Ads (728x90)



ရန်ကုန်တိုင်းဒေသကြီး တွင် လေးလအတွင်း ယာဉ်တိုက် မှု ၉၀၀ ကျော်ဖြစ်ပွားပြီး သေဆုံး သူ ၂၀၀ ကျော်ရှိခဲ့ကြောင်း အ မှတ်(၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးမှ သတင်းရရှိသည်။
၂၀၁၆ ဇန်နဝါရီမှ ဧပြီအထိ ယာဉ်တိုက်မှု ၉၀၀ ကျော် ဖြစ်ပွား ရာ နေ့အချိန်တွင် ဖြစ်ပွားသော ယာဉ်တိုက်မှု ၅၀၃ မှုနှင့် ညပိုင်း၌ ဖြစ်ပွားသော ယာဉ်တိုက်မှု ၄၅၀ မှုရှိပြီး သေဆုံးသူ ၂၂၃ ဦးနှင့် ဒဏ်ရာရရှိသူ ၁,၂၉၃ ဦးရှိကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ဇူလိုင်လတွင် ယာဉ်တိုက်မှု ၂၁၈ မှုဖြစ်ပွားရာ နေ့အချိန် ယာဉ်တိုက်မှု ၁၁၇ မှုရှိပြီး ညအချိန် ယာဉ်တိုက်မှု ၁၀၁ မှု ဖြစ်ပွားကာ မဆင်မခြင် မောင်းနှင်မှုများ ကြောင့် ယာဉ်မတော်တဆမှု များပြားကြောင်း အမှတ်(၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးမှ ဒုရဲမှူး ကြီး အောင်ကိုဦးကပြောသည်။
‘‘ယာဉ်တိုက်မှု အများဆုံး ဖြစ်ပွားတာက ယာဉ်မောင်းရဲ့ မဆင်မခြင် မောင်းနှင်မှုကြောင့် ဖြစ်ပွားတာများတယ်။ ယာဉ်တိုက်မှုက အချိန်နဲ့အမျှဖြစ်ပွားဖို့ တာ စူနေတယ်။ နောက်ပြီး ယာဉ်တိုက်မှုတွေမှာ လိုင်စင်မရှိဘဲ မောင်း တာတွေလည်း တွေ့ရတယ်။ တိုက်ပြီးထွက်ပြေးတာနဲ့ လူသေ ဆုံးမှုများတဲ့ ယာဉ်တိုက်မှုတွေက တော့ ရင်နင့်စရာအကောင်းဆုံး အမှုတွေဖြစ်တယ်’’ဟု ၎င်းကပြောသည်။
 မြန်မာနိုင်ငံတွင် ယာဉ်မ တော်တဆမှုကြောင့် သေဆုံးဒဏ်ရာရမှု နှစ်စဉ်တိုးနေပြီး တစ်ရက်လျှင် ပျမ်းမျှ လူ ၁၂ ဦးခန့် သေဆုံးနေသည်။ ၂၀၁၁ က တစ်နိုင်ငံလုံးအတိုင်းအတာအရ ယာဉ်မတော်တဆမှု ၉,၇၆၂ မှု ဖြစ်ပွား ခဲ့ရာ ၂၀၁၅ ၌ ၁၅,၄၀၆ မှုအထိ ဖြစ်ပွားပြီး ငါးနှစ်တာအတွင်း ၆၂၅ မှု မြင့်တက်လာခဲ့ကာ သေ ဆုံးဒဏ်ရာရမှုများလည်း မြင့် တက်နေကြောင်း အမှတ်(၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးက သ တင်းထုတ်ပြန်ထားသည်။
ယာဉ်မတော်တဆမှု အဓိက ဖြစ်ပွားသည့် နေရာများသည် မင်္ဂလာဒုံ အမှတ်(၃)လမ်းမကြီး၊ အင်းစိန်-တညင်းကုန်းလမ်း၊ လှိုင်သာယာ-ရန်ကုန်-ပုသိမ်လမ်း၊ မရမ်းကုန်းမြို့နယ်-ပြည်လမ်း၊ သာကေတမြို့နယ် ယမုံနာလမ်းနှင့် ရှုခင်းသာလမ်းများတွင် ယာဉ်တိုက်မှုအဖြစ်များကြောင်း သ တင်းရရှိသည်။

Ref ; 7daydaily

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...