြောင့် ရီယိုအိုလံပစ်တွင် ရွှေတံဆိပ်ဆုရရှိမည်ဟု ထိပ်ဆုံးမှ ရေပန်းစားခဲ့သော်လည်း မထင်မှတ်ပဲ ပထမအဆင့်မှ ထွက်ခဲ့ရခြင်းဖြစ်သည်။
ရည်ညွှန်း ဒေးလီးမေးလ်


မူရင်းတင်ထားသည့်နေရာ =>

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...